ကြေညာချက်


အသိပေးကြေညာချက်
၁။ ရောဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းခြေဒေသများဖြစ်သည့် ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီ၊ ဟိုင်းကြီး အပါအဝင် ရောဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် တည်ရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုဥပဒေနှင့်အညီ လျှောက်ထားရယူခြင်းမရှိဘဲ မိမိတို့၏သဘောဖြင့် နယ်နိမိတ်သတ်မှတ်၍ ခြံခတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်းတို့ကို ဆောင်ရွက်ပါက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေအရ ကျူးလွန်ဆောင်ရွက်ခြင်းဖြစ်ပါသည်။


Read More...
06-Oct-2026
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့များတွင် အုပ်စု (၄) အုပ်စု ခွဲ၍ (၂) နာရီ ဓာတ်အားရ (၆) နာရီ ဓာတ်အားပြတ်အစီအစဉ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ပါကြောင်း
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ဝန်အားမလုံလောက်ခြင်းများကြောင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မဂ္ဂါဝပ်ခွဲတမ်းများခွဲ၍ဝန်အားမျှခြင်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါသည်။ ယခုအချိန်တွင် မုတ်သုန်ထွက်ခွာ၍ မိုးရာသီ ကုန်ဆုံးသွားပြီဖြစ်၍ ရေအားလျှပ်စစ်စက်ရုံများ အယ်နီညို အကျိုးသက်ရောက်မှုရှိနိုင်ပါသဖြင့် ဆည်ရေဝင်ရောက်မှုနှင့်အညီ စတင်ထိန်းညှိမောင်းနှင်လျက်ရှိခြင်း၊ LNG စက်ရုံများ ထိန်းညှိမောင်းနှင်လျက်ရှိခြင်း၊ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု မတည်ငြိမ်ခြင်း၊ ရာသီဥတုအပူချိန် ပြောင်းလဲမှုနှင့်အတူ ဖီဒါများ၏ ပုံမှန်လျာထားသုံးစွဲဝန်အား ပမာဏသည် ပမာဏပြောင်းလဲလျက်ရှိခြင်း စသည်တို့ကြောင့် ဓာတ်အားစနစ် Frequency တည်ငြိမ်မှုရှိစေရန် ထိန်းညှိမောင်းနှင်ရခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု(မဂ္ဂါဝပ်) လျော့နည်းသွားမည်ဖြစ်ပါ၍ တိုင်းဒေသကြီး/ပြည်နယ်များတွင် ယခင်ရရှိသည့် မဂ္ဂါဝပ်ခွဲတမ်းအောက် လျော့နည်းရရှိမည် ဖြစ်ပါသည်။


Read More...
04-Oct-2026
မဟာဗန္ဓုလလမ်းမကြီးနှင့် မြကျွန်းသာလမ်းဆုံ မီးပွိုင့်တွင် (Free Lane) သတ်မှတ်ဆောင်ရွက်မည့်အစီအစဉ်
ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းမကြီးနှင့် မြကျွန်းသာလမ်းဆုံ မီးပွိုင့်တွင် ယာဉ်၊ လမ်း အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်သွားလာမှု လွယ်ကူချောမွေ့စေရေးတို့အတွက် မိုးလေဝသ အဝိုင်းဘက်မှ မြို့တွင်းသို့ဝင်မည့်ယာဉ်များ တိုက်ရိုက်မောင်းနှင် နိုင်ရန် လက်ယာဘက်ယာဉ်ကြောအား အရှိန်မပြတ်မောင်းနှင် နိုင်သောယာဉ်ကြော ( Free Lane) သတ်မှတ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကျန်ယာဉ်ကြောများအား သတ်မှတ်မီးအချက်ပြ(မီးပွိုင့်စနစ်ဖြင့် ဆက်လက်ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြည်သူများကြိုတင်သိရှိနိုင်ရန် အသိပေးတင်ပြအပ်ပါသည်။


Read More...
01-Oct-2026
ညောင်တုန်းကျွန်းတာထိန်းသိမ်းပြုပြင်နေမူအခြေနေအသိပေးခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာအနီးရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၊ တာမိုင် (၁၁/၆) နှင့် (၁၁/၇) ကြားတွင် လွန်ခဲ့သော (၂၅-၈-၂၀၂၆) ရက်နေ့က မြစ်ကမ်းပါးရေတိုက်စားမှုကြောင့် ဆည်မြောင်းတာ၏ (၃) ပုံ (၂) ပုံခန့် အိကျပြိုကျမှု ဖြစ်ပေါ်ခဲ့ပါသည်။


Read More...
08-Sep-2026
လေးမျက်နှာမြို့ ရေဝင်ရောက်မှုမှာ သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ၅ ပေ ၈ လက်မအထိ ကျဆင်းလာပြီဖြစ်သည့်အတွက် လေးမျက်နှာမြို့တွင်းသို့ သွားရောက်နိုင်မည့် လမ်းကြောင်းများ၊ ယာဥ်အမျိုးအစားများ အသိပေးထုတ်ပြန်ကြေညာ
လေးမျက်နှာမြို့ ရေဝင်ရောက်မှုမှာ သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ၅ ပေ ၈ လက်မထိ ကျဆင်းလာပြီဖြစ်သည့်အတွက် လေးမျက်နှာမြို့တွင်းသို့ သွားရောက်နိုင်မည့် လမ်းကြောင်းများ၊ ယာဥ်အမျိုးအစားများကို အောက်ပါအတိုင်း အသိပေးထုတ်ပြန်ထားကြောင်း Information Center များမှသိရသည်။


Read More...
24-Aug-2026