သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ပြည်သူဗဟိုပြု ရဲလုပ်ငန်းစနစ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ဆွေးနွေးပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ပြည်သူဗဟိုပြုရဲလုပ်ငန်းစနစ် အကောင် အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။


Read More...
20-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်သည့် စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်သည့် စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ “ မြို့ရွာများ သန့်ရှင်းသာယာရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် စည်းကမ်းရှိသော မြို့များဖြစ်စေရေးအတွက် အဓိကတာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေကြသော စည်ပင်သာယာရေးဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလေးထားလိုက်နာကျင့်သုံးရန်လိုကြောင်း


Read More...
17-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ခုနှစ်၊ မိုးရာသီ(ဒုတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲတက်ရောက်
၂၀၂၆ခုနှစ်၊ မိုးရာသီ(ဒုတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၃၆) မှန်စက်ရုံဝန်းအတွင်း၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့် တက်ရောက်၍ သစ်ပင်များစိုက်ပျိုးပေးခဲ့သည်။


Read More...
17-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ ယာဉ်မတော်တဆဖြစ်မှုကြောင့် ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတက်ရောက်ကုသနေသည့် နိုင်ငံ့ဝန်ထမ်းတစ်ဦးအား သွားရောက်ကြည့်ရှု၍ အားပေးစကားများပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ ယာဉ်မတော်တဆဖြစ်မှုကြောင့် ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတက်ရောက်ကုသနေသည့် နိုင်ငံ့ဝန်ထမ်းတစ်ဦးအား သွားရောက်ကြည့်ရှု၍ အားပေးစကားများပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။


Read More...
16-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် ခရိုင်ပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ် အောက် ခရိုင်ပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၁၃ ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဘောလုံးဝါသနာရှင် ပြည်သူများသည် ဗိုလ်လုပွဲစဉ်အဖြစ် ကျုံပျော်ခရိုင်အသင်းနှင့် မြောင်းမြခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


Read More...
16-Jul-2026