သတင်းများ


ဒီဇင်ဘာလူထုအားကစားလ ပထမပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ပါဝင်ဆင်နွှဲ
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း  စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း စုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ် လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။ စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲအား ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီး အတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical  Fitness dance များအား အတူတကွ စုပေါင်းဆောင်ရွက် ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလ ပထမပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၁၅၀၀)ဦးခန့်က တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကိုးသိန်းအားကစားဝင်းအတွင်းရှိ New Generation Gym အမျိုးသား၊ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်ရေးအားကစားရုံသို့ရောက်ရှိ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဝယ်ယူထားရှိသည့် Gym ပစ္စည်းများနှင့် Gym ခန်းမပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး  ကိုယ်ကာယလေ့ကျင့်နေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။


Read More...
02-Dec-2023
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော မြန်အောင်ခရိုင်စုပေါင်းရုံး RCCသုံးထပ်အဆောက်အဦ ဆောက်လုပ်ရန် မြေနေရာပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်သော မြန်အောင်ခရိုင်စုပေါင်းရုံး R.C.C သုံးထပ်အဆောက်အဦ ဆောက်လုပ်လုပ်ရန် မြေနေရာပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစုပေါင်းရုံးဆောက်လုပ်မည့် မြေနေရာ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန္နက်တင်မင်္ဂလာပြုလုပ်ရန်​နေရာယူပြီး မင်္ဂလာအချိန်တွင်  ပန္နက်တိုင်များအား စိုက်ထူကာ အောင်သပြေ၊ အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးခဲ့ကြသည်။ ထို့နောက်  ရှင်းလင်းဆောင်၌ ကုမ္ပဏီတာဝန်ရှိသူများက ခရိုင်စုပေါင်းရုံး သုံးထပ်အဆောက်အဦ ဆောက်လုပ်မည့်အခြေအနေ၊ ခြံစည်းရိုးကာရံခြင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ် RC နှစ်ထပ်ဆောက်လုပ်မည့် လုပ်ငန်းများအားတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ဘဏ္ဍာ​ရေးနှစ်အတွင်း လုပ်ငန်းများပြီးစီး​အောင်​ဆောင်ရွက်ရန်၊ အရည်အ​သွေးပြည့်မီ​အောင်​ဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်း​ရေး စနစ်တကျကြပ်​မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်​အောင်မြို့နယ်၊ ​ညောင်ဝိုင်း​ကျေးရွာအုပ်စု၊ နှစ်ကျပ်ကျွန်း​ကျေးရွာသို့သွား​ရောက်၍ ​တောင်သူ ဦးမင်းတင်၏  super sun-41 ​နေကြာမျိုး (၇)ဧက၊ ပဲပုပ်(၂)ဧက၊ ​အ​စေ့ထုတ်ပြောင်း(၇)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း​နေမှုအား ကြည့်ရှုအား​ပေးခဲ့ပြီး ​ဒေသခံ​တောင်သူများနှင့် ရင်းရင်းနှီးနှီး​တွေ့ဆုံခဲ့ကာ ​အောင်မြင်ဖြစ်ထွန်း​အောင် စိုက်ပျိုးကြရန်နှင့် ​မျိုး​ရွေးချယ်မှု၊ စိုက်နည်းစနစ်နှင့် နည်းပညာလိုအပ်ချက်များအား ပံ့ပိုးကူညီ​ပေးရန် ဌာနဆိုင်ရာများအား မှာကြားခဲ့ပါသည်။


Read More...
01-Dec-2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်(နေပြည်တော်)သို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် (နေပြည်တော်) သို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့ အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါ ခန်းမတွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“အခြေခံပညာကျောင်းသား အားကစား ပွဲတော်တွင် တိုင်းဒေသကြီးအနေဖြင့် အားကစားနည်း(၇)မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပါကြောင်း၊ ယခင်နှစ်က ကျင်းပခဲ့သည့်အားကစားပွဲတော်၌ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အမျိုးသား ဘောလုံးအားကစားနည်းတွင် တံခွန်စိုက်ဆုရရှိခဲ့ပြီး အခြားအားကစားနည်းများတွင်လည်း အောင်မြင်မှုများ ရရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းများစွာရှိပြီး ကျောင်းပေါင်းစုံမှ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား ပြိုင်ပွဲအဆင့်ဆင့်ပြုလုပ် ရွေးချယ် ခဲ့ခြင်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အသင်းလိုက်စုဖွဲ့မှုအားကောင်းကောင်းဖြင့် အပေးအယူအချိတ်အဆက်မိမိ ဉာဏ်ရည်နှင့် ခွန်အားကိုအသုံးပြု၍ ကစားရမှာဖြစ်ပါကြောင်း၊  အားကစားတွင်သာမက ပညာရေးတွင်လည်းထူးချွန်ကြသူများ ဖြစ်စေရေးကြိုးစားကြရန် ကျောင်းသား၊ ကျောင်းသူ အားကစားသမားများအား တိုက်တွန်းပြောကြားလိုပါကြောင်း၊ ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြရန်လိုကြောင်း၊  အုပ်ချုပ်သူနည်းပြများကလည်း စနစ်တကျလေ့ကျင့်သင်ကြားပြသပေးရန်မှာကြားလိုပါကြောင်း၊ ယခုနှစ်ကျောင်းသားအားကစားပွဲတော်တွင်  တိုင်းဒေဿကြီးဂုဏ်ဆောင် တံခွန်စိုက်ဆုဖလား များ ရရှိအောင်  ကြိုးပမ်းကြစေလိုကြောင်း”တိုက်တွန်းပြောကြားခဲ့ပါသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့ ခေါင်းဆောင်က အသင်းဖွဲ့စည်းထားရှိမှုနှင့် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီး အားကစားနည်းအလိုက် ပြိုင်ပွဲဝင်အားကစားအဖွဲ့များနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ အားကစားသမားများအား ရင်းရင်းနှီနှီးတွေ့ဆုံအားပေး ခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော်(နေပြည်တော်) တွင် တိုင်းဒေသကြီးအနေဖြင့် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ဘတ်စကတ်ဘောအားကစားနည်း(၇)မျိုးတွင် ကျောင်းသား၊ ကျောင်းသူ အားကစားသမား(၁၁၂)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။


Read More...
30-Nov-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ပြုလုပ်သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၀/၂၀၂၃)နှင့် လေးနှစ်သင်(ပထမနှစ်)သင်တန်း သား/သင်တန်းသူများအား သစ်လွင်ကြိုဆိုပွဲသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၀/၂၀၂၃)နှင့် လေးနှစ်သင် (ပထမနှစ်) ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရေးကောလိပ်မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား သင်တန်းသား၊ သင်တန်းသူများက“ကြိုဆိုလက်ကမ်း ကံ့ကော်တန်း” သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး အတွင်းရှိ ပညာရေးဒီဂရီကောလိပ် (၃)ခုတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို ပြုလုပ်လျက် ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍမြင့်မားအောင်ဆောင်ရွက်ပေးမည့် ဆရာ၊ ဆရာများအား ပညာရေးဒီဂရီကောလိပ်ကျောင်းတော်ကြီးမှ ပညာသင် ကြားဆည်းပူးမှုများ ပြုလုပ်၍ လုပ်ငန်းခွင်သို့ဝင်ရောက်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် လူငယ်များ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ပေးလျက်ရှိရာ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့သေားကောင်းများ ဖြစ်အောင် ဆရာ၊ ဆရာများမှ ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် တပည့်များ၏ လက်ဦးဆရာများဖြစ်သဖြင့် စံနမူနာပြ ဖြစ်ရန်လိုအပ်ကြောင်း၊  မိမိတို့သင်တန်း များပြီးဆုံး၍ တာဝန်ကျရာဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်သည့်အခါတွင်လည်း ဒေသ၌ရှိသည့် ပညာရေးကိုလိုလားသည့် ကျောင်းသားမိဘများ၊ ရပ်မိ၊ ရပ်ဖများ၊ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုနေကြမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိပြည့်ဝအောင် သင်ကြားပေးရမှာဖြစ် ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ခေတ်နှင့်အညီပြောင်းလဲလာသော ပညာရေးစနစ်ကို အစဉ် လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ စနစ်သစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများအား တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးနှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများပူးပေါင်း၍ ပုသိမ် တက္ကသိုလ်၊ ဟင်္သာတ တက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့တွင် ဇုန်ကြီး(၃)ဇုန်ခွဲ၍ ပြုလုပ်ခဲ့ ပါကြောင်း၊  တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင် ကျောင်းများအပါအဝင် ကျောင်းပေါင်း (၇၂၀၀)ကျော် ဖွင့်လှစ်ထားရှိပြီး ကျောင်းတက်ရောက်မှု (၁၁)သိန်းနှစ်သောင်းကျော်နှင့် ဆရာဆရာမအင်အားပေါင်း (၅)သောင်းကျော်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ်ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ရေခံမြေခံ ကောင်းမွန်ပြီး ပညာရေးကဏ္ဍတိုးတက်မြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာ တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ စာမတတ်သူများပပျောက်ရေး "ဝထကလသ" စီမံချက်ချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ဆရာ၊ ဆရာမများမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာကြောင်း၊  ပညာရေးကဏ္ဍအတွက် အားထားရသည့် ဆရာ၊ ဆရာမများဖြစ်လာမည့် သင်တန်းသား၊ သင်တန်းသူများအတွက် များစွာဂုဏ်ယူ ပါကြောင်းနှင့် နိုင်ငံတော်အတွက် အားထားရသည့် လူတော်လူကောင်းများ မွေးထုတ်ပေး နိုင်သည့် ဆရာ၊ ဆရာမများဖြစ်ကြပါစေကြောင်း" ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက သင်တန်းများဖွင့်လှစ် ရခြင်းအကြောင်းများအား ရှင်းလင်းတင်ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း PPTT (၁၀/၂၀၂၃) သင်တန်းသား၊ သင်တန်းသူပေါင်း (၂၇၃)ဦးနှင့်၊ (၄)နှစ်သင်(ပထမနှစ်) သင်တန်းသား၊ သင်တန်းသူပေါင်း (၁၂၆)ဦး စုစုပေါင်း (၃၉၉)ဦးအား သစ်လွင်ကြိုဆိုခဲ့ကြောင်း သိရှိရပါသည်။


Read More...
30-Nov-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ်မြောင်းမြပညာရေးဒီဂရီကောလိပ်၌ပြုလုပ်သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၀/၂၀၂၃)နှင့် ပညာရေးဘွဲ့(ပထမနှစ်) ကျောင်းသား၊ ကျောင်းသူများ၏မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၀/၂၀၂၃)နှင့် ပညာရေးဘွဲ့ (ပထမနှစ်) ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း ကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးကောလိပ်မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား သင်တန်းသား၊ သင်တန်းသူများက “ ပွင့်ဖူးဝေဆာ ကျောင်းတော်သာ”သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသ ကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ်ကူးပြောင်းမှုနှင့် အောင်ချက် မြင့်မားသော တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းများအပါအဝင် ကျောင်းပေါင်း (၇၂၀၀)ကျော် ဖွင့်လှစ်ထားရှိပြီး ကျောင်းတက်ရောက်မှု (၁၁)သိန်းနှစ်သောင်းကျော်နှင့် ဆရာဆရာမအင်အား ပေါင်း (၅)သောင်းကျော်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး ပညာရေး ကဏ္ဍတိုးတက် မြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာ တိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း၊ ယခုနှစ်သည် ပညာရေးစနစ်သစ် KGတန်းမှ Grade-12 အထိ အတန်းစုံ တက်ရောက်သည့် နှစ်လည်းဖြစ်ပါကြောင်း၊ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများအား တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကထိကများနှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများပူးပေါင်း၍ ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့တွင် ဇုန်ကြီး(၃)ဇုန်ခွဲ၍ ပြုလုပ်ခဲ့ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိ၏ တပည့်များအား မတတ်သည်များကိုတတ်အောင်၊  မသိသည်များကို သိအောင်၊ နားမလည် သည်များကို နားလည်အောင် သွန်သင်ဆုံးမကြသူများ ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသ ကျောင်းများသို့ ရောက်ရှိတာဝန် ထမ်းဆောင်သည့်အခါ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး၊ အတန်းစဉ် ကူးပြောင်းမှုမြင့်မားရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်မည့် လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ရန်အတွက် ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်းနှင့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ရမည်ဖြစ်ပါကြောင်း၊ ဆရာများ၏ အရည်အသွေးများ မြင့်မား လာပါက တပည့်များ၏ သင်ယူမှုစွမ်းရည်များသည်လည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများသည်  ကျောင်းသား၊ ကျောင်းသူများ၏ စံနမူပြများ ဖြစ်ရန်လိုအပ်ပါကြောင်း၊ ပညာရေးကဏ္ဍအတွက် အားထားရသည့် ဆရာ၊ ဆရာမများဖြစ်လာမည့် သင်တန်းသား၊ သင်တန်းသူများအတွက် များစွာဂုဏ်ယူပါကြောင်းနှင့် နိုင်ငံတော်အတွက် အားထားရသည့် လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်သည့် ဆရာ၊ ဆရာမများဖြစ်ကြပါစေကြောင်း" ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်အလိုက် သင်တန်းသား၊ သင်တန်းသူများက တိုင်းဒေသကြီး ဝန်ကြီးချုပ်အား မိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ များအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ် ကြီးက လက်ခံရယူခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ ရင်းနှီးနွေးထွေးစွာ နေ့လယ်စာအတူတကွ သုံးဆောင် ခဲ့သည်။ မြောင်းမြပညာရေးဒီဂရီကောလိပ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၀/၂၀၂၃)သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူပေါင်း (၃၀၃)ဦးနှင့်၊ ပညာရေးဘွဲ့ (ပထမနှစ်)တွင် သင်တန်းသား၊ သင်တန်းသူပေါင်း (၁၂၃)ဦးတက်ရောက်လျှက်ရှိပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာသို့ သွားရောက်၍ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်(မျိုးစေ့ထုတ်)ရန်အတွက် ကျေးရွာစုပေါင်း စိုက်ခင်း ဧက(၅၀)တွင် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်မျိုးစေ့များ ထွန်ယက်မြှုပ်နှံနေမှုများ ကိုလည်းကောင်း၊  မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာရှိ တောင်သူဦးမိုးဝင်း၏  ဆီထွက်သီးနှံ နှမ်းမျိုးသန့်စိုက်ခင်းနှင့် မြေပဲမျိုးသန့်စိုက်ခင်းတွင် ဆီထွက်သီးနှံ နှမ်းနှင့်မြေပဲ မျိုးစေ့ချ စိုက်ပျိုးနေမှုများကို လည်းကောင်း၊ အိမ်မဲမြို့နယ်၊ ကျုံကနိကျေးရွာသို့ သွားရောက်၍ တောင်သူ ဦးအုန်းမြင့်၏ စိုက်ဧက(၃)ဧကတွင် ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ(နေကြာ) ဆင်းရွှေကြာ-၂ နေကြာမျိုးအား မျိုးစေ့ချစိုက်ပျိုးနေမှုအားလည်းကောင်း၊ ဝါးခယ်မြို့နယ်၊ ကျွန်းကုန်းကျေးရွာ အုပ်စု၊ တောင်သူဦးဝင်းသိန်း၏ စိုက်ဧက(၅)တွင် ပြုလုပ်သည့် ဆင်းရွှေကြာ -၂ နေကြာမျ်ုးရွေးချယ်မြှင့်တင်ရေးစံပြကွက်တွင် မျိုးစေ့ချစိုက်ပျိုးနေမှုအားလည်းကောင်း ကြည့်ရှု အားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်း မြို့နယ်၊ ကျုံတာကျေးရွာနှင့် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သရွတ်ကြီးကျေးရွာသို့ ဆက်သွယ် ထားသည့် ခွဲကျောက်အမာခံခင်းခြင်း လုပ်ငန်းများအားကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်  ဆောင်ရွက်သည့် ကန်ကြီးထောင့်မြို့နယ်၊ ဘုရားကုန်း-ဝဲချောင်းလမ်း (၁/၂.၆၄)မိုင်ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှု၊ ကျောင်းကုန်းမြို့နယ်၊ ဆိပ်သာ-လေးအိမ်လမ်းပေါ်ရှိ (၄၀) ပေ၊ (၂၀)ပေ ကွန်ကရစ်တံတား ပထမပိုင်းဆောင်ရွက်နေမှုနှင့် ကျောက်ခင်းလမ်း (၁) မိုင် ဆောင်ရွက်နေမှု၊ ကျုံတာ-သရွတ်ကြီး လမ်းပေါ်ရှိ (၁၀၀) ပေ၊ (၂၀) ပေ ကွန်ကရစ်တံတား ပထမပိုင်းဆောင်ရွက်နေများနှင့် ကျောက်ခင်းလမ်း (၁)မိုင် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတ်မှတ်ထားသည့် ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများအချိန်မီပြီးစီးစေရေးနှင့် အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
29-Nov-2023