သတင်းများ


ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငါးသိုင်းချောင်းမြို့၊ ပြည်သူ့ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ငါးသိုင်းချောင်းမြို့၊ ပြည်သူ့ဆေးရုံသို့သွား‌ရောက်၍ ရေပြန်လည်ကျဆင်းသဖြင့် ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအဖွဲ့များ၊ ဒေသခံပြည်သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ သန့်ရှင်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။


Read More...
12-Sep-2026
ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ရေကြည်မြို့နယ် မိုးလုံလေလုံအားကစားရုံရှိ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားပြီး ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ရေကြည်မြို့နယ် မိုးလုံလေလုံအားကစားရုံ သို့သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ပြီး ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် ရေကြည်မြို့၊ ဗထူးရပ်ကွက်၊ ပန်းတိမ်တန်းလမ်း အတွင်း၌ ရေပြန်လည်ကျဆင်း၍ မိမိတို့နေအိမ်များတွင် ပြန်လည်နေထိုင် ကြသော ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများ ဆက်လက်ပေးအပ်ခဲ့ကာ ဒေသခံပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိစေရေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွား စေရေးအတွက် ကျန်းမာရေးဝန်ထမ်းများက ရေတွင်းရေကန်များတွင် ရေသန့်ဆေးကလိုရင်း ခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


Read More...
12-Sep-2026
ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကျုံပျော်ခရိုင်အတွင်း ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ကျုံပျော်မြို့၊ ပင်လုံရပ်ကွက်၊ ဘုရားကြီးလမ်းနှင့် သောင်တန်းလမ်း၌ ရေပြန်လည်ကျဆင်း၍ မိမိတို့၏ နေအိမ်များတွင် ပြန်လည်နေထိုင်သော ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် သောင်ရွာကျေးရွာအုပ်စု၊ နတ်ကန်တံတားသို့သွားရောက်၍ ဒါးကချောင်းမှတစ်ဆင့်ရေဆင်းလမ်းကြောင်း ရေစီးဆင်းမှုအခြေအနေများအား ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖိုးထောင့်ကျေးရွာ၌ ရေပြန်လည်ကျဆင်း၍ မိမိတို့၏နေအိမ်များတွင် ပြန်လည် နေထိုင်ကြသည့်ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။


Read More...
12-Sep-2026
ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကျုံပျော်ခရိုင်အတွင်း ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ပြီး ရေဘေးဖြစ်ပွားခဲ့သည့် ကျုံ‌ပျော်ခရိုင်အတွင်း၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ဆား၊ ပဲနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။


Read More...
12-Sep-2026
ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဟင်္သာတမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာတွင် ငဝန်‌မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအား မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းကတာဝန်ရှိသူများ နှင့်အတူ ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာ၌ ငဝန်‌မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုအား မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
11-Sep-2026