သတင်းများ


ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်
ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်း စီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ပြီး ရေဘေးသင့်ခဲ့ရသည့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ နှင့်အတူ သွားရောက်၍ အားပေးစကားများပြောကြားပြီး ဆန်ရိက္ခာနှင့် စားသောက် ဖွယ်ရာများထောက်ပံ့ပေးအပ်ခဲ့သည်။


Read More...
16-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြန်အောင်ခရိုင်အတွင်း ရေကာတာများကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့်တာဝန်ရှိသူများသည် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ အမှတ်(၁)ရပ်ကွက် မြန်အောင်တာ အရှေ့ဘက်ရှိ ကွန်ကရစ်ရေကာနံရံ အလျား(၂၆၅) ပေ၊ မြေပြင်အမြင့် ၅ပေ ၏ အရှေ့ဘက် ပေ(၈၀) ခန့်အကွာ ဆည်မြောင်းကမ်းနားတာ (တာဟောင်း)ကမ်းပြိုမှုသက်သာစေရန် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် မြန်အောင်တာမိုင် ၆/၃ နှင့်၆/၄ ကြား မန်ကျီးစု ပန်းတာ အရှေ့ဘက် ပေ ၂၅၀ ခန့်အကွာ အလျား (၃၆၅)ပေရှိ ရေကာနံရံကြံ့ခိုင်မှု ကောင်းမွန်စေရန် သဲအိတ်များဖြင့် တာခြေထောက် ဆောင်ရွက်ထားရှိမှုအခြေအနေများ


Read More...
15-Aug-2026
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များနှင့် စေတနာရှင်အလှူရှင်များက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ စေတနာရှင် အလှူရှင်များမှ စုစုပေါင်း ဆန်အိတ် (၅၀၀)အိတ်အား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးက ရေကျော်စီးဝင်ခဲ့မှုကြောင့် လူနေအဆောက်အဦများ ရေဝင်ရောက်မှု၊ လူနှင့် တိရစ္ဆာန်များ ရေလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းထားရှိမှု၊ ရေရှောင်စခန်းများဖွင့်လှစ်ထားရှိမှု၊ ထောက်ပံ့ပစ္စည်းများပေးအပ်မှု၊ စိတ်ဓာတ်မြှင့်တင်ရေးဆောင်ရွက်မှု၊ ငဝန်တာရေကျော်စီးဝင်မှုနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် လုပ်ငန်းတိုးတက်မှုကို ရှင်းလင်းတင်ပြသည်။


Read More...
15-Aug-2026
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်
ဟင်္သာတမြို့၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနရိပ်သာတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဧရာဝတီတိုင်းဒေသကြီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ PEC Private School (Pathein)တို့က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ရာ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကတို့က လက်ခံရယူခဲ့သည်။


Read More...
15-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတတက္ကသိုလ်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတတက္ကသိုလ်အတွင်း သန့်ရှင်းသာယာလှပ စေရေးနှင့် စိမ်းလန်းစို‌ပြေစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


Read More...
15-Aug-2026