သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ညစာစားပွဲ ဖျော်ဖြေရေးအစီအစဉ်တွင် ပါဝင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့အား ဂုဏ်ပြုကြိုဆို
၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ညစာစားပွဲဖျော်ဖြေရေး အစီအစဉ် တွင် ပါဝင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုယဉ်ကျေးမှုအဖွဲ့အား ဂုဏ်ပြုကြိုဆိုပွဲကို (၁၅.၂.၂၀၂၄) ရက်နေ့ ညနေပိုင်းက ပုသိမ်တက္ကသိုလ်တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ် တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုယဉ်ကျေးမှုအကဖွဲ့အား ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆို ခဲ့ကြပြီး ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ခဲ့သည်။ ထို့နောက် ဂုဏ်ပြုပွဲကိုဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ညစာစားပွဲ ဖျော်ဖြေရေးအစီအစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့အနေဖြင့် သွားရောက်ဖျော်ဖြေခွင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည် အနုပညာရှင်များ မဟုတ်သော်လည်း ရရှိသည့်အချိန်တွင် ဆရာ၊ ဆရာမ များ၏ သင်ကြားပြသမှုများကို လိုက်နာ၍ ကြိုးစား ဖျော်ဖြေခဲ့ကြပါကြောင်း၊ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင် ဂုဏ်ယူပါကြောင်း” ဂုဏ်ပြုအမှာစကားပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးယဉ်ကျေးမှုအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ ပုသိမ်တက္ကသိုလ်၊ ဘူမိဗေဒဌာနမှ ပါမောက္ခက ဖျော်ဖြေရေးအစီအစဉ်များနှင့်ပတ်သက်၍ အတွေ့အကြုံများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဧရာဝတီ တိုင်းဒေသကြီးကိုယ်စားပြုယဉ်ကျေးမှုအဖွဲ့အား စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။


Read More...
16-Feb-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ယအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်၊ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က“တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီအား ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ အနာဂတ်တာ၀န်များကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်များကိုဘက်ပေါင်းစုံ အရည်အသွေး ပြည့်၀လာစေရန် စနစ်တကျပြုစုပျိုးထောင် ပေးရမည်ဖြစ်ကြောင်း၊ လူငယ်များ၏ ကဏ္ဍသည်အရေးကြီးသော ကဏ္ဍတစ်ရပ်တွင်ပါဝင်နေပြီး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန် ပြုစုပျိုးထောင်ရမည် ဖြစ်ပါကြောင်း၊ ကော်မတီဝင်များ အနေဖြင့် မိမိတို့ကဏ္ဍအလိုက် ပီပြင်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်”အဖွင့် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ် ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များက အထွေထွေဆွေးနွေးတင်ပြခဲ့ပြီး ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
15-Feb-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်မြို့၊ ကမ်းနားလမ်း၊ ဥမ္မာဒန္တီတံတားနှင့် ဗိုလ်မြတ်လေးတံတားအကြားရှိ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားတည်ဆောက်ရေးလုပ်ငန်းခွင် ကြည့်ရှုစစ်ဆေး
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ ဥမ္မာဒန္တီ တံတားနှင့် ဗိုလ်မြတ်လေးတံတားအကြားရှိ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတားတည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိ၍ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ် (၈၂၀.၀၀) သန်းဖြင့် Bored Pile အခြေပြု တိုးချဲ့ဆိပ်ခံတားအလျား (၂၀၀)ပေ တည်ဆောက် နေသည့် အခြေအနေအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး လမ်းညွှန်မှာကြားပါသည်။ အဆိုပါကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား အလျား(၂၀၀)ပေတည်ဆောက်ခြင်းလုပ်ငန်းသည် ယနေ့အထိ(၇၀) ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာရှိ တောင်သူ ဦးမြင့်အောင်၏ နွေစပါးစိုက်ဧက(၂)ဧကတွင် ရက်(၉၀) မျိုးစပါးအား Seeder စနစ်ဖြင့် စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အထွက်တိုး မျိုးကောင်းမျိုးသန့်များစိုက်ပျိုးရန်နှင့် အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးရန် မှာကြားခဲ့သည်။


Read More...
15-Feb-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အုန်းအခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုပညာပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီးအတွင်း အလားအလာရှိသောထုတ်ကုန်(အုန်းသီး) တန်ဖိုးကွင်းဆက် တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း လုပ်ငန်းစီမံကိန်း အုန်းအခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုပညာပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ အုန်းအခြေခံထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမုခ်ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီးသည် အုန်းစိုက်ပျိုး ဧက ခြောက်သောင်းကျော်ရှိပြီး ဖျာပုံမြို့နယ်နှင့် ပုသိမ်မြို့နယ်တို့မှ အများဆုံးထွက်ရှိပြီး ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်သည့် အလားအလာများလည်းရှိပါကြောင်း၊ အုန်းစိမ်းရည် သုံးစွဲခြင်းမှသည် စားသောက်ကုန်လုပ်ငန်းများ၊ အလှကုန်ထုတ်လုပ်သည့်လုပ်ငန်းများ၊ လက်မှုပညာ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လျက် ရှိပါကြောင်း၊ အုန်းသီးမှ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိသည့် အုန်းသီးများအား ဘဏ္ဍာနှစ်အလိုက် ပြည်ပသို့ တင်ပို့နိုင်ခဲ့ပါကြောင်း၊ ယခုစီမံကိန်းမှ အုန်းစိုက်ပျိုး ထုတ်လုပ်သူများအတွက် အမှန်တကယ် လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့်လည်း လိုအပ်သည့်နေရာများတွင် ညှိနှိုင်းပူးပေါင်း ပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း” အမှာစကားများပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က စီမံကိန်းနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ အုန်းအခြေခံပို့ကုန်မြှင်တင်နိုင်ရေး၊ အုန်းအခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုပညာပြပွဲနှင့် ပြိုင်ပွဲပြုလုပ်ရခြင်းများကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး အုန်းအခြေခံစားသောက်ကုန်၊ သဘာဝ အုန်းမှုန့်မြေဩဇာ၊ လူသုံးကုန်ပစ္စည်းများ၊ အုန်းလက်မှုပစ္စည်းများနှင့် အုန်းထွက်ပစ္စည်းများ ပြသထားသည့် ပြခန်းများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အုန်းအခြေခံထုတ်ကုန်ပစ္စည်းများ ပြပွဲနှင့်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုန်းအခြေခံ ထုတ်ကုန်ပြခန်း(၂၁)ခန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ အုန်းအခြေခံ ထုတ်ကုန်ပြခန်း (၆)ခန်း၊ စုစုပေါင်း(၂၇)ခန်း ပါဝင်ယှဉ်ပြိုင်ပြသလျက်ရှိပြီး ယခုလ(၁၅)ရက်နေ့မှ (၁၆)ရက်နေ့အထိ ပြသသွားမည်ဖြစ်ပါသည်။


Read More...
15-Feb-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်နေ့အထိမ်း အမှတ် ဂုဏ်ပြုညစာစားပွဲနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညပိုင်းက ပြုလုပ်ခဲ့ရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီစည်သူ ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ် စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပြီး ဖျော်ဖြေရေး အဖွဲ့များက သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆုရရှိသူများအား ဆုများချီးမြှင့်ရာ တိုင်းအဆင့် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး တတိယဆု၊ အလယ်တန်းအဆင့် တတိယဆု၊ အခြေခံပညာအထက်တန်းဆင့် ကဗျာ တတိယဆု၊ အလယ်တန်းအဆင့် တတိယဆု ရရှိသူများကို ပုသိမ်လေတပ် စခန်းဌာနချုပ်မှူး၏ ဇနီးကလည်းကောင်း၊ တက္ကသိုလ်အဆင့် စာစီစာကုံး တတိယဆု၊ ကဗျာ တတိယဆု၊ ဌာနဆိုင်ရာပြခန်း တတိယဆု၊ MSME ပြခန်း တတိယဆု ရရှိသူများကို ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး ဒုတိယဆု၊ အလယ်တန်းအဆင့် ဒုတိယဆု၊ အခြေခံပညာ အထက်တန်းအဆင့် ကဗျာ ဒုတိယဆု၊ အလယ်တန်းအဆင့် ဒုတိယဆု ရရှိသူများကို အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးကလည်းကောင်း၊ တက္ကသိုလ်အဆင့် စာစီစာကုံး ဒုတိယဆု၊ ကဗျာ ဒုတိယဆု၊ ဌာနဆိုင်ရာပြခန်း ဒုတိယဆု၊ MSME ပြခန်း ဒုတိယဆု ရရှိသူများကို အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံး ပထမဆု၊ အလယ်တန်းအဆင့် ပထမဆု၊ အထက်တန်းအဆင့် ကဗျာ ပထမဆု၊ အလယ်တန်းအဆင့် ပထမဆု ရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက လည်းကောင်း၊ တက္ကသိုလ်အဆင့် စာစီစာကုံး ပထမဆု၊ ကဗျာ ပထမဆု၊ ဌာနဆိုင်ရာ ပြခန်း ပထမဆု၊ MSME ပြခန်းပထမဆု ရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပညာအလင်္ကာတေးဂီတအဖွဲ့မှ ပြည်ထောင်စုနေ့ဂုဏ်ပြုတေးသီချင်းများဖြင့်လည်းကောင်း၊ ပုသိမ်ပညာရေးဒီဂရီ ကောလိပ် မြန်မာရိုးရာကျေးလက်အကအဖွဲ့၊ ကရင်ရိုးရာဒုံးယိမ်းအကအဖွဲ့၊ ချင်းရိုးရာအကအဖွဲ့၊ ရခိုင်ရိုးရာအကအဖွဲ့နှင့် တိုင်းဒေသကြီးကိုယ်စားပြု တူယှဉ်နွှဲပျော်ဂီတပွဲတော် winner ဆုရှင် များ၏ သီဆိုကပြဖျော်ဖြေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုညစာ အတူတကွ သုံးဆောင် ခဲ့ကြကာ အဆိုရှင်များ၊ အကအဖွဲ့များနှင့် ပညာအလင်္ကာတေးဂီတအဖွဲ့တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီစည်သူ ဦးတင်မောင်ဝင်းက ဂုဏ်ပြုပန်းစည်း ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသိရသည်။


Read More...
12-Feb-2024