သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားတက်ရောက်
၂၀၂၃ခုနှစ်၊ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားကို ပုသိမ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်”သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသ‌ရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။ ဆက်လက်၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့ရာတိုင်းဒေသကြီးဝန်ကြီးချုပ်က အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအားလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ပုသိမ်မြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


Read More...
07-Dec-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်အား တက်ရောက်ဖွင့်လှစ်ပေး
(၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ ကန်ကြီးထောင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကန်ကြီးထောင့်မြို့၊ အမှတ်(၅)၊(၆)ရပ်ကွက်ရှိ ဘဲဂရက်ကွန်ကရစ်လမ်းသစ် ဖွင့်ဖွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူးက ဘဲဂရက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးထံလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ဘဲဂရက်ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ရေရှည်တည်တံ့စေရေးထိန်းသိမ်းစောင့်ရှောက်ကြရန်မှာကြားခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါကွန်ကရစ်လမ်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့်ဆောင်ရွက်သော လမ်းဖြစ်ပြီး အလျား ၃၀၀ပေ၊ အကျယ်၁၄ပေနှင့် ထု ၈ လက်မ ရှိကြောင်းသိရပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သော လမ်းဖြစ်ကြောင်းသိရသည်။


Read More...
06-Dec-2023
အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတက်ရောက်
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိကာလသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ၁၆ရက်တာလှုပ်ရှားမှုကာလဖြစ်ပါကြောင်း၊ ကျား၊ မ ဖြစ်ခြင်းကို အခြေခံပြီးဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများပပျောက်ရန်အတွက် ၁၉၉၁ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီး ခေါင်းဆောင်မှုဗဟိုဌာနက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုသည် ကမ္ဘာ့နိုင်ငံအားလုံးတွင်ရှိသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးအတွက် သတိပေးနေခြင်းဖြစ်ပြီး အမျိုးသမီးများနှင့်မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု အဆုံးသတ်စေရေးနှင့်စပ်လျဉ်းပြီး နိုင်ငံတကာနှင့်ပြည်သူများက အလေးထားဆောင်ရွက် နေကြောင်းကိုပြသရန်အတွက် လှုံ့ဆော်ပေးခြင်းလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့်အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ၂၀၁၈ခုနှစ်ကစတင်ကာ ၁၆ရက်တာ လှုပ်ရှားဆောင်ရွက် မှုများကို နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂအနေဖြင့် နှစ်စဉ် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အဖြစ် ဆောင်ပုဒ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ယခုနှစ် ၂၀၂၃ ခုနှစ်အတွက်ဆောင်ပုဒ်မှာ “UNITE! Invest to Prevent Violence against Women and Girls” “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ပေါင်းစုရင်းနှီးမြှုပ်နှံပေး” ဖြစ်ပြီးဆောင်ပုဒ်၏ အဓိကအလေးပေး လိုသည့်အချက်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေးကဏ္ဍတွေမှာ အားလုံးပါဝင် ရင်းနှီးမြှုပ်နှံကြရန် ဖြစ်ပါကြောင်း၊ အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် လိုအပ်သည့်အချိန်တွင်လိုအပ်သည့် ပံ့ပိုးမှုရရှိလိုက်ခြင်းသည် အသေးစားပင်ဖြစ်လင့်ကစား အမျိုးသမီးများအတွက် ထိရောက်သောအကာအကွယ်ရရှိပြီး များစွာအကျိုးကျေးဇူးများကို ဖြစ်ထွန်းစေပါကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကာကွယ်ရေးပေါင်းစုရင်းနှီး မြှုပ်နှံပေး”ဟူသောအကြမ်းဖက်မှုပပျောက်ရေး၁၆ ရက်တာလှုပ်ရှားမှု ဆောင်ပုဒ်နှင့်အညီ အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက်လိုအပ်သည့် ဝန်ဆောင်မှုများလွယ်လင့်တကူ လက်လှမ်းမီအချိန်မီရရှိနိုင်ရေး ကဏ္ဍအသီးသီးမှာ အားလုံးပါဝင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများလျော့နည်းပပျောက်ရေးကိုဆောင်ရွက်ပေးကြစေလို ကြောင်း” တိုက်တွန်းအမှာစကားပြောကြားသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် အမျိုးသမီးများဘဝတစ်လျှောက် အကြမ်းဖက်ခံရမှုနှင့်ပတ်သက်သည့် အသိပညာပေး Video Clip ပြသမှုအားကြည့်ရှုအားပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး လူသုံးကုန်ဆပ်ပြာရည်၊ ဆပ်ပြာခဲ ပြုလုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို သူတော်ကုန်းကျေးရွာ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်းက အမျိုးသမီးများအားလုံး အမျိုးသားများနှင့်တန်းတူ ကဏ္ဍစုံလုပ်ငန်းနယ်ပယ်အသီးသီးတွင် ပါဝင်နိုင်စေရန် အမျိုးသမီး များ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မ တန်းတူညီမျှရေး၊ အမျိုးသမီး များအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များကို ဆက်လက် ဖော်ဆောင်လုပ်ကိုင်သွားကြရမည်ဖြစ်ကြောင်း၊ မည်သည့်ပညာရပ်ကိုမဆို တတ်မြောက်အောင် သင်ကြားပြီး တီထွင်ဆန်းသစ်မှုများဖြင့် မိမိဘဝမြင့်မားတိုးတက်အောင် ဆက်လက် ကြိုးစားသွားကြရန် ပြောကြားခဲ့သည်။ အဆိုပါ လူသုံးကုန်ဆပ်ပြာရည်၊ ဆပ်ပြာခဲ ပြုလုပ်နည်း သင်တန်းအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် မျက်နှာသစ်ဆပ်ပြာခဲ၊ ဘက်စုံသုံးဆပ်ပြာရည်၊ ရေချိုး ဆပ်ပြာ၊ အထည်ပျော့အမွှေးရည်ပြုလုပ်နည်းများအား လက်တွေ့သင်ကြားပြသပေးခဲ့ရာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကာ အခမ်းအနား တက်ရောက်လာကြသူများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးပို့ရန် ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူတစ်ဦးအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ စုပေါင်းပေးပို့သည့် ငါးနီတူခြောက်၊ ငါးမြီးတန်သွယ် ခြောက်၊ ငါးမဲလုံးခြောက်အစရှိသည့် ငါးခြောက်စုစုပေါင်း(၅၀၀)ပိဿာအား မော်တော်ယာဉ် ပေါ်သို့ တင်ဆောင်နေမှုကိုကြည့်ရှအားပေးခဲ့ပြီး စနစ်တကျတင်ဆောင်ရန်နှင့် အချိန်မီပေးပို့ နိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။


Read More...
05-Dec-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဖွင့်လှစ်သည့်ကွန်ကရစ်လမ်းသစ်အားတက်ရောက်ဖွင့်လှစ်ပေး
(၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူလူထုပူးပေါင်းဆောင်ရွက်သော အမှတ်(၁၃) ရပ်ကွက်၊ မဉ္ဇူလမ်းသွယ်(၂)လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ဖွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများ နှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့အား ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မဉ္ဇူလမ်းသွယ် (၂)လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုတို့ဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး အလျား၉၉၃ပေ၊ အကျယ်၁၂ပေနှင့် ထု၆လက်မ ရှိကြောင်း သိရသည်။


Read More...
05-Dec-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ငပုတောမြိုနယ်တွင်ပြုလုပ်သည့် တောင်သူများတွေ့ဆုံပွဲနှင့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ လိပ်ချောင်းကျေးရွာတွင် တောင်သူများတွေ့ဆုံပွဲနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများနှင့်တွေ့ဆုံ၍“ မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သော်လည်း ပန်းတိုင်အထွက်နှုန်း ရောက်ရှိရန်လိုနေပါသေးကြောင်း၊ စပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရန်အတွက် ပြီးခဲ့သည့် တောင်သူလယ်သမားနေ့တွင် တစ်ဧက ၁၀ တင်းနှုန်း ပိုမိုထွက်ရှိစေရေး ရည်မှန်းချက်များချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိ စေရေးအတွက် တောင်သူများအားမျိုးစပါးများပြောင်းလဲအသုံးခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများအချိုးကျသုံးစွဲခြင်း၊ သစ်စိမ်းမြေဩဇာများ (ပိုက်ဆံလျှော်)မြေခံထည့်သွင်းစိုက်ပျိုးခြင်းကို ဆောင်ရွက်စေခဲ့ပါကြောင်း၊ လာမည့်မိုးစပါး စိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်း စိုက်ပျိုးမည်ဖြစ်၍ ပိုက်ဆံလျှော်မျိုးစေ့ထုတ်ရန် စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပိုက်ဆံလျှော်အပြည့်အဝထည့်သွင်းစိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် အဖွဲ့လိုက်စုပေါင်း စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ရန်နှင့် မြေလွတ်နေရာများတွင် စနစ်တကျစုဖွဲ့၍ အစုအဖွဲ့စနစ်ဖြင့် မျိုးစေ့ရရှိရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးအထိ တိုးတက်စိုက်ပျိုးပြီး သီးထပ်စွမ်းအားမြင့်မားစေရေး ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကော်ဖီ၊ ရာဘာ စသည့် နှစ်ရှည်ပင်စိုက်ပျိုးခြင်းများအား ရည်မှန်းချက်များအောင်မြင်အောင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်းအပြင်ဆီထွက်သီးနှံ (နေကြာ) ကိုလည်း အောင်မြင်အောင် တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ အယ်နီညိုရာသီဥတုကြောင့် သီးနှံများအောင်ရေရရှိရေးအတွက် ချောင်းပိတ်၊ မြောင်းပိတ်ခြင်း များနှင့် ရေငန်တားတာများဆောင်ရွက်ခြင်းနှင့် ရေတံခါးများပြုပြင်ပေးခြင်းတို့ကို လုပ်ဆောင် လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးမှထွက်ကုန်များကိုအခြေခံသည့် MSMEလုပ်ငန်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရန် လိုအပ်ပါကြောင်းနှင့် ပန်းတိုင်အထွက်နှုန်းများ ရောက်ရှိ အောင် ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြ ခဲ့ပြီးနောက် ပုသိမ်ခရိုင်အတွင်း ပိုက်ဆံေလျှာ်ထည့်သွင်းအသုံးပြုခြင်း၊ ပိုက်ဆံလျှော်- သဘာဝမြေဩဇာထည့်သွင်းအသုံးပြုခြင်း၊ ပိုက်ဆံလျှော်- သဘာဝမြေဩဇာ-ဓါတ်မြေဩဇာ ထည့်သွင်းအသုံးပြုခြင်း စသည့် စမ်းသပ်စိုက်ပျိုးထားရှိသည့်ဆန်၊ စပါး နမူနာများကိုကြည့်ရှုစစ် ဆေးခဲ့ပြီး စတင်စိုက်ပျိုးချိန်မှစ၍ ဆန်ကြိတ်ခွဲသည်အထိစနစ်တကျမှတ်တမ်းများ ထားရှိစေရေး နှင့် ဆန်၊ စပါးအရည်အသွေးကောင်းမွန်မှုအခြေအနေများအား စမ်းသပ်မှုများဆောင်ရွက် နိုင်စေရေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လိပ်ချောင်းကျေးရွာ၊ တောင်သူ ဒေါ်မြင့်မြင့်အေး၏ စိုက်ဧက(၃.၈၉)ဧက ၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်စိုက်ခင်းနှင့် ဆီထွက်သီးနှံဆောင်းနေကြာများအား ဌာနဆိုင်ရာ များနှင့် တောင်သူများက မျိုးစေ့ချစိုက်ပျိုးပေးနေမှုများနှင့် ဗေဒါနှင့်သဘာဝမြေဩဇာ ပြုလုပ်ထားရှိများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ငပုတောမြို့နယ်၊ တံခွန်တိုင်ကျေးရွာ အဝင်လမ်းဘေး (ဝဲ)မြောင်းတူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ထားသည့် ဘဏ္ဍာနှစ်အတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။အဆိုပါမြောင်းသည် မြောင်းအလျား(၀.၆၆)မိုင်၊ ထိပ်ဝအကျယ်(၂၀)ပေ၊ အောက်ခြေအကျယ်(၈)ပေနှင့် ပျှမ်းမျှအမြင့် (၆)ပေရှိပြီး စိုက်ဧက(၁၀၀)ဧကအား အကျိုးပြုမည်ဖြစ်ကြောင်းသိရသည်။ ထို့နောက် ပုသိမ်-ငပုတောကားလမ်းဘေးရှိ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ပိုက်ဆံလျှော်မျိုးစေ့များ စနစ်တကျရိတ်သိမ်း စေရေးမှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ငပုတောလမ်း (၁၉မိုင်၅ဖာလုံ) (ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ငပုတောမြို့နယ်အပိုင်း)ကွန်ကရစ်လမ်းခင်းခြင်း (၃) ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း(၇)ဖာလုံ၊ တံတားအတက်အဆင်းဖြေညှိခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း လုပ်ငန်းများအား လည်းကောင်း၊ ငပုတောမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အုန်းပင်စု-သက္ကယ်ချောင်း လမ်းအရှည်(၀/၄မိုင်၊ အကျယ်၁၂ပေနှင့် ထု၇လက်မ)ရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအမာခံကျောက်ခင်းခြင်းပြီးစီးမှု အားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်ချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ထားသောကာလအတွင်း ပြီးစီးစေရေးနှင့် လမ်းဘေး ဝဲယာများ၊ လမ်းပုခုံးများ စနစ်တကျရှိစေရေးမှာကြားခဲ့သည်။


Read More...
04-Dec-2023