သတင်းများ


လေးမျက်နှာမြို့နယ်အတွင်းသို့ ရေဘေးကယ်ဆယ်ရေးယာဉ်များသွားလာမှုအဆင် ပြေစေရန် တလုတ္တော်-လေးမျက်နှာလမ်း၊ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်းနှင့် ပဆင-ခြောက်ရွာ-ကျွဲသောင်လမ်းပြင်ဆင်ပေးလျက်ရှိ
လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ တာမိုင်၂၅/၃ အနီးတွင် ငဝန်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှထူး ပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်ခြင်းဖြစ် ပွားလျက်ရှိသော လေးမျက်နှာမြို့နယ်အ တွင်းသို့ ရေဘေးကယ်ဆယ်ရေးယာဉ်များသွားလာမှုအဆင်ပြေစေရန် တလုတ္တော် - လေးမျက်နှာလမ်း၊ ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်းနှင့် ပဆင-ခြောက်ရွာ-ကျွဲသောင်လမ်းတို့အား ဆောက်လုပ်ရေးဝန် ကြီးဌာန၊ လမ်းဦးစီးဌာနမှ အင်တိုက်အား တိုက်ပြင်ဆင်ပေးလျက်ရှိကြောင်းသိရသည်။


Read More...
14-Aug-2026
ဟင်္သာတမြို့ သန့်ရှင်းသာယာလှပရေး၊ရေစီးရေလာကောင်းမွန်ရေး နှင့်ဟင်္သာတ -ဆုံကုန်း-မြန်‌အောင်လမ်း မိုင်တိုင်၁/၁ မှ၁/၇ အထိ လမ်းပခုံးနှစ်ဘက်ကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော် ကြည်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ သန့်ရှင်းသာယာလှပရေး၊‌ရေစီးရေလာကောင်းမွန်ရေး နှင့်ဟင်္သာတ - ဆုံကုန်း-မြန်‌အောင်လမ်း မိုင်တိုင်၁/၁ မှ၁/၇ အထိ လမ်းပခုံးနှစ်ဘက်ကွန်ကရစ်ခင်းခြင်းဆောင်ရွက်နေမှုအား ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအေးကျော်နှင့်တာဝန်ရှိသူများ ယနေ့နံနက်ကကြည်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


Read More...
14-Aug-2026
ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦး မအူပင်မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်‌ရေး ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးသည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းနှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တာဝန် ရှိသူများလိုက်ပါ၍ မအူပင်မြို့သန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများ၏ လုပ်ငန်း‌ဆောင်ရွက်နေမှုအခြေအနေများအား ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှုသည်။


Read More...
13-Aug-2026
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ဘက်မှ စီးဝင်လာသော ရေများအဟန့်အတားမရှိ လွယ်ကူစွာ စီးဆင်းလျော့ကျနိုင်ရေး၊ ရေလမ်းကြောင်း ပိတ်ဆို့မှုမရှိဘဲ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ဒေသခံမိဘပြည်သူများ၏ ရေလမ်းခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးတို့အတွက် ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နှင့် ကျောင်းကုန်းမြို့နယ် အတွင်းရှိ မြစ်၊ ချောင်းများအတွင်း စုပုံပိတ်ဆို့နေသော ဗေဒါများကို စုပေါင်းရှင်းလင်း ဆောင်ရွက်ခြင်း
ရေကြည်မြို့နယ်နှင့် ငသိုင်းချောင်းမြို့ အတွင်းရှိ ပိတ်ဆို့နေသော ရေလမ်းကြောင်းများ၊ ကျောင်းကုန်းမြို့နယ်၊ ဒါးကမြစ်(​ကျောင်းကုန်းတံတား -သစ်)တွင် ​မျောပါလာပြီး ပိတ်ဆို့နေသည့် ဗေဒါများနှင့် ပေါင်းမြက်များကိုရေယာဉ်များအသုံးပြု၍ အင်တိုက်အားတိုက် ဆွဲထုတ်ရှင်းလင်းခဲ့ကြပါသည်။


Read More...
13-Aug-2026
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာများထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို အားပေးစကားများပြောကြားခဲ့ပြီး ဆန်ရိက္ခာ၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။


Read More...
13-Aug-2026