သတင်းများ
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနား
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် သည် ၁၁.၁၀.၂၀၂၆ နေ့တွင် မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောခြင်း၊ လုပ်ငန်းသုံးပစ္စည်းများပေးအပ်ခြင်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရင်းနှီးပွင့်လင်းနွေးထွေးစွာတွေ့ဆုံခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More...
11-Oct-2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး ရေကြည်မြို့နယ်သို့ ကွင်းဆင်းကြည့်ရှု
Read More...
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးသယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး သည် သစ်တောဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးစောခိုင်ဦးနှင့် တာဝန်ရှိသူများသည် ရေကြည်မြို့၊ ကိုင်းငူကျေးရွာရှိ ဦးရဲမင်းသိန်း၏ ကြိမ်အလုပ်ရုံသို့ သွားရောက်၍ ရေကြည်မြို့နယ် ကြိမ်နှင့် ဝါး လက်မှုအချောထည် ထုတ်လုပ်သူများအသင်း ဥက္ကဌ နှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံ
Read More...
11-Oct-2026
မမြရေလှောင်တမံ မြေသားတာဘောင်နိမ့်ကျမှုကြောင့် ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ရွှေ့ပြောင်းရသည့်ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မမြရေလှောင်တမံ မြေသားတာဘောင်နိမ့်ကျမှုကြောင့် ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ရွှေ့ပြောင်းရသည့် ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား တက်ရောက်ခဲ့သည်။
Read More...
11-Oct-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ တမံအိလျောမှုအခြေအနေနှင့် ကာကွယ်ထိန်းသိမ်းမှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး
Read More...
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ ကာကွယ်ထိန်းသိမ်းမှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့သည် ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
Read More...
11-Oct-2026
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၊ တမံဆင်ခြေလျှော နိမ့်ကျမှုအား ကာကွယ်ရေးလုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိ
Read More...
မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံသည် ယမန်နေ့ည ၉နာရီအချိန်ခန့်မှ စတင်၍ တမံထိပ်မျက်နှာပြင် ပေတိုင် ၉+၉၀၀ နှင့် ၁၀+၀၀၀ပေ အကြားတွင် အလျား၂၀၀ ပေခန့်၊ အကျယ်၂၅ ပေခန့်၊ အမြင့် ၁၀ပေခန့် တမံဆင်ခြေလျှော လျှောကျမှုဖြစ်ပွားခဲ့ပြီး ယနေ့နံနက် ၄ နာရီအချိန်၌ အဆိုပါဖြစ်စဉ်နေရာတွင် နိမ့်မြင့်မှတ် ၃၃၀ပေမှ မူလတမံထိပ်ပြင်၏ အောက်ဘက်သို့ ၂၅ပေခန့် နိမ့်ကျခဲ့ရာ အဆိုပါ ဖြစ်စဉ် ဖြစ်ပွားရာနေရာသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
10-Oct-2026