သတင်းများ


ဧရာဝတီတိုင်းဒေသကြီးကျောင်းသားရွေးချယ်ရေးကော်မတီဥက္ကဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးကောလိပ် ဝင်ခွင့်စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေး
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၁၄)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)တို့၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ပထမနှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့ နှင့် AGTI ဒီပလိုမာသင်တန်း ဝင်ခွင့်စာမေးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ကျင်းပရာ တိုင်းဒေသကြီးကျောင်းသား ရွေးချယ်ရေးကော်မတီဥက္ကဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမင်းဦးနှင့်အဖွဲ့ဝင်များ သွားရောက်စစ်ဆေးကာ စာမေးပွဲစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်သွားရန်မှာကြားခဲ့သည်။


Read More...
05-Sep-2026
ငါးသိုင်းချောင်းမြို့၊ ရေဘေးသင့်ပြည်သူများအတွက် ရေသန့်ဖြန့်ဝေဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ငါးသိုင်းချောင်းမြို့၊ စိန္တာမုနိစေတီတော်မြတ်ကြီးဝန်းတွင် ရေဘေးသင့်ပြည်သူများအတွက် SML Business Group ကုမ္ပဏီမှ လှူဒါန်းသည့် ရေသန့်စင်စက်တပ်ဆင်ပြီးစီးမှုနှင့် ပြည်သူများအား ရေသန့်ဖြန့်ဝေဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။


Read More...
04-Sep-2026
ငါးသိုင်းချောင်းမြို့အခြေခံပညာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ရေကျဆင်းလာသဖြင့် ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးခဲ့ပြီး စာသင်ကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေး ပါဝင်ဆောင်ရွက်သည့် မီးသတ်တပ်ဖွဲ့ဝင်များအား စက်သုံးဆီများထောက်ပံ့ပေးအပ်ခဲ့သည်။


Read More...
04-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားများပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ ဇေယျသုခကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီးနောက် ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က အားပေးစကားများပြောကြားကာ ရေဘေးသင့်ပြည်သူ များကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့၊ စိမ်းလဲ့ရေကြည်ခန်းမတွင် ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် ပဲများ စုဆောင်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။


Read More...
04-Sep-2026
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက အလှူငွေများလာရောက်လှူဒါန်း
(၃-၉-၂၀၂၆)ရက်နေ့နံနက်ပိုင်းက ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရိပ်သာတွင် တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဗိုလ်နှင့် ညီအစ်ကိုမိတ်ဆွေများ (GOATs For Charity)၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည် များအသင်း၊ မြိတ်မြို့ OK ရတနာဆန်စက်၊ အောင်နိုင်သစ္စာကုမ္ပဏီလိမိတက်၊ ဆရာတော် ဉူးအာလောက၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းနှင့် Eco Friendly Fuel တို့က အလှူငွေများနှင့် ဆန်အိတ်များကို အသီးသီးလာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။


Read More...
04-Sep-2026