သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်၊ ကြံခင်း မြို့နယ်ရှိ အကောက်တောင် စေတီတော်အားဖူးမြော်ကြည်ညို
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော်ဝါရီ ၁၈ ရက်နေ့ နေ့လည်ပိုင်းတွင် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အကောက်တောင်စေတီတော်အား ဖူးမြော်ကြည်ညို၍ အလှူငွေများလှူဒါန်းခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အကောက်တောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တနန္ဒါစာရအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ အကောက်တောင်သာသနိကနယ်မြေအတွင်း သာသနိကအဆောက်အဦများတည်ဆောက်နေမှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးဆောင်ရွက်နေမှုအခြေအနေများတင်ပြလျှောက်ထားခဲ့ပြီးလှူဖွယ်ဝတ္တုပစ္စည်းများနှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် အမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ ရွှေမြင်းတင်စေတီတော်မြတ်ကြီးအား လှည့်လည်ဖူးမြော် ကြည်ညိုဖူးမြော်ခဲ့ပြီးနောက် အကောက်တောင်နံရံများရှိ နံရံကပ်ရုပ်ပွားတော် များအား ဖူးမြော်ခဲ့ကာ နံရံကပ်ရုပ်ပွားတော်များထိခိုက်ပျက်စီးမှု မရှိစေရေးထိန်းသိမ်း စောင့်ရှောက်ရန်၊ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်နိုင်ရေးအတွက် ဘုရားပရဝဏ်အတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။


Read More...
19-Feb-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်၊ မြန်အောင်ခရိုင်များအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ မြန်အောင်ခရိုင်များ အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိများသူနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာရှိ တောင်သူဦးနိုင်ဝင်းဆွေ ၏ လယ်( ၅ )ဧက၌ စိုက်ပျိုးထားသည့် Super Sun 41 နေကြာဖြစ်ထွန်းအောင်မြင်နေမှုများနှင့် ငါးသိုင်းချောင်းမြို့၊ ဒေါင့်ကြီးဘက်ကျေးရွာရှိ တောင်သူ ဦးကျော်ညွန့်၏ စိုက်ဧက(၅)၌ စိုက်ပျိုးထားသည့် ပဲတီစိမ်း-နေကြာ သီးညှပ်စံပြစိုက်ခင်းဖြစ်ထွန်းအောင်မြင်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး နေကြာပွင့်များ ထိခိုက်ပျက်စီးမှုမရှိစေရေး၊ ပိုးမွှားအန္တရာယ်ကျရောက်မှုမရှိစေရေး၊ မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းများ စနစ်တကျဆောင်ရွက်စေရေးနှင့်အောင်မြင်​ အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးတို့သည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဇာတအမှုးပြု သော သံဃာတော် အရှင်သူမြတ်များအားဖူးမြော်ကြည်ညို၍ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ ဆက်လက်နာယူကြည်ညိုခဲ့ကြပြီး ဆန်၊ ဆီ၊ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဇာတထံမှ အနုမောဒနာတရားနာကြားခဲ့ကာလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ဆင်သေကျေးရွာရှိ တောင်သူ ဦးအောင်ဌေး၏ စိုက်ဧက(၂)ဧက၌ ဆင်းရွှေကြာ(၂)နေကြာ အောင်မြင်ဖြစ်ထွန်းနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ဆီဖူလုံရေးအတွက် နေကြာ၊ နှမ်း၊ မြေပဲစသည့် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနေမှုအခြေအနေများနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်နေမှုအ ​ခြေအနေများ ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက် အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှားတောကျေးရွာသို့ သွားရောက်ခဲ့ပြီး မြေနုကျွန်းတွင် တောင်သူ(၇၀)ဦး၏ စိုက်ဧက( ၂၃၈) ဧက၌ ပဲလွန်း၊ ပဲယင်း၊ ပဲစိတ်တို/အပျိုကြီးပဲ၊ ပဲကြီး၊ ပဲတီစိမ်း၊ မြေပဲအဖြူ၊ ခရမ်းချဉ်သီး၊ပြောင်း၊ နေကြာစသည့် ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းအား ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများမှ သီးနှံများစိုက်ပျိုးမှုဖြစ်ထွန်းမှု၊ ရောင်းချရမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ်ဖြစ်ထွန်းအောင်မြင်စေရန်၊ တိုးချဲ့စိုက်ပျိုးရန်နှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် မြန်အောင်မြို့ ကမ်းထိန်းလုပ်ငန်း ဘိုးပိုင်အခြေပြုကျောက်စီတမံ အလျား၂၆၀ပေ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကမ်းထိန်းလုပ်ငန်းများရေရှည်တည်တံ့မှုရှိစေရေး အရည်အသွေးကောင်းမွန်ပြီး သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။


Read More...
18-Feb-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်၊ မြောင်းမြခရိုင်၊ ပုသိမ်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ မြောင်းမြခရိုင်၊ ပုသိမ်ခရိုင်င် များအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိများသူနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇီးချောင်ကျေးရွာအုပ်စုရှိ တောင်သူဦးအောင်သန်းဦး၏ ရေကျနောက်စိုက် စိုက်ဧက( ၁၀ )ဧက တွင် GW-11 မျိုးစပါး စံကွက်ရိတ်သိမ်းနေမှုအားလည်းကောင်း၊ တောင်သူ ဦးဝေလင်းအောင်၏ စိုက်ဧက(၇)ဧကတွင် ဒုတိယသီးနှံ နွေစပါးတိုက်ရိုက်အစေ့ချ( Durm Seeder)ဖြင့် စိုက်ပျိုးနေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံ၍ သွင်းအားစုများစနစ်တကျ ထည့်သွင်းဆောင်ရွက်မှု၊ အထွက်တိုး မျိုးစပါးများနှင့် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးမှု အထွက်နှုန်းတိုးတက်စေရေး ဆောင်ရွက်နေမှုများအား ဆွေးနွေးမေးမြန်းခဲ့ပြီး စပါးရိတ်သိမ်းပြီးပါက ဒုတိယသီးနှံများ ထပ်မံစိုက်ပျိုးစေရေး၊ သီးထပ်စွမ်းအားမြှင့်တင်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးဆောင်ရွက်ရန်မှာကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာရှိ တောင်သူဦးဝင်းဗိုလ်၏ လယ်မြေ(၅)ဧက ၌ ဆင်းရွှေကြာ(၂) မျိုးရွေးချယ်မြှင့်တင်ရေးစံပြကွက်၌ ဆီထွက်သီးနှံနေကြာ စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ နေကြာပွင့်အရွယ်အစားအလိုက် နေကြာစေ့ ပါရှိမှုအခြေအနေများနှင့် မျိုးရွေးချယ်မှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ နေကြာပွင့်အရွယ်အစားအလိုက် စနစ်တကျရေတွက်ထားရှိရန်၊ ရိတ်သိမ်းချိန် လေလွင့် မရှိစေရေးဂရုစိုက်ဆောင်ရွက်ရန်မှာကြားခဲ့ကာ စံကွက်ရိတ်သိမ်းနေမှုများကိုကြည့်ရှု အားပေးခဲ့ပြီး တတိယသီးနှံ နေကြာစမ်းသပ်စိုက်ခင်းနှင့် တတိယသီးနှံနှမ်း၊ နေကြာသီးညှပ် စိုက်ခင်း စမ်းသပ်စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် သဲကုန်းကျေးရွာ တောင်သူဦးပွား၏ နေကြာ၊ မြေပဲ စနစ်စကျသီးညှပ်(၄) ဧကစိုက်ခင်း စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုနှင့် တစ်နှစ်သုံးသီးစိုက် လယ်ဧက( ၅)ဧကတွင် ပထမသီးနှံ စပါး၊ ဒုတိယသီးနှံ ပဲတီစိမ်း စိုက်ပျိုးပြီး၍ တတိယသီးနှံ နွေစပါး (ခွန်နှစ်)မျိုးသန့်စပါး စိုက်ပျိုးရန် ဆိုလာစနစ်ဖြင့်ရေတင်၍ မြေပြင်ထွန်ယက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သီးထပ်စွမ်းအား မြှင့်တင်နိုင်ရေးနှင့် အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခယ်မမြို့၊ သကျမဟာသီရိဘုရားကြီးအား ဖူးမြော်ကြည်ညို ၍ အလှူငွေများပေးအပ်ခဲ့ပြီး ဘုရားကြီးရှိ တကဲတော်၊ ပန်းေတာင်ပန်းစွဲများ၊ မှန်စီရွှေချ လက်ရာများ၊ ရုပ်လုံးရုပ်ကြွများစသည့် ရှေးလက်ရာများ ေရရှည်တည်တံ့ စေရေးနှင့် ထိခိုက် ပျက်စီးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ဘုရားပရဝဏ်အတွင်းအပြင် သန့်ရှင်းသပ်ရပ်မှု ရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခယ်မ - အိမ်မဲ - မြောင်းမြ ကားလမ်းဘေးဝဲယာရှိ ကျေးရွာအလိုက် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများနှင့် ဝဲကြီးဝကျေးရွာရှိ တောင်သူဦးရွှေထွန်း၏ ဆီထွက်သီးနှံနေကြာ( Super Sun 41) (၅) ဧက စိုက်ခင်းဖြစ်ထွန်းအောင်မြင်မှုများကိုကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် မတ်လ၂ ရက်နေ့၌ ကျင်းပပြုလုပ်မည့် တောင်သူလယ်သမားနေ့အခမ်းအနားတွင် ပြသရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆောင်ရွက်ထားသည့် သီးပင်စားပင်များ၊ သစ်ပင် ပန်းမန်များနှင့် အခမ်းအနားပြုလုပ်မည့်နေရာတို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ တောင်သူ လယ်သမားနေ့အတွက် ကြိုတင်ပြင်ဆောင်ရွက်နေမှုအခြေအနေများအား တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် သီးပင်စားပင်များ စိမ်းလမ်းစိုပြေနေစေရေး၊ သစ်ပင်ပန်းမန်များ အချိန်မီဖူးပွင့်စေရေး၊ ပြခန်းများစုံလင်စွာဖြင့်အများပြည်သူ ဗဟုသုတရရှိစေရေးပြသနိုင်ရေးနှင့် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာရှိ တောင်သူဦးမြင့်စိုး၏ စိုက်ဧက (၁၀)ဧကတွင် ဆီထွက်သီးနှံနေကြာ( Super Sun 41) စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပိုးမွှားအန္တရာယ် သတိထားဆောင်ရွက်စေရေး၊ မြေဩဇာကျွေးခြင်း၊ ရေပေးခြင်းများ အချိန်ကိုက်ဆောင်ရွက် စေရေးနှင့် အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားသည်။ ဆက်လက်၍ အောင်တက် ကျေးရွာ နွေစပါး ဆင်းသုခ (RS-CS) မျိုးသန့်မျိုးစေ့ထုတ်စံပြစိုက်ခင်းမြေဩဇာ စုပေါင်းကြဲပတ် နေမှုအားကြည့်ရှုအားပေးခဲ့ပြီး သဘာဝမြေဩဇာ၊ ဓါတ်မြေဩဇာအချိုးကျ သုံးစွဲစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။


Read More...
17-Feb-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲတက်ရောက်
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဝင်များ၊ ပုသိမ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လူငယ်ရေးရာ ကော်မတီဖွဲ့စည်းရသည့် ရည်ရွယ်ချက်အားရှင်းလင်းဆွေးနွေးကာ လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက်တွင်ပါရှိသည့် လူငယ်ဆိုင်ရာ ကဏ္ဍ(၁၆)ခုတွင် ဦးစားပေး ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် (၅၈) ခု၊ ဆောင်ရွက်ချက် (၁၂၁)ခုတို့အား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင် မည့် လူငယ်များအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ရန်အတွက် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဘက်ပေါင်းစုံမှ အရည်အသွေးပြည့်၀လာစေရန် စနစ်တကျ ပြုစုပျိုးထောင်းပေးရမည်ဖြစ်ပါကြောင်း၊ အသိပညာပေးဟောပြောပွဲသို့ တက်ရောက် လာကြသည့် မောင်တို့မယ်တို့အား ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့် အခြေခံပညာကျောင်းများတွင် လူငယ်စကားဝိုင်းများကို ပြုလုပ်လျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် စာပေ၊ အားကစား၊ အနုပညာ ဘာသာရပ် များတွင် စိတ်ပါဝင်စားစွာ လေ့လာသင်ယူပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ဖြစ်လာစေရန် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့ လေ့လာသည့်ဘာသာရပ်များကို ကျွမ်းကျင် တတ်မြောက်အောင် လေ့လာသင်ယူ၍ တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် ကောင်းမွန်စွာ အကျိုးပြုနိုင်ပါစေကြောင်းနှင့် ယနေ့ပြုလုပ်သည့် ဟောပြောပွဲမှတစ်ဆင့် ဗလ ငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံ့တာဝန်များကို ပုခုံးပြောင်းထမ်းဆောင်မည့် လူငယ်လူရွယ်များ ဖြစ်ပါစေကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက တိုင်းပြည်၏အနာဂတ်အတွက် လူငယ်များ၏အရေးပါမှု အခန်းကဏ္ဍများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပုသိမ်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ ဒေါက်တာသန်းထိုက်က လူငယ်ရေးရာခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လူငယ်ရေးရာအသိပညာပေးဟောပြောပေးသည့် ပုသိမ်တက္ကသိုလ်၊ မြန်မာစာဌာန ပါမောက္ခ ဒေါက်တာသန်းထိုက်အား ဂုဏ်ပြုလက်ဆောင်နှင့် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပုသိမ်တက္ကသိုလ်သို့ အားကစားပစ္စည်းများ ဆက်လက်ပေးအပ် ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။


Read More...
16-Feb-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အုန်းအခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုပညာ ပြပွဲနှင့် ပြိုင်ပွဲဆုချီးမြှင့်အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအတွင်း အလားအလာရှိသောထုတ်ကုန်(အုန်းသီး) တန်ဖိုးကွင်းဆက် တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း လုပ်ငန်းစီမံကိန်း အုန်းအခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ လက်မှုပညာပြပွဲနှင့် ပြိုင်ပွဲ ဆုချီးမြှင့်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူ များနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အုန်းအခြေခံထုတ်ကုန်ပစ္စည်းများအား ဧရာဝတီတိုင်း ဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ လုပ်ငန်းရှင်အဖွဲ့များက လာရောက်ပြသ ပြိုင်ပွဲဝင်ခဲ့ ပါကြောင်း၊ ပြပွဲကာလအတွင်း အုန်းအခြေခံထုတ်ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းရှင်များ တွေ့ဆုံပြီး လုပ်ငန်းအတွေ့အကြုံများ ဆွေးနွေးဖလှယ်ခြင်း၊ လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် နိုင်ရန်အတွက် အချိတ်အဆက်ကောင်းများရရှိစေခြင်းနှင့် အရည်အသွေးမြင့် ထုတ်ကုန် ပစ္စည်းများထုတ်လုပ်၍ ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်သို့တင်ပို့နိုင်မည့် အတွေ့အကြုံကောင်းများရရှိစေနိုင်မှာဖြစ်ပါကြောင်း၊ ထုတ်ပိုးမှုစနစ်နှင့် အရည်အသွေး ကောင်းမွန်အောင်ဆောင်ရွက်ပြီး ဝယ်ယူသုံးစွဲသူများ စိတ်ပါဝင်စားအောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ မိမိတို့၏ ထုတ်ကုန်အရည်အသွေးများ ပိုမိုတိုးတက်အောင် ကြိုးပမ်းကြရန်နှင့် ထုတ်လုပ်ကြရန် တိုက်တွန်းလိုပါကြောင်း၊ အလားအလာရှိသော ထုတ်ကုန်(အုန်းသီး) တန်ဖိုး ကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်း လုပ်ငန်းစီမံကိန်း လုပ်ငန်းစဉ်များတွင် အားလုံးတက်တက်ကြွကြွနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း” အမှာစကား ပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်ထုတ်ကုန်များတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူ များအား ဆုများချီးမြှင့်ခဲ့သည်။ ထို့နောက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နှစ်သိမ့်ဆုရရှိသူများနှင့် ပြခန်းဆုရရှိသူများဆုများ ဆက်လက်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသူတစ်ဦးက ဆုရရှိသူများကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


Read More...
16-Feb-2024