သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား တွေ့ဆုံအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ကွင်းကောက်မြောက်ကျေးရွာအုပ်စု၊ တလုတ်ကုန်းကျေးရွာ ရတနာဓမ္မဗိမာန်သို့ သွားရောက်၍ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အင်္ဂပူမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ လေးမျက်နှာမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြန်အောင်ခရိုင် အုပ်ချုပ်ရေးမှူးတို့က အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးမှူးက ကျန်းမာရေးဆိုင်ရာ အသိ ပညာပေး ဟောပြောခဲ့သည်။
Read More...
09-Sep-2026
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်ရိက္ခာ၊ ဆီနှင့် ပဲများ ထောက်ပံ့ပေးအပ်
Read More...
အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်ရိက္ခာနှင့် ဆီ၊ ပဲများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြောက်ကျေးရွာအုပ်စု၊ မြတ်ဓမ္မရောင်ခြည် သာသနာ့ ဗိမာန်တော်တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်ရိက္ခာနှင့် ဆီ၊ ပဲများထောက်ပံ့ပေးအပ်ခဲ့သည်။
Read More...
09-Sep-2026
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ကျားခေါင်းဓာတ်မီးနှင့် အလှူငွေများလာရောက်လှူဒါန်း
Read More...
(၉-၉-၂၀၂၆) ရက်နေ့ နံနက်ပိုင်းက ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရိပ်သာတွင် တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဟိန္ဒူမိသားစုများကူညီထောက်ပံ့ရေးအဖွဲ့(မြန်မာ)က ကျားခေါင်းဓာတ်မီး အလုံး၁၀၀၀နှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဝင်းမောင် သံအမတ်ကြီး(ငြိမ်း)၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးမင်းဝင်း၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းအေး(ငြိမ်း)နှင့် တာဝန်ရှိသူများက အလှူငွေများကို လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
Read More...
09-Sep-2026
လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် ငဝန်မြစ်တစ်လျှောက် မြစ်ကမ်းပါးများ ကြည့်ရှူ့စစ်ဆေး
Read More...
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် သည် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းနိုင်ဝင်းနှင့် တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးလှမိုးတို့လိုက်ပါ၍ အင်္ဂပူမြို့ မြို့ကွင်း (ရထားတံတား) မှ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အထိ ငဝန်မြစ်ကြောင်းတစ်လျှောက် ငဝန်တာနှင့် မြစ်ကမ်းပါးများ တည်ဆောက်ပြီးကမ်းထိန်းနံရံများအခြေအနေနှင့် ထပ်မံဆောင်ရွက်ရန်လိုအပ်သည့် ကမ်းပါးအခြေအနေများအား မက ၁၄ ရေယာဥ်ဖြင့်လိုက်လံ ကွင်းဆင်းကြည့်ရှူ့စစ်ဆေး ကြည့်ရှူ့စစ်ဆေးခဲ့ကြပါသည်။
Read More...
09-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ် ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်း ထိန်းချုပ်ဆောင်ရွက်နိုင်မှုအား ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ငဝန်တာ၏အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်ခဲ့သဖြင့် တာတမံ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းနှင့် ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေးလုပ်ငန်းများကို ဩဂုတ်လ(၄) ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
08-Sep-2026