သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငဝန်တာနိမ့်ကျမှုနှင့် ရေကျော်စီးဝင်မှုများကြောင့် ရေဝင်နစ်မြုပ်စိုက်ဧကများ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ဆွေးနွေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာနိမ့်ကျမှုနှင့်ရေကျော် စီးဝင်မှုများကြောင့် ကျုံပျော်ခရိုင်အတွင်းရှိ သီးနှံများရေဝင်နစ်မှုများအပေါ် ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယနေ့နံနက်ပိုင်းက ကျုံပျော်ခရိုင် စုပေါင်းရုံး၊ အစည်းအဝေးခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Read More...
04-Sep-2026
CB တွဲခွံကြီး ရေဝင်လမ်းကြောင်းအတွင်း စနစ်တကျ နစ်မြုပ်ပိတ်ဆို့မှု အောင်မြင်စွာဆောင်ရွက်ပြီးစီး
Read More...
ငဝန်တာ ရေဝင်လမ်းကြောင်း ပိတ်ဆို့ရေး လုပ်ငန်းစဉ်များအနက် အဓိကကျသော CB တွဲခွံ နစ်မြုပ်ပိတ်ဆို့ခြင်း လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ရေစီးအရမ်းသန်ပြီး ရေတိုးဝင်နေသော ပိတ်ဆို့ရန်ကျန်ရှိနေသေးသည့် အလျား ပေ ၇၀ နှင့် ရေအနက် ပေ ၄၀ ရှိသည့် ရေဝင်ပေါက် လမ်းကြောင်းကို ထိရောက်စွာ ပိတ်ဆို့နိုင်ရန်အတွက် ဧရာရွှေဝါကုမ္ပဏီမှ လှူဒါန်းထားသည့် (၈၀ ပေ × ၁၈ ပေ × ၉ ပေ) ပမာဏရှိ CB တွဲခွံကြီး ကို မော်လမြိုင်ကျွန်းမြို့နယ်မှ လုပ်ငန်းခွင်သို့ သယ်ယူရွှေ့ပြောင်းခဲ့ပါသည်။
Read More...
03-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ် (၂)ရပ်ကွက်၊ ရွှေငြိမ်းကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေဘေးသင့်ပြည်သူများကို အားပေးစကားများပြောကြားခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Read More...
03-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စု ရေဘေးသင့် ပြည်သူများကို ဆန်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စုသို့ သွားရောက်၍ အောင်ဆုပေးကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်း၍ ရေရှောင်စခန်းအတွက် မီးစက်တစ်လုံး၊ စက်သုံးဆီများနှင့် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် လေးမျက်နှာမြို့၊ ကူညီကယ်ဆယ်ရေး ကွပ်ရေးကဲရုံးသို့ သွားရောက်၍ တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင် များကို ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
Read More...
03-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်း(အရှေ့) ကျေးရွာ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာပစ္စည်းများ ထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ ကွမ်းခြံကုန်း(အရှေ့)ကျေးရွာ သေဋ္ဌိကာရုံကျောင်းတိုက်တွင် ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ပြည်သူများအနေဖြင့် ရေဘေးကြောင့် ရင်ဆိုင်နေရသည့်အခက်အခဲများကို စိတ်ဓာတ်မကျဘဲ အချင်းချင်းရိုင်းပင်းကူညီကာ အခက်အခဲများကို အတူတကွကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ ရေကျဆင်းပြီးနောက် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး၊ ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ပါကြောင်း” ပြောကြားသည်။
Read More...
03-Sep-2026