သတင်းများ


အသက်(၂၁)နှစ်အောက် ရပ်ကွက်/ကျေးရွာနှင့် တိုက်နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အားကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင်ပြုလုပ်သည့် ပုသိမ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီနှင့် မြို့နယ်ဘောလုံး အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော အသက်(၂၁)နှစ်အောက် ရပ်ကွက်/ကျေးရွာနှင့် တိုက်နယ် ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် Chaung Tha FC အသင်းနှင့် Family Six FCအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


Read More...
25-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ချောင်းသာမြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ချောင်းသာမြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသနေသည့်လူနာများအား အားပေးစကားများ ပြောကြားခဲ့ပြီး ခွဲစိတ်ခန်းများ၊ ဆေးသိုလှောင်ရုံများ ကိုကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
25-Jul-2026
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဧရာဝတီတိုင်းပြောင်းလုပ်ငန်းအသင်း၏ နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတက်ရောက်
၂၀၂၅-၂၀၂၈သက်တမ်း (ပထမအကြိမ်) ဧရာဝတီတိုင်းပြောင်းလုပ်ငန်းအသင်း၏ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ချောင်းသာမြို့၊ Golden Bay ဟိုတယ်တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။


Read More...
25-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်အား မီးလင်းဂျိုင် (၁၃၉ဝ)မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့ ရည်နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံမှ ဓာတ်အားလိုင်းသွယ်တန်းခြင်းစီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ လေ့လာတွေ့ရှိချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မီးလင်းဂျိုင် (၁၃၉ဝ)မဂ္ဂါဝပ် LNG သုံး သဘာဝဓာတ်ငွေ့ရည်နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံမှ ဓာတ်အားလိုင်း သွယ်တန်းခြင်း စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းစဉ်၏ လေ့လာ တွေ့ရှိချက်များနှင့် ပတ်သက်၍ Unique Environment Myanmar Co.,Ltd က တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ယနေ့မွန်းလွဲ ပိုင်းက လာရောက်ရှင်းလင်းတင်ပြခဲ့သည်။


Read More...
24-Jul-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြို့အဝင်ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားများ တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ် ကားလမ်းဘေး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ WELCOME TO KANGYIDAUNT ဆိုင်းဘုတ်ဖွင့်ပွဲ၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ WELCOME TO KYAUNGGON ဆိုင်းဘုတ်ဖွင့်ပွဲ၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ WE LOVE NYAUNGDONE ဆိုင်းဘုတ်ဖွင့်ပွဲနှင့် မအူပင်ခရိုင်၊ မအူပင်မြို့ “ သာယာစိုပြည် မအူပင်မြေ”၊ WE LOVE MAUBIN ၊ “စိတ်ထားဖြူစင် မအူပင်” ဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားများအား တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ မြို့အဝင်ဆိုင်းဘုတ်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။


Read More...
23-Jul-2026