နောက်ဆုံးရသတင်းများ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးတို့သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်၊ နံနက် ၉ နာရီအချိန်တွင် ပုသိမ်မြို့ပေါ်တွင်ပြေးဆွဲနေသော မီနီအိုးဝေများနှင်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More...
27-Oct-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့၊ ရှုခင်းသာရင်၌ပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ သီတင်းကျွတ်ပျော်ပွဲရွှင်ပွဲအထိမ်းအမှတ် ဈေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေပွဲသို့ တက်ရောက်၍ နိုင်ငံကျော်တေးသံရှင်များ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
Read More...
27-Oct-2026
သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ နေ့ထူး နေ့မြတ်ဖြစ်သည်နှင့်အညီ ဘုရား၊ စေတီပုထိုးများ၌ ဆီမီးများ ထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆွမ်းများ ကပ်လှူပူဇော်ခြင်းနှင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြရာ (သီတင်းကျွတ်လပြည့်နေ့) ယမန်နေ့ညပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေ ဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘုရားဖူးပြည်သူများသည် ဆီမီးကိုးထောင်ကပ်လှူပူဇော်ခဲ့ကြသည်။
Read More...
27-Oct-2026