သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ညောင်တုန်းကျွန်းတာ မြစ်ကမ်းပါးရေတိုက်စားမှုကြောင့် မြေအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့်နေရာ၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေများကို ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြိး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့် တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၏ တစ်ဆက် တည်းတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
07-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ညောင်တုန်းမြို့၊ စက္ကော့ကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ စာသင်​ဆောင်များအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ညောင်တုန်းမြို့၊ စက္ကော့ကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်၍ စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ‌‌တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း


Read More...
07-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကျောင်းကုန်းမြို့၊ အမှတ် (၁)ရပ်ကွက် ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားများပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့သို့ သွားရောက်၍ ကျောင်းကုန်းမြို့၊ အမှတ် (‌၁)ရပ်ကွက် ရတနာပုံရိပ်သာ ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ပြီးနောက် ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ လေးမျက်နှာမြို့၊ ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ပိတ်ဆို့နိုင်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ မကြာမီကာလအတွင်း တာပိတ်ဖို့ခြင်း လုပ်ငန်းမှာ ပြီးစီးတော့မည်ဖြစ်ပါကြောင်း၊ ရေပြန်လည်ကျဆင်းပါက ရေဘေးသင့်ပြည်သူများအနေဖြင့် စိုက်ပျိုးသီးနှံများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး၊ ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအားလုံး ပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ကျန်းမာရေးကို ဂရုစိုက်နေထိုင်ကြရန် ဖြစ်ပါကြောင်း” အားပေးစကားပြောကြားသည်။


Read More...
07-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် တိုင်းဒေသကြီးအဆင့် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအဆင့် ကရင်တိုင်းရင်းသားရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ပါသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် က မင်္ဂလာဖားစည် ကိုးချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံတို့ အားအလေးပြုကြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လက်ချည်ပွဲသည် ကရင်တိုင်းရင်းသား တို့၏ ရိုးရာဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုနှင့် လူမှုအသိုက်အဝန်းအတွင်း အပြန်အလှန်ရင်းနှီး ချစ်ခင်မှုတို့ကို ထင်ဟပ်ဖော်ပြပေးသည့် အရေးပါသော ရိုးရာအခမ်းအနားတစ်ရပ်ဖြစ်ပါကြောင်း


Read More...
06-Sep-2026
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်ပြည်သူများက အလှူငွေများလှူဒါန်း
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ပြီး ရေဘေး သင့်ခဲ့ရသည့်ပြည်သူများအား အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များက အလှူငွေများနှင့် စားသောက်ကုန်ပစ္စည်းများကို စေတနာထက်သန်စွာ လာရောက် လှူဒါန်းလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြင်ဦးလွင် နာရေးကူညီမှု အသင်းနှင့် မြို့သူမြို့သားများကလည်းကောင်း၊ ပုသိမ်မြို့ ပြည်ကြီးခင်အဖွဲ့ကလည်းကောင်း အလှူငွေများနှင့်ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။


Read More...
06-Sep-2026