သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် မြောင်းမြစက်မှုဇုန်အား ကြည့်ရှု့စစ်ဆေး
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးရာလ်ကျုံး၊ မြောင်းမြခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်တို့သည် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ မြောင်းမြစက်မှုဇုန်သို့ သွားရောက်ကြည့်ရှုခဲ့ကြပါသည်။


Read More...
04-Oct-2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် အထက်ပြွန်ကျေးရွာရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသေးစားဓါတ်အားပေးစနစ်စီမံကိန်း (Mini-Grid) ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် သည် ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးနေထက်ရှိန်၊ ပုသိမ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုး၊ ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦး၊ ငပုတောမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးရယ်လွင်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက အထက်ပြွန်ကျေးရွာ အုပ်စု၊ အထက်ပြွန်ကျေးရွာတွင် Kenta Technology Co.,ltd(၈၀%)နှင့် ကျေးရွာမှ(၂၀%)ထည့်ဝင်ငွေတို့ဖြင့် ဆောင်ရွက်သည့် အသေးစားဓါတ်အားပေးစနစ်စီမံကိန်း(Mini-Grid)စက်ရုံအား သွား ရောက်ကြည့်ရှုရာ မြို့နယ်ဦးစီးမှူး ဦးစိုးရယ်လွင်နှင့် Kenta Technology Co.,ltdမှ ဦးကျော်ဇေယျ (Senior Electrical Engineer)တို့မှ စီမံကိန်းနှင့်ပတ်သက်သည်များအား ရှင်းလင်းတင်ပြခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။


Read More...
04-Oct-2026
ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက် ပုသိမ်တက္ကသိုလ်ဝန်းအတွင်းရှိ စံပယ်ဆောင်နှင့် တေဇဆောင်တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ၃-၁၀-၂၀၂၆ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက် ပုသိမ်တက္ကသိုလ်ဝန်းအတွင်းရှိ စံပယ်ဆောင်နှင့် တေဇဆောင်တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


Read More...
04-Oct-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ သံတွဲခရိုင်နှင့်မြို့နယ်တို့မှ တွဲဖက်ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့်ဆီထောက်ပံ့ပေးအပ်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးသည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ သံတွဲခရိုင်နှင့်မြို့နယ်တို့မှ တွဲဖက်ဝန်ထမ်းများနှင့် အငြိမ်းစား ဝန်ထမ်းများအား ဆန်နှင့်ဆီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ သံတွဲခရိုင်နှင့် မြို့နယ်တို့မှ တွဲဖက်ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆန်၊ ဆီများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး အငြိမ်းစားဝန်ထမ်း တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။


Read More...
03-Oct-2026
တိုင်းဒေသကြီးနှင့်ပြည်နယ် (U-19) အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား ကိုးသိန်းအားကစားကွင်းတွင် ဂုဏ်ပြုကြိုဆို
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ် (U-19) အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အသင်းအား ကိုးသိန်းအားကစားကွင်းတွင် ဂုဏ်ပြုကြိုဆိုခဲ့ပြီး အစည်းအဝေးခန်းမတွင် ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး(U-19) ဘောလုံးအသင်းမှ အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်း မြင့်မားစေရေးအတွက် လိုအပ်သည်များ ပံ့ပိုးပေးသွားမည်ဖြစ်၍ ယခုထက်ပိုမို အောင်မြင်မှုများရရှိရန် ကြိုးပမ်းသွားကြစေလိုကြောင်း၊ ယခုကဲ့သို့ အောင်မြင်မှုများရရှိအောင် ကြိုးစားခဲ့ကြသည့် အသင်းအုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများအား ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း”ပြောကြားခဲ့ပြီး ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့သည်။


Read More...
03-Oct-2026