သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ‌ဟောပြောပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်
၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဟောပြောပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊အခြေခံပညာအထက်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။ ဟောပြောပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ဧရာဝတီတိုင်း​ဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်များမှ ပါ​မောက္ခ(ဌာနမှူး) ဆရာကြီး၊ ဆရာမကြီးများနှင့် အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများတွေ့ဆုံ၍ ယနေ့တွင်ဘာသာရပ်ဆိုင်ရာ သိ​ကောင်းစရာ ဟောပြောပွဲများအား ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်နှင့် မအူပင်တက္ကသိုလ် တို့တွင် ဇုန်ကြီး(၃)ဇုန်ခွဲ၍ ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများအား စောစီးစွာဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ ဆရာမများ ပူး​ပေါင်း ကြပ်မတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်သည် Grade 12 သင်ရိုးသစ် စတင်သင်ကြား​ဖြေဆိုရမည်ဖြစ်သဖြင့် ဆရာ၊ ဆရာမများက ကြိုးစားသင်ကြားပို့ချပေးလျက်ရှိသည်ကို​တွေ့ရှိရပါကြောင်း၊ ဘက်စုံပညာ​ရေးစနစ်အား အ​ကောင်အထည်​ဖော်နိုင်​ရန် ဆရာ၊ ဆရာမများ၏ စွမ်း​ဆောင်နိုင်မှုသည် အလွန်အ​ရေးပါ​သော အခန်းကဏ္ဍမှ ရပ်တည်​နေပါ​ကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် အ​​ခြေခံပညာ​ကျောင်းဖွင့်လှစ်မှုအများဆုံး၊ ​ကျောင်းတက်​ရောက်မှုအများဆုံးနှင့် တက္ကသိုလ်ဝင်စာ​မေးပွဲ​အောင်ချက်​မြင့်မား​သော တိုင်း​ဒေသကြီးဖြစ်ပါ​ကြောင်း၊ ရေခံ၊ မြေခံကောင်းမွန်၍ လူ့စွမ်းအားအရင်းအမြစ်များ ပေါကြွယ်ဝကာ ပညာရေးကဏ္ဍတွင် တိုးတက်မြင့်မားသော တိုင်း​ဒေသကြီး ဖြစ်​သော​ကြောင့် ​ကျောင်းသား၊ ​ကျောင်းသူများ ပညာသင်ယူခွင့်မဆုံးရှုံးစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး အတန်းစဉ်ကူးပြောင်းစေရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်နှစ် စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲအား မဖြေဆိုဖြစ်ခဲ့သူများ၊ ကျရှုံးသူများကိုလည်း ဝင်​ရောက်​ဖြေဆိုခွင့်ပြုထားရာ ​အောင်မြင်စွာ​ဖြေဆိုနိုင်​ရေးအတွက် သင်ကြား​ပေးရမှာဖြစ်ပါ​ကြောင်း၊ ​ကျောင်းသား မိဘများအားလည်း တိုက်တွန်းမှုများပြုလုပ်ရမှာဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးအောင်ချက်မြင့်မားရေးအတွက် ဆရာ၊ ဆရာမများ၏ ဘာသာရပ်ဆိုင်ရာသိကောင်းစရာဆွေးနွေးပေးမှုများသည်များစွာအသုံး၀င်ပါကြောင်း" အမှာစကား ပြောကြားခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုထောက်ပံ့ငွေများအားပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပုသိမ်တက္ကသိုလ်ဒုတိယပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာသိကောင်းစရာများ ဟောပြောပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်အတွင်း ဘာသာရပ်အလိုက်ဟောပြော ဆွေးနွေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ ဧရာဝတီတိုင်း​ဒေသကြီး၏ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ‌ ဟောပြောပွဲများကို ဇုန်ကြီး ၃ ဇုံခွဲ၍ ကျင်းပပြုလုပ်ရာ ပုသိမ်တက္ကသိုလ်တွင် အ​ခြေခံပညာဆရာ၊ ဆရာမ(၂၄၁၆)ဦး၊ ဟင်္သာတတက္ကသိုလ်တွင် (၉၁၁)ဦး၊ မအူပင်တက္ကသိုလ်တွင် (၁၃၄၈)ဦး စုစု​ပေါင်း ဘာသာရပ်အလိုက် အ​ခြေခံပညာ ဆရာ၊ ဆရာမ(၄၆၇၅)ဦးအား တက္ကသိုလ်များမှ ပါ​မောက္ခ(ဌာနမှူး) ဆရာကြီး၊ ဆရာမကြီးများက ​ဟော​ပြော​​ဆွေး​နွေးပို့ချခဲ့​ပါသည်။


Read More...
25-Nov-2023
ဧရာဝတီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးပြုလုပ်
ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးနှင့် သက်ဆိုင်ရာဌာနများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့် ကမ်းခြေခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရှိရာ ဒေသများ၊ တိုင်းဒေသကြီးအတွင်း ထင်ရှားသည့် ဘုရား၊ စေတီ၊ ပုထိုးများသို့ ခရီးသွားများနှင့် ဘုရားဖူး ပြည်သူများ လာရောက်လည်ပတ် လေ့လာဖူးမြော်နိုင်ရေးအတွက်လည်း ဆောင်ရွက်ရန်လိုပါ ကြောင်း၊ ကမ်းခြေခရီးသွားလုပ်ငန်းနှင့်ဆက်စပ်၍ ဟိုတယ်လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက် လျက်ရှိပါကြောင်း၊ ဟိုတယ်နှင့် တည်းခိုရိပ်သာအဆောက်အဦများဆောက်လုပ်ရန် လုပ်ငန်းရှင်များ၏တင်ပြမှုများအပေါ် ကော်မတီအနေဖြင့် စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ စစ်ဆေးတင်ပြရန်လိုအပ်ပြီး တာဝန်ရှိသူ အဆင့်ဆင့်က စစ်ဆေးကြပ်မတ်ရန်လိုပါကြောင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် မြေအသုံးချမှုနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများမှ တိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း” အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာ ဝန်ကြီးက လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဟိုတယ် လုပ်ငန်းလိုင်စင်ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးတင်ပြရာတွင် ငွေဆောင်ကမ်းခြေဒေသတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရယူ ဆောင်ရွက်လျှက်ရှိသော Center Point Hotel မြေဧရိယာဝန်းအတွင်း RC (၃) ထပ် အဆောက်အဦ (၁) လုံး တိုးချဲ့တည်ဆောက်ခွင့်ပြုပါရန် လျှောက်ထားလာမှု၊ ငွေဆောင် ကမ်းခြေဒေသတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရယူဆောင်ရွက်လျှက် ရှိသော The Village Resort Hotel မြေဧရိယာဝန်းအတွင်း RC (၃) ထပ် အဆောက်အဦ (၁) လုံး တိုးချဲ့ တည်ဆောက် ခွင့်ပြုပါရန် တင်ပြလျှောက်ထားလာမှု၊ ​ချောင်းသာဇုန်ပုဂ္ဂလိက ခရီးသွားလုပ်ငန်း အဖွဲ့အစည်းကိုယ်စားလှယ်တစ်ဦးမှ နှုတ်ထွက်ခွင့် တင်ပြလာမှု၊ စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်ဖြင့် လုပ်ငန်းလိုင်စင်ရယူထားသော တည်းခိုခန်းများအား ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS)အသုံးပြုနိုင်ရေးဆောင်ရွက်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှပေးပို့သော အကြောင်းကြားစာများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအဖွဲ့များနှင့် တတ်သိပညာရှင်၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေး ခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်စေရေး ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။


Read More...
24-Nov-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ တေရသမအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် တေရသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပရန်အတွက် ပဒေသာပင်များ ပုသိမ်မြို့အတွင်းသို့ လှည့်လည်ခြင်းကို နိုဝင်ဘာလ၂၃ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်မှ စတင်ကာ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ မဟာဗန္ဓုလမ်း၊ ပုသိမ်-မုံရွာလမ်းမကြီးမှ အခမ်းအနားကျင်းပမည့် သာသနာ့ဗိမာန်တော်ကြီးသို့ မြို့ပေါ်ရှိဌာနဆိုင်ရာအသီးသီးမှ လာရောက်ပို့ဆောင်ကြသည့် ပဒေသာပင်များနှင့် ရပ်ကွက်နေ ပြည်သူများမှ လာရောက်ပို့ဆောင်သည့် ပဒေသာပင်စုစုပေါင်း(၈၃)ခုအား ဖျော်ဖြေရေးအဖွဲ့ များဖြင့် စည်ကားသိုက်မြိုက်စွာ ပို့ဆောင်ခဲ့ကြသည်။ နိုဝင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် တေရသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ် စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားအား “နမောတဿ” (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ)မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ဆက်လက်၍ ကထိန်မည်ပုံ၊ ကထိန်ခင်းခြင်းနှင့် စပ်လျဉ်းသည့်အမေး(ကထိနပုစ္ဆာ)ကို မိဂဒါဝုန်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာသီရိ(အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ)အရှင်သူမြတ်ကမေး၍ (ကထိနဝိသဇ္ဇနာ) ကထိန်ခင်းခြင်းအဖြေကို ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇောတိဿရ MA.Ph.D (India)အရှင်သူမြတ်မှ ဖြေကြားတော်မူသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ကျောင်းထိုင်ဘုန်းကြီးသင်တန်း ကျောင်းတွင် ပုရိမဝါဆိုဝါကပ်၍ ပုရိမဝါမှထတော်မူကြသည့် သံဃာတော်များကိုယ်စား ညောင်ပင်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံ ကထိန်လျာ ဉတ်သင်္ကန်းနှင့် အခြံအရံလှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများက ပင့်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီးတို့က သီလရှင်ဆရာကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်း ခဲ့ကြပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ရွှေမစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဇယ အရှင်သူမြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ယင်းနောက် အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကာ ရတနာရွှေမိုး ငွေမိုးများရွာသွန်းဖြိုးခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့်ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တေရသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ စုပေါင်း လှူဒါန်းသည့် ပဒေသာပင် (၈၃) ခုရှိပြီး ပစ္စည်းတန်ဖိုး (၁၅၇)သိန်းကျော်နှင့် ငွေသားတန်ဖိုး (၂၇၁)သိန်းကျော် စုစုပေါင်းတန်ဖိုး (၄၂၈) သိန်းကျော် စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။


Read More...
24-Nov-2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပွဲတော်ပြိုင်ပွဲအား ယခုလ(၂၀)ရက်နေ့မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ပေါ် အခြေခံပညာကျောင်းများရှိ အားကစားခန်းမများတွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားပြိုင်ပွဲရုံ(၂)၌ အမျိုးသား၊ အမျိုးသမီးကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲအား ခရိုင်အုပ်စု (၁)နှင့် ခရိုင်အုပ်စု(၃)တို့၏ ယှဉ်ပြိုင်ကစားနေမှုအားလည်းကောင်း၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၊ ပမ္မဝတီခန်းမ၌ အမျိုးသမီးတစ်ဦးချင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအား ခရိုင်အုပ်စု(၆)နှင့် ခရိုင်အုပ်စု(၃)တို့၏ ယှဉ်ပြိုင်ကစားနေမှုနှင့် အမျိုးသား တစ်ဦးချင်းစားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ခရိုင်အုပ်စု(၆) နှင့် ခရိုင်အုပ်စု(၄)တို့၏ ယှဉ်ပြိုင်ကစားနေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ခရိုင်အုပ်စု(၁)နှင့် ခရိုင်အုပ်စု(၃)တို့ အကြိတ် အနယ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါဗိုလ်လုပွဲတွင် အမျိုးသမီး ဘော်လီဘောအသင်း ခရိုင်အုပ်စု(၃)က ခရိုင်အုပ်စု(၁)ကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ခရိုင်အုပ်စု(၁)က ခရိုင်အုပ်စု(၃)ကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ အမျိုးသမီးဘတ်စကတ်ဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၄)နှင့် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၅)အား အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဦးမှူးကလည်းကောင်း၊ အမျိုးသားဘတ်စကတ်ဘော ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၅)နှင့် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၁)အား တိုင်းဒေသကြီးပညာရေးမှူးကလည်းကောင်း၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ခရိုင်အုပ်စု(၅)နှင့် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၆)အား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးကလည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင် အုပ်စု(၁)နှင့် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၃)အား တိုင်းရင်းသားရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်းစားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများအား တိုင်းရင်းသားရေးရာ ဝန်ကြီးကလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမဆုနှင့် ဒုတိယဆုရရှိသူများအား လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးကလည်းကောင်း၊ အမျိုးသမီးအသင်းလိုက် စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် ခရိုင်အုပ်စု(၆)နှင့် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၃)အား လူမှုရေးရာဝန်ကြီး ကလည်းကောင်း၊ အမျိုးသားအသင်းလိုက် စားပွဲတင် တင်းနစ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၃)နှင့် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၆)အား သယံဇာတရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုရရှိသူများကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုရရှိသူများကို တိုင်းဒေသကြီး ဥပဒေချုပ်က လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၁)နှင့် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု (၃)အား စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားအသင်းလိုက် ကြက်တောင်ရိုက် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၃)နှင့် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၁)အား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးက လည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၁)နှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၃)အား လူမှုရေးရာဝန်ကြီး ကလည်းကောင်း၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၃)အား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၁)အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များကို အသီးသီးချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်ကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။


Read More...
23-Nov-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာအုပ်စု၌ ပြုလုပ်သည့် ပိုက်ဆံလျှော်မျိုးစေ့ထုတ် ကျေးရွာစုပေါင်းစိုက်ခင်း (၃၀)ဧကတွင် စုပေါင်းစိုက်ပျိုးနေမှုအားလည်းကောင်း၊ ကြာဖူးငုံလက်ပံကျေးရွာရှိ တောင်သူဦးမောင်မောင်ဝင်း၏ လယ်မြေ (၃)ဧက၌ပြုလုပ်သည့် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃၈)စက်မှုလယ်ယာစခန်း၊ မြောင်းမြမြို့မှ (၁၀)တန်းသွားမျိုးစေ့ချကိရိယာဖြင့် GW-11 မျိုးစပါး မျိုးစေ့ချစိုက်ပျိုးနေမှုအားလည်းကောင်း၊ ကံကြီးကျေးရွာရှိ တောင်သူဦးစိုးမြင့်၏လယ်မြေတွင် ဆိုလာစနစ်ဖြင့် နွေစပါးရေတင်ခြင်းနှင့် လယ်မြေ(၂၀)ဧကအား နွေစပါးစုပေါင်းထွန်ယက်ပွဲအားလည်းကောင်း၊ တောင်သူဦးမိုးဝင်း၏ လယ်မြေ(၅)ဧက၌ပြုလုပ်သည့် ဆီထွက်သီးနှံနေကြာ ဆင်းရွှေကြာ(၂) မျိုးစေ့ထုတ်စိုက်ခင်းနှင့် အထက(ခွဲ)ကံကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းပိုင်လယ်မြေ(၄)ဧကတွင် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်း မျိုးစေ့ချပွဲအားလည်းကောင်း၊ အိမ်မဲမြို့နယ်၊ ပွဲစားဂုံညှင်းတန်းကျေးရွာရှိတွင် ပိုက်ဆံလျှော်မျိုးစေ့ထုတ် ကျေးရွာစုပေါင်းစိုက်ခင်း (၅)ဧက ပိုက်ဆံလျှော် မျိုးစေ့ချစိုက်ပွဲအားလည်းကောင်း၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စုရှိ တောင်သူဦးရဲမြတ်အောင်နှင့် ဦးသံချောင်းတို့၏ စိုက်ဧက(၈)ဧက၌ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံနေကြာ super sun 41 မျိုးအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပွဲအားလည်းကောင်း ကြည့်ရှု အားပေးခဲ့ပြီး ဆီဖူလုံမှုရှိစေရေး၊ စိုက်ပျိုးသည့်သီးနှံများ အောင်ရေရရှိရေး၊ စိုက်ဧကများ ပြည့်မီရေး၊ လာမည့်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းအား ပိုက်ဆံလျှော်များအပြည့်အဝ စိုက်ပျိုးမည်ဖြစ်၍ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ် ဂုံမင်းကွင်းသို့ရောက်ရှိ၍ ရေမြောင်းများတူးဖော်ပြီးစီး၍ မိုးစပါးဧက (၁၅၀၀) ကျော်နှင့် နွေစပါးဧက (၆၀၀၀) ကျော် စိုက်ပျိုးနိုင်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရေမြောင်းများ တူးဖော်ပေးခဲ့မှုကြောင့် ရေကျနောက်စိုက် ဧရိယာများတိုးချဲ့စိုက်ပျိုးနိုင်ခြင်း၊ ရေကြီးကွင်းများ ရေကျမြန်သဖြင့် နွေစပါးစိုက်ဧကများ အချိန်မီ ကွင်းလုံးပြည့်မီစွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။


Read More...
22-Nov-2023