သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ကျင်းပသည့် ဥပ္ပါတသန္တိပါဠိတော်ပူဇော်ပွဲဒသမနေ့(အောင်ပွဲ) မဟာမင်္ဂလာ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဥပ္ပါတသန္တိပါဠိတော်ပူဇော်ပွဲ ဒသမနေ့(အောင်ပွဲ) မဟာမင်္ဂလာ အခမ်းအနားကိုပုသိမ်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဇောတိဿရ MA.Ph.D (India)အရှင်သူမြတ်က ဘုရားပင့်ခြင်း၊ နတ်ဖိတ်ခြင်း၊ ဥပ္ပါတသန္တိပါဠိတော်ပူဇော်ခြင်း၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသပူဇော်ခြင်း၊ အရပ်(၁၀)မျက်နှာ မေတ္တာပို့ခြင်း၊ အမျှပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများနှင့် ဘာဏက ဆရာတော်များအား အရုဏ်ဆွမ်းများဆက်ကပ်ခဲ့ကြသည်။ ဆက်လက်၍ ဥပ္ပါတသန္တိပါဠိတော်ပူဇော်ပွဲ ဒသမနေ့ (အောင်ပွဲ) မဟာမင်္ဂလာ အခမ်းအနားကျင်းပရာ ဆရာတော် သံဃာတော်များနှင့် အခမ်းအနားတက်ရောက်လာကြသူများက “နမောတဿ” (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ အရှင်ဉာဏောဘာသက ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်ဖြင့် သဗ္ဗညုတဘုရားရှင်ကိုပင့်ဆောင်ပူဇော်ခဲ့သည်။ ယင်းနောက် နိုင်ငံတော် ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး တိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးက ပင့်ဖိတ်ထားသော နတ်၊ ဗြဟ္မာတို့အား ပြန်လည်ပို့ဆောင်၍ အခမ်းအနားအား "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။


Read More...
10-Jan-2024
ကုသိုလ်ယူပါဝင်လှူဒါန်းနိုင်ပါရန်နှိုးဆော်ခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်မဟာမကုဋရံသီဆံတော်ရှင်မြတ်မော်တင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းအား စေတနာရှင်အများပြည်သူများ၏ စုပေါင်းထည့်ဝင်လှူဒါန်းမှုဖြင့် ဆောင်ရွက်လျက်ရှိရာ ပါဝင်ကုသိုလ်ယူလှူဒါန်းလိုသူများအနေဖြင့် အထက်ပစ္စယံ မဟာရံတံတိုင်း(၁၀)ပေ(၁)ခန်းလျှင် (၁၆)သိန်းကျပ်ဖြင့်လည်းကောင်း၊အောက်ပစ္စယံ နားနေဆောင်များလက်ရန်း(၉)ပေ(၁)ခန်းလျှင် (၁၁)သိန်းကျပ်နှူန်းဖြင့်လည်းကောင်း၊အောက်ပစ္စယံနားနေဆောင်ကြမ်းခင်းကြွေပြားခင်းခြင်းလုပ်ငန်းအတွက် ကြွေပြား (၁)ချပ်လျှင် ( ၄၀၀၀/-)ကျပ်နှူန်းဖြင့်လည်းကောင်း၊ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းများအတွက် သဒ္ဒါတတ်အားနည်းများမဆို ပါဝင်လှူဒါန်းလိုလျှင် လည်းကောင်း ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။ ဦးတင်အေး (စီးပွားရေးရာဝန်ကြီး) ၀၉-၈၈၂၃၂၃၇၃၇ ဦးသန်းဇော်ဟန် (ဒုတိယညွှန်ကြားရေးမှူး) ၀၉-၅၂၇၅၄၇၉


Read More...
10-Jan-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် နည်းပညာတက္ကသိုလ်(ပုသိမ်)၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအား တက်ရောက်အားပေး
နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(ပုသိမ်) မြို့ပြအင်ဂျင်နီယာဌာန၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာန ကျောင်းသူများ၏ တေးသီချင်းများဖြင့် ဖျော်ဖြေကပြမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “နည်းပညာတက္ကသိုလ်တွင် စတင်ပညာဆည်းပူးမည့် မောင်တို့မယ်တို့အား တက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများကအပါအဝင် စီနီယာအစ်ကို၊ အစ်မများက နွေးထွေးစွာကြိုဆိုကြခြင်းဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြပြီး မိမိတို့ဝါသနာပါသည့်ဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကို ဆက်လက်လေ့လာသင်ယူကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်အသီးသီးတွင် ဒေသနှင့် နိုင်ငံအကျိုးရှိစေမည့် ဘာသာရပ်များကိုတိုးချဲ့သင်ကြားလျက်ရှိပြီး မောင်တို့မယ်တို့အနေဖြင့်လည်း အင်ဂျင်နီယာဘာသာရပ်များကို ပိုမိုလေ့လာဆည်းပူးခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာကဏ္ဍသည် လွန်စွာအရေးပါလာပြီဖြစ်၍ အဆင့်မီ နည်းပညာရပ်များအား ကျောင်တော်ကြီးမှသင်ကြားပို့ချလျက်ရှိပြီး မောင်မယ်တို့၏ သင်ယူနိုင်မှု၊ လေ့လာနိုင်မှု ၊တီထွင်ဆန်းသစ်နိုင်မှု၊ အတွေးအခေါ် အယူအဆများနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်တည်ဆောက်ရေးအတွက် အားဖြည့်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်၍ စက်မှုနည်း ပညာဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် မောင်တို့မယ်တို့၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ ထို့ပြင် မောင်တို့မယ်တို့အနေဖြင့် အနေဖြင့်လည်း မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အဆင့်မြင့်ပညာကဏ္ဍအတွက် တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရန်နှင့် အားကစားလှုပ်ရှားမှုများကိုလည်းဆောင်ရွက် ကြဖို့တိုက်တွန်းပြောကြားလိုပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ကိုယ်ပိုင်းအတွေးအခေါ် ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် စဉ်းစားတွေးခေါ်၍ ခေတ်မီနည်းပညာရပ်များအားကြိုးစားလေ့လာသင်ယူကြပြီး တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက်အားကိုးအားထားပြုနိုင်သည့် နိုင်ငံ့သား ကောင်း၊ သမီးမွန်များဖြစ်ကြပါစေကြောင်း” နှုတ်ခွန်းဆက်အမှာစကားများပြောကြားပြီး နည်းပညာတက္ကသိုလ်(ပုသိမ်)ဒုတိယပါမောက္ခချုပ်ထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ဆက်လက်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန၊ စက်မှုအင်ဂျင်နီယာဌာန၊ သုတနည်းပညာအင်ဂျင်နီယာ ဌာနတို့မှ ကျောင်းသား၊ကျောင်းသူများ၏ တေးသရုပ်ဖော်အကများနှင့် ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


Read More...
09-Jan-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ စီစဉ်ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သော ရုရှားဘာသာစကား (အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေး
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော ရုရှားဘာသာစကား (အခြေခံ) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ငွေဆောင်မြို့၊ ယမုံနာဦးဟိုတယ်တွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယ ဝန်ကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော ရုရှားဘာသာစကား (အခြေခံ)သင်တန်းကိုယနေ့မှစတင်၍ ရက်သတ္တပတ် (၄)ပတ်ကြာဖွင့်လှစ်သင်ကြားပေးသွားမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ကမ်းခြေခရီးသွားလုပ်ငန်းများသို့ ပြည်တွင်း ပြည်ပခရီးသွားများဝင်ရောက်ခဲ့ကြရာ ရုရှားလူမျိုးခရီးသွားများအတွက် ဘာသာစကား အခက်အခဲများမရှိစေရန် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသာသင်တန်းသူများ အနေဖြင့်လည်း စနစ်တကျလေ့လာမှတ်သားသင်ယူပြီး လက်တွေ့အသုံးချနိုင်သည်အထိ ဘာသာစကားကျွမ်းကျင်မှုအရည်အသွေးများ ပိုမိုတိုတက်လာစေရေး ဆောင်ရွက်ကြစေလို ကြောင်း၊ တိုင်းဒေသကြီးသည် အေးချမ်းသာယာမှုရှိပြီး ရေ၊ မြေ၊ တောတောင်သဘာဝ အလှအပများ၊ ကမ်းခြေဒေသအလှအပများအပြင် ဒေသခံများ၊ ဟိုတယ်၊ တည်းခိုခန်း ဝန်ထမ်းများ၏ ယဉ်ကျေးပျုငှာမှု၊ ဧည့်ဝတ်ကျေပွန်မှု၊ ဘာသာစကားကျွမ်းကျင်မှု၊ ကျန်းမာရေး နှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆက်သည့် အစားအသောက်များစားသုံးနိုင်မှုများဖြင့် ခရီးသည် ဝင်ရောက်မှုများပိုမိုများပြားလာမည်ဖြစ်ပါကြောင်း အမှာစကားများပြောကြားခဲ့သည်။ ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းကဏ္ဍတွင် ရုရှားခရီးသွားဈေးကွက်ကို ပိုမိုကျယ်ပြန့်ထိရောက်စွာ ရရှိနိုင်ရန်နှင့် ရုရှားခရီးသွားများကို ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေးရည်ရွယ်၍ ယခုလို သင်တန်းဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက် ရေး၊ အလုပ်အကိုင်သင်တန်းများပိုမိုရရှိစေရေး၊ ကျွမ်းကျင် ဝန်ထမ်းများမွေးထုတ်ပေးနိုင်ရေး၊ ဝန်ဆောင်မှုကောင်းမွန်ရေးနှင့် ဝန်ထမ်းများ၏ ဘာသာစကားစွမ်းရည်တိုတက်မြင့်မားလာ စေရေးအတွက် ဧည့်လမ်းညွှန်သင်တန်းများ၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ၊ ဘာသာစကားသင်တန်းများ၊ အသိပညာပေးဆွေးနွေးပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို စဉ်ဆက်မပြက် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ရုရှားဘာသာစကား (အခြေခံ) သင်တန်းကိုသင်ကြားတတ်မြောက်ခြင်းမှတစ်ဆင့် ရုရှားလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့စရိုက် လက္ခဏာများကို သိရှိလေ့လာနိုင်ဖြစ်ပြီး ခရီးသွားလုပ်ငန်းများကို ပိုမိုအကျိုးပြုပေးနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့သည် တက်ရောက်လာကြသူများ သင်တန်းသားသင်တန်းသူများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ ကြကာ အခမ်းအနားရုပ်သိမ်းခဲ့ပါသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ စီစဉ်ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သော ရုရှားဘာသာစကား (အခြေခံ) သင်တန်းကိုယနေ့မှစတင်၍ ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ငွေဆောင်ဒေသ ရှိ ဟိုတယ်များမှ သင်တန်းသားသင်တန်းသူ (၃၀) ဦးတက်ရောက်လျက် ရှိကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးတို့သည် ငွေဆောင် ဟိုတယ်ဇုန်ရှိ ဌာဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ကမ်းခြေခရီးသွားလုပ်ငန်းများဖွံ့ဖြိုး ရေးအတွက်လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ခရီးသွားလုပ်ငန်း များမြှင့်တင်ခြင်းအနေဖြင့် promotion များဆောင်ရွက်ပေးခြင်း၊ ပျော်ပွဲရွှင်ပွဲ အားကစားပွဲများ ပြုလုပ်ပေးခြင်း၊ တိုင်းဒေသကြီးရှိ MSME လုပ်ငန်းများမှ ဒေသထွက်ကုန်များ၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ သင် လက်မှု ပစ္စည်းများ ပြသရောင်းချခြင်းများဆောင်ရွက်ပေးလျက်ရှိပြီး ခရီးသည်များသည် မိမိတို့ တိုင်းဒေသကြီး၏ ဒေသထွက်ကုန်များအား တစ်နေရာတည်းတွင် ဝယ်ယူအားပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ခရီးသည်ဝင်ရောက်မှုများသည် တစ်နှစ်ထက်တစ်နှစ်ပိုမိုဝင်ရောက်လျက်ရှိရာ ပြည်တွင်းပြည်ပ ခရီးသွားများအနေဖြင့် ကမ်းခြေအပန်းဖြေရုံသာမကဘဲ တိုင်းဒေသကြီးရှိ မြို့ကြီး များ၏ အထင်ကရနေရာများ၊ ရှေးဟောင်းအဆောက်အဦများ၊ ငွေဆောင်ဆင်စခန်း၊ သစ်တောစိုက်ခင်းများတွင် သွားလာအပန်းဖြေနေနိုင်ရေးပြင်ဆင်ဆောင်ရွက်ခြင်းနှင့် စိတ်ဝင်စား ဖွယ်ရာဆွဲဆောင်မှုရှိသည့်နေရာများရှာဖွေ၍ ခရီးစဉ်အသစ်များဖော်ဆောင်ရန် လိုအပ်ပါ ကြောင်း၊ မြေယာရှုခင်းများဆောင်ရွက်စေရေး၊ ရေချိုသုံးစွဲမှုများ စနစ်တကျရှိစေရေး၊ အမှိုက်များ စနစ်တကျစွန့်ပစ်စေရေး ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်းဆောင်ရွက် ပေးကြရန်”အမှာစကား များပြောကြားသည်။ ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် လုပ်ငန်းရှင်များမှ လိုအပ်သည်များဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား များပြောကြားခဲ့ကြောင်းသိရသည်။


Read More...
08-Jan-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးစပါး(ရေကျနောက်စိုက်)စံကွက်ရိတ်သိမ်းနေမှုအား တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု ၌ မိုးစပါး(ရေကျနောက်စိုက်)စံကွက်ရိတ်သိမ်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သာေပါင်းမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စုရှိ တောင်သူ ဦးစိုးသန်း၏ စိုက်ဧက၆ ဧကတွင် ပြုလုပ်သည့် ပခမ်းေရွှဝါ မျိုးစပါးစံကွက်ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရေကျနောက်စိုက်မိုးစပါးစိုက်ပျိုးမှု၊ သွင်းအားစုများ စနစ်တကျထည့်သွင်းဆောင်ရွက်မှု၊ အထွက်တိုးမျိုးစပါးများနှင့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးမှု၊ အထွက်နှုန်းတိုးတက်စေရေးဆောင်ရွက်နေမှု များအား ဆွေးနွေးမေးမြန်းခဲ့ပြီး စပါးရိတ်သိမ်းပြီးပါက ဒုတိယသီးနှံများ ထပ်မံစိုက်ပျိုးစေရေး၊ ရိုးပြတ်ကျန်များမရှိစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ တောင်သူဦးစိုးသန်း၏ လယ်မြေအားစံကွက်ရိတ်သိမ်းခဲ့ရာတွင် ပျမ်းမျှအထွက်နှုန်း တစ်ဧကလျှင် ၁၁၄ တင်းထွက်ရှိခဲ့ပြီးယခင်နှစ်ထက်ပိုမိုအထွက်တိုးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်ကုန်းကျေးရွာရှိ ပိုက်ဆံလျှော်မျိုးစေ့ထုတ်(၁)ဧကစိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ လာမည့်မိုးစပါးစိုက်ပျိုးရာသီတွင် ရေတော်မိုးတော်မိုးစပါးစိုက်ဧကအားလုံး ပိုက်ဆံလျှော်များ မြေခံထည့်သွင်း စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးခြင်းကြောင့် မြေဆီ မြေဩဇာများပြန်လည်ကောင်းမွန်လာသည်ကိုတွေ့ရှိနေရပြီဖြစ်ကြောင်း၊ သွင်းအားစု ထည့်သွင်းရမှုများကိုလည်းသက်သာစေမှာဖြစ်ပါကြောင်း၊ ပိုက်ဆံလျှော်မျိုးစေ့ ထုတ်ရာတွင်စနစ်တကျဖြင့်အောင်မြင်အောင်ဆောင်ရွက်ကြရန်နှင့် သီးထပ်စွမ်းအားများ တိုးတက်စိုက်ပျိုးစေရေး၊ ရိုးပြတ်ကျန်စိုက်ဧကများကျန်ရှိမှုမရှိစေရေး ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာအုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်း(မိုင်တိုင် ၇၇/၄မှ ၇၈/၅ အတွင်း) လက်ဝဲဘက်ခြမ်းမြောင်း တူးဖော်နေမှုများကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန် ရှိသူများမှ မြောင်းတူးဖော်မှုအခြေအနေများ၊ စိုက်ဧကများအတွက်အကျိုးပြုနိုင်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအမြန်ဆုံးပြီးစီးရေး၊ မြေစာများစနစ်တကျ ဆယ်ဖို့ထားရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။ အဆိုပါမြောင်းအားတူးဖော်ပြီးစီး ပါက သဲကုန်၊ ကံကလေး၊ ရောင်ပစ်ကွင်း၊ ကျုံဖားရိုး၊ ပန်းတောရိုး၊ ဆိပ်ဖူးနီကျေးရွာ အုပ်စုများရှိ ရေကျနောက်စိုက်မိုးစပါးစိုက်ဧကများ၊ နွေစပါးစိုက်ဧကများ ဧက၃၀၀၀ခန့်အတွက် အောင်ရေနှင့်စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။


Read More...
07-Jan-2024