သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဇလွန်မြို့နယ် ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့၊ ဧရာဝတီဟင်္သာတတာမိုင် (၂၅/၂)ဆန်တန်းရပ်ကွက်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှပြုလုပ်သည့် ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေး ကာကွယ်ရေးအတွက် ရေကာတာများနှင့် တာတမံများကို ခိုင်မာစွာတည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများကို နှစ်စဉ်ဆောင်ရွက်သကဲ့သို့ ဒေသတွင်းတွင်ရှိသည့် မြစ်များ၊ ချောင်းများ မြောင်းများ၌ ရွှံနွံပိ ရွှံ့နွံပိတ်ဆို့တိမ်ကောမှုများ မရှိအောင်၊ အမှိုက်သရိုက်များနှင့် ရေစီးရေလာ အဟန့်အတားမဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကို ကာကွယ်သည့်အခါ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ အင်အားသာမက ဒေသခံပြည်သူတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်မှသာ လျင်လျင်မြန်မြန်နှင့်အောင်မြင်စေမည် ဖြစ်ပါကြောင်း” ပြောကြားသည်။


Read More...
15-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအားဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများကပ်လှူပူဇော်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးတို့သည် ယနေ့နံနက်ပိုင်းက ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။


Read More...
15-Jul-2026
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေးအခြေခံ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်ဘီလီယံ ၁၀၀ ဘဏ္ဍာရေးပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဂုဏ်ပြုခြင်း
ဧရာဝတီတိုင်းဒေသကြီးသည် မိမိတို့မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အဓိကအချက်အချာကျသော တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အတွက် အခြေခံအကျဆုံးဖြစ်သော အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အားကောင်းမောင်းသန် ဖြစ်ထွန်းလာစေရန် အလွန်အရေးကြီးလှပါသည်။


Read More...
15-Jul-2026
ရေဘေးအန္တရာယ်နှင့်အတူ မြွေအန္တရာယ်ကိုလည်း အထူးသတိပြုကြပါရန်
လက်ရှိ ရေတက်/ရေကြီးနေတဲ့ အချိန်ကာလမှာ မိမိတို့ရဲ့ နေအိမ်၊ ခြံဝင်းအတွင်းနဲ့ ရေမြုပ်နေတဲ့ လမ်းမတွေပေါ်မှာ ရေစီးနဲ့အတူ မျောပါလာတတ်တဲ့ မြွေအန္တရာယ်ကို အထူးဂရုစိုက်ကြဖို့ နှိုးဆော်ချင်ပါတယ်။ #ရေစပ်စပ်နေရာများနှင့်အမှိုက်ပုံများ ရေလွတ်ရာကို တက်လာတတ်တဲ့ မြွေတွေ ခိုအောင်းနေနိုင်တာမို့ သတိထားကြည့်ရှုပါ။ #ညဘက်အပြင်ထွက်လျှင် ဓာတ်မီး သို့မဟုတ် ဖုန်းမီး အမြဲဆောင်ပါ၊ အမှောင်ထဲ လမ်းမလျှောက်ပါနဲ့။ #ကလေးငယ်များကိုသတိထားပါ ကလေးငယ်တွေ ရေဆော့တဲ့အခါ ရေထဲမှာ မြွေပါလာနိုင်ခြေရှိလို့ လူကြီးမိဘတွေ မျက်ခြေမပြတ် စောင့်ကြည့်ပေးကြပါ။


Read More...
14-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးမွေးမြူရေး အခြေခံ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးအခြေခံ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။


Read More...
14-Jul-2026