သတင်းများ
အိုင်သပြုလမ်းဆုံတွင် နေအိမ်များ၌ ပြန်လည်နေထိုင်ကြသည့် ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ အိုင်သပြုကျေးရွာအုပ်စု၊ အိုင်သပြုလမ်းဆုံတွင် နေအိမ်များ၌ ပြန်လည်နေထိုင်ကြသည့် ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးခဲ့ပြီး အားပေးစကားများပြောကြားခဲ့သည်။
Read More...
10-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်း ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ အိုင်သပြုကျေးရွာအုပ်စု၊ မယင်း (မြောက်)ကျေးရွာရှိ ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိစေရေးနှင့် ဝမ်းပျက် ဝမ်းလျှောရောဂါမဖြစ်ပွားစေရေးအတွက် ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရေသန့်ဆေး ကလိုရင်းဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး လေးမျက်နှာမြို့နယ်၊ အိုင်သပြုတိုက်နယ် ဆေးရုံသို့သွားရောက်၍ ဆေးရုံပြန်လည်ဖွင့်လှစ်ထားရှိမှုနှင့် ဆေးရုံ တက်ရောက်ကုသမှုခံယူနေသည့်လူနာများကို ကြည့်ရှုအားပေးစကားများပြောကြားခဲ့ပြီး လူနာများကို ကြက်ဥများပေးအပ်ခဲ့ကာ ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
10-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်း ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ ပိန်းအင်းကျေးရွာအုပ်စု ဟံသာအေးကျေးရွာသို့သွားရောက်၍ ရေဝင်ရောက်မှု ပြန်လည်ကျဆင်းလာသဖြင့် နေအိမ်များ၌ ပြန်လည်နေထိုင်ကြသည့် ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးခဲ့ပြီး ပိန်းအင်းကျေးရွာအုပ်စု၊ ရုံးတောကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းပြန်လည်ဖွင့်လှစ်သင်ကြားနေမှုအခြေအနေကိုများကို ကြည့်ရှုအားပေးကာ ဆရာ၊ ဆရာမ များအား ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။
Read More...
10-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်း ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း ရေဘေးဖြစ်ပွားခဲ့သည့်ဒေသများ၌ ပြန်လည် ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
Read More...
10-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတမြို့၊ မင်းရဲကျော်စွာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၆ -၂ဝ၂၇ ဘဏ္ဍာရေးနှစ် အေးမြသာယာရပ်ကွက်၊ မင်းရဲကျော်စွာလမ်း (ဂျီကိုလမ်း) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ အမာခံကျောက်လမ်းခင်းခြင်းလုပ်ငန်း၊ လမ်းအဝင် Box Culvert တိုးချဲ့ဆောက်လုပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအရည်အသွေးပြည့်မီစေရေး၊ လမ်းပုခုံးများစနစ်တကျရှိစေရေး၊ လမ်းဘေးဝဲယာများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။
Read More...
09-Sep-2026