သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ ဓာတုဝိဇ္ဇာပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက် သုံးထပ်ကျောင်းဆောင် ပန္နက်တင်မင်္ဂလာအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဓာတုဝိဇ္ဇာပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက်အတွင်း၌ သုံးထပ်ကျောင်းဆောင် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့သည် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြပြီးနောက် ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီးတို့သည် အရုဏ်ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဓာတုဝိဇ္ဇာပရိယတ္တိ၊ ပဋိပတ္တိကျောင်းတိုက် သုံးထပ်ကျောင်းဆောင်အတွက် အလှူငွေ ပေးအပ်ခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းကို ဆက်လက်ပြုလုပ်ရာ ဧည့်ပရိသတ်များက“နမော တဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တ သောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက် တည်ခဲ့ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော် များကို နာယူကြည်ညိုခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့သည် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ကျောင်းဆောင်ဆောက်လုပ်ရန်အတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အလှူရှင်များက ဂေါပကအဖွဲ့ထံသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ဆက်လက်၍ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပန္နက်တော်တင်မည့် သတ်မှတ်နေရာများတွင်နေရာယူပြီး မင်္ဂလာအချိန်ရောက်ရှိသည်နှင့်တပြိုင်နက် ပန္နက်တော်အား (၉) ချက်စီရိုက်၍ အသီးသီးပန္နက်တော်တင်ခဲ့ကြပြီး ပန္နက်တော်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ “ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။ အဆိုပါ ဓာတုဝိဇ္ဇာပရိယတ္တိ၊ ပဋိပတ္တိ ကျောင်းတိုက်တွင် ရဟန်းအပါး(၄၀)၊ သာမဏေအပါး ၁၉၀၊ စုစုပေါင်း အပါး၂၃၀ သီတင်းသုံး၍ စာဝါသင်ကြားပို့ချလျက်ရှိကြောင်းသိရသည်။


Read More...
25-Mar-2024
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၄ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားတက်ရောက်ပူဇော်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၄ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားအား မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ မြောင်းမြကျောင်းတိုက်သို့ သွားရောက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၄ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ဆရာလေးများအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၄ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားအား မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့်အလှူရှင်များ တက်ရောက်ခဲ့ကြ၍ အခမ်းအနားအား “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကာ ထူးမခြားနား သီချင်းခန့်ဖြင့်ပူဇော်ခဲ့ပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော် ချီးမြှင့်အလှူခံရရှိတော်မူသော တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရွှေမစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယ အရှင်သူမြတ်က သမ္မောဒနီယဩဝါဒကထာ မြွက်ကြားချီးမြှင့်တော်မူပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ဆက်လက်ရွတ်ပွား ချီးမြှင့်တော်မူကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီးနောက် အကြည်ညိုခံပင့်သံဃာတော်အရှင်သူမြတ်များအားတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူအသီးသီးက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၃၃)ပါး၊ ၊ ပထမပြန်၊ ဓမ္မာစရိယ၊ နိကာယ်စာမေးပွဲတို့တွင် အထူးအောင်သံဃာ( ၆ )ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများအားဆက်ကပ်ပူဇော်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ သုန္ဒရ(ဘိုကလေး)၊ ဘဒ္ဒန္တ ကောမလသာရာဘိဝံသ(ဖျာပုံ)၊ ဘဒ္ဒန္တ ဉာဏသီဟ(ကျုံပျော်)ဆရာတော်တို့အားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ ဝိဇယ(ပုသိမ်)၊ ဘဒ္ဒန္တ ခန္တီဝါဒ(ဓနုဖြူ)ဆရာတော်တို့အားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးမှ မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်အရှင်သူမြတ်(၃)ပါးတို့အားလည်းကောင်း၊ တရားသူကြီးချုပ်မှ မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်အရှင်သူမြတ်တို့အားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိအသီးသီးက မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနာစရိယ၊ ဂန္ထဝါစက ပဏ္ဍိတ၊ သဒ္ဓမ္မ ဇောတိကဓဇ၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရဆရာတော်အရှင်သူမြတ်များနှင့် ပထမပြန်၊ ဓမ္မာစရိယ၊ နိကာယ်စာမေးပွဲတို့တွင် အထူးအောင်သံဃာ( ၆ )ပါးတို့အား ဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်းခဲ့ကြပြီး သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး( ၂ )ပါးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်တစ်ဦးအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်လက်ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပုသိမ်မြို့၊ တိုက်ကြီးကျောင်းတိုက်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ရွှေကျင်) ဥက္ကဋ္ဌဆရာတော် (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ) ဘဒ္ဒန္တဉာဏိန္ဒမဟာထေရ်အရှင်သူမြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရား နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီးများအား ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့အားလောင်းလှူပူဇော်ခဲ့ကြသည်။


Read More...
24-Mar-2024
ရေကြည်မြို့၏ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်လောင်းလှူပူ‌ဇော်
သာသနာတော်နှစ်၂၅၆၆ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်ခရိုင်၊‌ ရေကြည်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ဒီပါရုမ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး၏ရင်ပြင်တော်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များတက်ရောက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ဆရာကြီး၊ဆရာလေးများအား ဆွမ်းဆန်‌တော်များလောင်းလှူခဲ့ကြသည်။ ဦးစွာ ဘုရားအမှူးပြုသော ရေကြည်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၈၅)ကျောင်းမှ သံဃာတော် (၅၁၉)ပါးနှင့် သီလရှင်ကျောင်း(၁၂)ကျောင်းမှ သီလရှင် ဆရာကြီး၊ဆရာလေး (၇၄)ပါး၊စုစုပေါင်း (၅၉၃)ပါးတို့မှ ဒီပါရုမ်စေတီတော်မြတ်ကြီးအား လက်ယာရစ် ဆွမ်းဆန်တော်များနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို အလှူခံတော်မူရာ ဝန်ကြီးချုပ်အမှူးပြုသော စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော်များနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လောင်းလှူခဲ့ကြသည်။ ဆက်လက်၍ ရေစက်ချမင်္ဂလာအခမ်းအနားအား သန္တိသုခတန်ဆောင်း‌တော်အတွင်း၌ပြုလုပ်ရာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပူဇော်ခဲ့ပြီးနောက် ဒီပါရုမ်စေတီတော် ဂေါပကမှ လှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို လျှောက်ထားတင်ပြခဲ့သည်။ ဆက်လက်၍ ဒီပါရုမ်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက (၈)ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့ရိုးကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ကောင်းမှုကုသိုလ်အစုအစုတို့အတွက် ရေစက်သွန်းချ ဆုတောင်းအမျှပေးဝေခဲ့ကြကာ ရေစက်ချမင်္ဂလာအခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ရေကြည်မြို့နယ်၊ ရန်မျိုးအောင်- ရုံးတုံး- အစုကြီးကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြကာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိများသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ရေကြည်မြို့နယ်၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(ဧရာဝတီမှ) ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး လမ်းအရှည် (၁မိုင်၂ဖာလုံ) အကျယ်၁၂ပေနှင့် ထု၇လက်မရှိကြောင်းသိရပြီး ကျေးရွာ(၁၅)ရွာ၊ အိမ်ခြေ(၁၉၅၀)မှ လူဦးရေ(၅၉၇၃)ဦးအား အကျိုးပြုမည်ဖြစ်သည်။


Read More...
24-Mar-2024
(၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ချင်းကုန်း-ချောင်းဖျား-ငပိဆိပ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအားတက်ရောက်၊ နွေစပါးစံကွက်ရိတ်သိမ်းပွဲတက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နေ့လည်ပိုင်းတွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်တို့တွင်ပြုလုပ်သည့် (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် လမ်းသစ်ဖွင့်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကွမ်းသီးချောင်းကျေးရွာတွင်ပြုလုပ်သည့် (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ချင်းကုန်း-ချောင်းဖျား-ငပိဆိပ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအားတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)က ချင်းကုန်း-ချောင်းဖျား-ငပိဆိပ် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၀/၄ )မိုင်၊ အကျယ် (၁၂) ပေနှင့် ထု (၇) လက်မရှိကြောင်းသိရသည်။ ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်ကျေးရွာရှိ တောင်သူ ဦးကျော်ညွန့်၏ လယ်မြေ ဧက၃၀တွင်ပြုလုပ်သည့် ဒုတိယသီးနှံနွေစပါး(နယူးဧရာ-၁)စံကွက်ရိတ်သိမ်းနေမှုအားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ သွင်းအားစုများစနစ်တကျ ထည့်သွင်းဆောင်ရွက်မှု၊ အထွက်တိုး မျိုးစပါးများနှင့် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးမှု အထွက်နှုန်းတိုးတက်စေရေး ဆောင်ရွက်နေမှုများအား ဆွေးနွေးမေးမြန်းခဲ့ကာ စပါးရိတ်သိမ်း ပြီးပါက တတိယသီးနှံ(နွေနှမ်း)ထပ်မံစိုက်ပျိုးစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များ အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။ အဆိုပါ ဒုတိယသီးနှံနွေစပါး(နယူးဧရာ-၁)စံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် ပျမ်းမျှ (၁၆၂)တင်းထွက်ရှိခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ်၊ ကြိုးကြာကွင်းကျေးရွာ၌ပြုလုပ်သည့် (၇၉)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကြိုးကြာကွင်း- ဂုန်မင်း မြေရောကျောက်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကာ ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် မြေရောကျောက်လမ်းသစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် ( ၀/၅)မိုင်၊ အကျယ် (၁၂ ) ပေနှင့် ထု (၄ ) လက်မရှိကြောင်းသိရသည်။


Read More...
22-Mar-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းတန်းကျောင်း(ပုသိမ်)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်းပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းအနေဖြင့် သင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ ဒေသခံများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းအလမ်းများ ပိုမိုရရှိလာမည်ဖြစ် ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကမ်းခြေခရီးသွားလုပ်ငန်းဖွံ့ဖြိုးပြီး မြို့ကြီးများတွင်လည်း ဟိုတယ်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး အတွက် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းသည် လက်တွေ့အသုံးဝင်သကဲ့သို့ အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းသည်လည်း အမျိုးသမီးငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရှာဖွေပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဘာသာရပ်အလိုက် လက်တွေ့ လုပ်ငန်းခွင်ဝင် ဆောင်ရွက်ရာတွင် လိုအပ်ချက်များမရှိစေရေး စာတွေ့လက်တွေ့ပြည့်စုံစွာ သင်ကြားပေးခြင်းဖြင့် လုပ်ငန်းခွင်တွင် များစွာအထောက်အကူဖြစ်စေမှာဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း မိမိတို့ သင်ကြားလေ့လာတတ်မြောက်သည့် ဘာသာရပ်အလိုက်ဖန်တီးမှုအသစ်များကို တီထွင်ကြံဆမှုများဖြင့် အောင်မြင်အောင်ကြိုးစား ဆောင်ရွက်သွားကြရန်နှင့် မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံ အကျိုးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောက်ရွက်ကြ စေလိုကြောင်း” အမှာစကား များ ပြောကြားခဲ့ပြီး သင်တန်းတွင် ဆုရရှိသည့်သင်တန်းသားများအား ထူးချွန်ဆုများနှင့် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းတန်းကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ကြီး ထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၇)မှ သင်းတန်းသားများကိုယ်စား သင်တန်းသူတစ်ဦးနှင့် သင်တန်းအားတစ်ဦးတို့အား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ် ခဲ့ပြီးနောက် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းကျောင်းအုပ်က သင်တန်းမှသင်ကြား ပေးသည့် သင်ခန်းစာများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် သင်တန်းဆင်းကျောင်းသူများ ချုပ်လုပ်ထားသည့်လက်ရာများကိုကြည့်ရှုအားပေးခဲ့သည်။ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်း တန်းကျောင်း(ပုသိမ်) တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇)၌ သင်တန်းသူ (၂၅)ဦး၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၇)၌ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးတို့အား သင်တန်းဆင်းပေးနိုင်ခဲ့ကြောင်းသိရသည်။


Read More...
22-Mar-2024