သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသူများအား တွေ့ဆုံအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်အဖွဲ့သည် လေးမျက်နှာမြို့သို့ ရောက်ရှိပြီး ငဝန်တာနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်မှုဖြစ်စဉ်အတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပစ္စည်းများ ပို့ဆောင်ပေးခြင်း၊ ပရဟိတအဖွဲ့များနှင့် စေတနာရှင်အလှူရှင်များ လှူဒါန်းလိုသည့်နေရာများသို့ ပို့ဆောင်ပေးခြင်း၊ တာပြန်လည်ပိတ်ဖို့ရေးလုပ်ငန်းများနှင့် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့တွင် ပါဝင်ကူညီဆောင်ရွက်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား တွေ့ဆုံခဲ့သည်။
Read More...
13-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်စံပြကျေးရွာရှိ အမျိုးသားပညာဝန်ဦးဖိုးကျားအထိမ်းအမှတ် သုတစွယ်စုံစာကြည့်တိုက်အား ကြည့်ရှုလေ့လာပြီး အလှူငွေနှင့် ပရိဘောဂပစ္စည်းများလှူဒါန်း
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်စံပြကျေးရွာရှိ အမျိုးသားပညာဝန်ဦးဖိုးကျားအထိမ်းအမှတ် သုတစွယ်စုံစာကြည့်တိုက်သို့ ရောက်ရှိ၍ ဦးဖိုးကျား၏ စာအုပ်များ၊ မှတ်တမ်းဓာတ်ပုံများနှင့် စာအုပ် ငှားရမ်းဖတ်ရှုမှုအခြေအနေများကို ကြည့်ရှုလေ့လာခဲ့ပြီး သုတ၊ ရသစာအုပ်များ စုံလင်စွာထားရှိရေး၊ စာဖတ်သူများပိုမို စိတ်ပါဝင်စားစွာ လာရောက်လေ့လာ ဖတ်ရှုနိုင်ရေး၊ စာကြည့်တိုက်များပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး စာကြည့်တိုက်အတွက်လိုအပ်သည့် ပရိဘောဂပစ္စည်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့သည်။
Read More...
13-Aug-2026
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာများထောက်ပံ့ပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့် အတူ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို အားပေးစကားများပြောကြားခဲ့ပြီး ဆန်ရိက္ခာ၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
Read More...
13-Aug-2026
ကျေးဇူးတင်ဂုဏ်ပြုလွှာ
Read More...
သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲဆုံးအချိန်များတွင် ရေဘေးသင့်ပြည်သူများအား အမြန်ဆုံး ကူညီကယ်ဆယ်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် မိမိတို့ တတ်စွမ်းနိုင်သမျှ ငွေအား၊ ပစ္စည်းအားဖြင့် စေတနာသဒ္ဓါတရား ထက်သန်စွာ ဝိုင်းဝန်းလှူဒါန်းပေးကြသော ပြည်တွင်း/ပြည်ပမှ အလှူရှင်ပြည်သူများ၊ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးယာဉ်များ လွယ်ကူလျင်မြန်စွာ သွားလာလှုပ်ရှားနိုင်စေရန်အတွက် စက်သုံးဆီများ ပါဝင်လှူဒါန်းပေးကြသော စက်သုံးဆီဆိုင်များနှင့် အလှူရှင်များ၊ အသက်အန္တရာယ် ပူပန်မှုကို ပဓာနမထားဘဲ ကိုယ်အား၊ ဉာဏ်အားဖြင့် ရှေ့တန်းမှ မနားတမ်း ပါဝင်ကူညီပေးဆပ်နေကြသော လုပ်အားဒါနပြုသူများနှင့် စေတနာ့ဝန်ထမ်းများ၊ အားလုံး၏ မွန်မြတ်သော စေတနာ၊ အနစ်နာခံမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို အထူးပင် လေးစားဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။
Read More...
13-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငဝန်တာပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျကာ ရေကျော်စီးဝင်သည့် ငဝန်တာနေရာအား တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်း၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ မျောတုတ်တန်း၏ အပြင်ဘက်ခြမ်း ပိုမိုတောင့်တင်းခိုင်မာစေရေးအတွက် နိုင်လွန်ပိုက်ကြိုးဖြင့် စုစည်းထုပ်ပိုးထားသည့် သဲအိတ်များဖြည့်သွင်း၍ ကာကွယ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ၊
Read More...
12-Aug-2026