သတင်းများ


(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့်ခရိုင်အလိုက်ဒေသထွက်ကုန်ပြခန်းများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြခန်းနှင့်ခရိုင်အလိုက်ဒေသထွက်ကုန်ပြခန်းများ ဖွင့်ပွဲအား ယနေ့ညနေပိုင်းက ပြည်ထောင်စုကွင်း (ကန်သာယာ)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် ပြခန်းတာဝန်ခံများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့နှင့်အတူဖဲကြိုးဖြတ်  ဖွင့်လှစ်ပေးပြီး ပြခန်းများအားလှည့်လည်ကြည့်ရှုအားပေးသည်။ ဦးစွာ ခရိုင်၈ခရိုင်မှ ခင်းကြင်းပြသထားသည့်ဒေသထွက်ကုန်ပြခန်းများ အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များပိုမိုထုတ်လုပ်စေရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းသာမကပြည်ပစျေးကွက်များတွင် ထိုးဖောက်ဝင်ရောက်နိုင်စေရေး၊ ထုတ်ပိုးမှု ပိုမိုသေသပ်ကျနစေရေး၊ ထုတ်လုပ်မှုစနစ်များအဆင့်မြှင့်တင်နိုင်ရေးကြိုးစားကြရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဌာနဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှု၍ သက်ဆိုင်ရာဌာနအလိုက်ခင်းကျင်းပြသထားရှိမှုများအား စိတ်ဝင်တစားမေးမြန်းဆွေးနွေးခဲ့ပြီးပြခန်း တာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုမျအပေါ် လိုအပ်သည်များဖြည့်စွက်ပြောကြားခဲ့သည်။ အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့် ခရိုင်အလိုက်ဒေသထွက်ကုန် ပြပွဲများအား ယနေ့မှစ၍ ဖေဖော်ဝါရီလ ၁၃ရက်နေ့နံနက်ပိုင်းအထိ ပြသသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများနှင့် ခရိုင်၈ခရိုင်မှပြခန်းများအပါအဝင် ပြခန်း(၆၂)ခန်းပါဝင်ပြသွားမည်ဖြစ်ပြီး လာရောက်ကြည့်ရှုသူများနှင့်စည်ကားလျက်ရှိကြောင်းသိရသည်။


Read More...
10-Feb-2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းဖွင့်ပွဲများအားတိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ကွန်ကရစ်ဘီးလမ်းသစ်ဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီး‌ကျေးရွာ၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ဦးစွာ တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်သည် ကွန်ကရစ်ဘီးလမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်ဘီးလမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။အဆိုပါလမ်းသည်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကန်ကြီးထောင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး‌ဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ပြည်သူများမှ ပူးပေါင်းပါဝင်ငွေများဖြင့် ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် ၁၄၇၀ပေ၊အကျယ်၂ပေနှင့် ထု၆လက်မရှိကြောင်းသိရသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင်းအဖွဲ့သည် တကုန်းကြီးကျေးလက်ကျန်းမာရေးဌာနသို့သွားရောက်ခဲ့ပြီး ကျန်းမာရဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေသည့်အခြေအနေများမေးမြန်းခဲ့ပြီး လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောက်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ပန်းတနော်မြို့နယ်၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တာပါတ်ကလေး-တာပတ်ကြီး (အင်းမ-ကြံတော)ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ပေးသည်။ ယင်းနောက် ကုမ္ပဏီမှတာဝန်ရှိသူတစ်‌ဦးက လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းအား  တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီးနောက်  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ပန်းတနော်မြို့နယ်၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့်  ဆောင်ရွက်သောလမ်းဖြစ်ပြီး အရှည်(၀/၄.၅)မိုင်၊ အကျယ် ၁၂ ပေ၊ ထုထည် ၇ လက်မရှိကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေးမျက်နှာမြို့နယ်၊ပန်းတောကြီးကျေးရွာ၌ ပြုလုပ်သည့် ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့် အတူတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊‌လေးမျက်နှာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး‌ဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)နှင့် ပြည်သူများမှ ပူးပေါင်းပါဝင်ငွေများဖြင့် ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် ၆၄၅ပေ၊အကျယ်၈ပေနှင့် ထု၇ လက်မရှိကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံ၍ ရာနှုန်းပြည့်အောင်မြင်စေရေးကြိုးစားကြရန်၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ဆရာမများနှင့်ကျောင်းသားမိဘများအားလုံးကြိုးစားပေးကြရန် အားပေးစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊မယင်းကူးကျေးရွာအုပ်စု တောင်သူဦးမောင်မောင်သော်၏ နေကြာ(ဆင်းရွှေကြာ-၂) ၅ဧက၊ ဆိုလာစနစ်ဖြင့်ရေတင်စိုက်ပျိုးထားရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါး(GW-11) ၄၂ဧကနှင့်ပဲတီစိမ်းဧက၂၀၀ စိုက်ပျိုးထားရှိမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အထွက်နှုန်းတိုးတက်စေရေးနှင့် ပိုမိုတိုးချဲ့စိုက်ပျိုးစေရေး၊ သဘာဝမြေသြဇာများပိုမိုသုံးစွဲစေရေးမှာကြားခဲ့သည်။ ယင်းနောက် မအူကုန်း ကျေးရွာအုပ်စု၊ဒေါင့်မှန်ကျေးရွာ ဦးမောင်မောင်သော်၏ တနိုင်တပိုင်ပြာစိမ်းနွားမွေးမြူရေးခြံသို့သွားရောက်ကြည့်ရှုစစ်ဆေးပြီးပြာစိမ်းနွားမျိုးကောင်းမျိုးသန့်များကိုမွေးမြူဖြန့်ဖြူးရောင်းချပေးနေမှုများရှင်းလင်းတင်ပြမှုအပေါ်  နို့စားနွားများပါမွေးမြူနိုင်ရေးနှင့် တိရိစ္ဆာန် စွန့်ပစ်ပစ္စည်းများဖြင့် လယ်ယာအတွင်းသို့ မြေဩဇာများအဖြစ် ထည့်သွင်းစိုက်ပျိုးနိုင်ရေးတို့အား တွင်ကျယ်စွာဆောင်ရွက်သွားရန် မှာကြားခဲ့ကာ မွေးမြူရေးခြံသုံးဆေးဝါးပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ဆီဆုံကုန်းကျေးရွာအုပ်စု၊ဆီဆုံကုန်းကျေးရွာကုန်ထုတ်လမ်းအမှတ်(၁)(၂)(၃)(၄)အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကာကုန်ထုတ်လမ်းအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ရေကြည်မြို့နယ်၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်း(၄)လမ်း၏ စုစုပေါင်းအရှည်မှာ (၁မိုင်၊၀.၆၈ဖာလုံ)အကျယ်(၁၂)ပေနှင့် ထု(၉)လက်မရှိသော မြေရောကျောက်ခင်းလမ်းဖြစ်ကြောင်းသိရသည်။ ထိို့နောက် တောင်သူဦးနိုင်ဝင်းဆွေ၏ လယ်မြေ ၅ဧကတွင် နေကြာ (ဆင်းရွှေကြာ-၁) ဖြစ်ထွန်းအောင်မြင်မှုများကိုကြည့်ရှုအားပေးခဲ့ပြီး မြေသြဇာကျွေးခြင်း၊ ရေပေးခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်စေရေးမှာကြားခဲ့သည်။  ယင်းနောက် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ရေကြည်မြို့၊မြို့ရပ်ကွက်၊ဂိုဒေါင်လမ်းကတ္တရာထပ်ပိုးလွှာလမ်းသစ်အား ဆက်လက်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကတ္တရာထပ်ပိုးလွှာလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင်ရေကြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၁၄၀၀)ပေ၊အကျယ်(၁၂)ပေရှိကြောင်းသိရသည်။


Read More...
10-Feb-2023
မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲပုသိမ်မြို့တွင်ကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြန်မာ့ရိုးရာအစဉ်လာမပျက်စေရေးကိုရည်ရွယ်ကာ ဆယ့်နှစ်လရာသီပွဲတော်များတွင် တစ်ခုပါဝင်ပြီး မြန်မာတို့၏ ရိုးရာပွဲ‌တော်တစ်ခုဖြစ်သည့်  တပို့တွဲလတွင်သာ ကျင်းပလေ့ရှိသော  ထမနဲထိုးပြိုင်ပွဲကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ပြည်ထောင်စုကွင်း(ကန်သာယာ)‌၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊တိုင်း၊ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင်အသင်းများတက်‌ရောက်ခဲ့ကြသည်။ ရှေးဦးစွာ  တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် လူမှု‌ရေးရာဝန်ကြီး၊လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့နှင့်အတူ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက်  မင်္ဂလာ‌ငွေမောင်းအား တီးခတ်၍ ပြိုင်ပွဲစတင်ကြောင်းကြေငြာပေးပြီး ပြိုင်ပွဲဝင်များ၏ အိုးစည်ဗုံမောင်းများနှင့် ထမနဲထိုးယှဉ်ပြိုင်နေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။  ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားပြုလုပ်ရာ ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် အသင်းများကို  တာဝန်ရှိသူအသီးသီးကလည်းကောင်း၊ တတိယဆုရရှိသည့် တိုင်းဒေသကြီးအကျဉ်းဦးစီးဌာနအသင်းအား လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းအား စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးအသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဂုဏ်ပြုဆုငွေနှင့် ဆုဖလားများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယခုကျင်းပခဲ့သည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်အသင်း(၁)သင်း၊ ဌာနဆိုင်ရာ(၁၆)သင်း၊ရပ်ကွက်(၁၅)သင်း၊ စုစုပေါင်း (၃၂)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပထမဆုရရှိသည့်အသင်းအားဆုငွေ(၅)သိန်းကျပ်၊ ဒုတိယဆုရရှိသည့်အသင်းအားဆုငွေ(၃)သိန်းကျပ်၊တတိယဆုရရှိသည့်အသင်းအားဆုငွေ(၂)သိန်းကျပ်နှင့်နှစ်သိမ့်ဆုအတွက်ဆုငွေ(၁)သိန်းကျပ်တို့အားချီးမြှင့်ခဲ့ကြောင်းသိရသည်။


Read More...
03-Feb-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကျုံပျော်ခရိုင်အတွင်းရှိမြို့နယ်များ၌ပြုလုပ်သည့်ဆောင်းသီးနှံနေကြာမျိုးစေ့ချပွဲအခမ်းအနားများ တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်း၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျုံပျော်ခရိုင်အတွင်းရှိ ကျောင်းကုန်းမြို့နယ်နှင့် ရေကြည်မြို့နယ်များ၌ ပြုလုပ်သည့် ဆောင်းသီးနှံနေကြာမျိုးစေ့ချပွဲအခမ်းအနားများအားတက်ရောက်အားပေး၍ မျိုးစေ့များစိုက်ပျိုးပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျောင်းကုန်းမြို့နယ်၊သဲကုန်းကျေးရွာအုပ်စု၊တောင်သူ ဦးထွန်းသွင်၏လယ်မြေ (၁၀)ဧက၌ ပြုလုပ်သည့် (Super Sun 41)နေကြာ မျိုးစေ့ချပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန် သူများနှင့်အတူ မျိုးစေ့ချစိုက်ပျိုးပေးခဲ့ပြီး ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ဖြစ်ထွန်းအောင်မြင်စေရန်အတွက် အထူးအလေးထား စိုက်ပျိုးကြရန်မှာကြားခဲ့ပြီး နေကြာစိုက်ခင်းသို့ ဆိုလာရေတင်စနစ်ဖြင့် ရေပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေကြည်မြို့နယ်၊ရုံးတုန်းကျေးရွာအုပ်စု၊ တောင်သူ ဦးဖိုးစွမ်း၏ လယ်မြေ(၅)ဧက၌ပြုလုပ်သည့်  (Super Sun 66)မျိုးစေ့ချပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ မျိုးစေ့ချစိုက်ပျိုးပေးခဲ့ပြီး  စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ခရိုင်၊ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ကန်ကြီးထောင့်)၌ ဆောက်လုပ်လျက်ရှိသည့် စက်မှု၊စိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်း (၉၆ပေ×၁၁၈ပေ) ၁ထပ် RCC လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် သတ်မှတ်ထားသော အရည်အသွေး စံချိန်စံညွှန်းများပြည့်မီရေး၊အချိန်မီပြီးစီးစေရေးနှင့် လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစွာဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် အထူးအလေးထား  ဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။


Read More...
02-Feb-2023
တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)တို့မှ လပွတ္တာမြို့နယ်ရှိအတွင်းရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုအားပေး
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယ​နေ့ မွန်းလွဲပိုင်းတွင် လပွတ္တာမြို့၊ အမှတ် ၄ ရပ်ကွက်၊ ဦးဟိုက်ပင့်ဆိပ်ကမ်း၌   မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့မှ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့တို့သည် လပွတ္တာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို သွား​ရောက် ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဆေးလာရောက်ကုသမှုခံယူသည့် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အား​ပေးစကားများ​ပြောကြားခဲ့ပြီး တပ်မ​တော်နယ်လှည့်​ဆေးကုသရေးအဖွဲ့အား ဆေးကုသရန်လိုအပ်​သော ​ဆေးပစ္စည်းများ၊ စား​သောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့​ငွေများ ပေးအပ်ခဲ့ကာ ဆေးရုံရေယာဉ်​ပေါ်တွင် ​ဆေးကုသ​ပေး​နေမှုများအား လှည့်လည်ကြည့်ရှုအား​ပေးခဲ့ပါသည်။ အဆိုပါ အထူးကုဆေးအဖွဲ့မှ ခွဲစိတ်အထူးကု၊ နား- နှာခေါင်း -လည်ချောင်း၊သားဖွား-မီးယပ်၊အရိုး-အကြောအထူးကု၊ကလေးအထူးကု၊မျက်စိအထူးကု၊သွားအထူးကု၊အထွေထွေရောဂါကု အစရှိသည့် ဆရာဝန်ကြီးများက ယခုလ ၃၀ရက်နေ့မှ ၃၁ရက်နေ့အထိ (၂)ရက်တိုင်တိုင် ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ လပွတ္တလုပ်​တောင်​ကျေးရွာအုပ်စုရှိ ရှင်​စောမြတ်​စေတီ​တော်မြတ်ကြီးသို့​ရောက်ရှိ၍ ဆရာ​တော် ​ဒေါက်တာ ဘဒ္ဒန္တပညာ​တေဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်နတ်စင်တစ်ရာ​ကျောင်းဆရာ​တော် အား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းနှင့်ဝတ္ထု​ငွေများ ဆက်ကပ်လှူဒါန်းပူ​ဇော်ခဲ့ပြီး ရှင်​စောမြတ်​စေတီ​တော်မြတ်ကြီးအား ဖူး​​မြှော်ကြည်ညိုခဲ့ပါသည်။  ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာ - ​မြောင်းမြ- အိမ်မဲ- ကျုံ​ပျော် ကားလမ်း၂၁ မိုင် ၆ ဖာလုံတွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် တိုင်း​ဒေသကြီးရန်ပုံ​ငွေဖြင့်​ဆောင်ရွက်သည့် (၂) မိုင် အား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း​ဆောင်ရွက်​နေမှုများအား တိုင်း​ဒေသကြီးလမ်းဦးစီးမှူးမှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်မှ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးပြတ်​အောင်​ဆောင်ရွက်​ရေး၊ လမ်းအရည်အ​​​သွေးပြည့်မီ​အောင်​ဆောင်ရွက်​ရေး မှာကြားခဲ့ပါသည်။ ထို့​နောက်  လပွတ္တာမြို့နယ်၊  ​လေးအိမ်တန်း​ကျေးရွာ၊ ​တောင်သူ ဦးမြင့်ဦးနှင့် ဦးစိုးနိုင်တို့၏ လယ်​မြေ (၁၀)ဧကတွင်ပြုလုပ်သည့် ​​ဆောင်းသီးနှံ ​နေကြာမျိုး​စေ့ချစိုက်ပျိုးပွဲ တက်ရောက်၍ တိုင်းဒသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ​နေကြာမျိုး​စေ့ချ စိုက်ပျိုးခဲ့ပါသည်။ ထို့​နောက် လပွတ္တာမြို့နယ်၊ သုံးမိုင်မြို့တွင် မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနမှ​စိုက်ပျိုးထားရှိသည့် ပိုက်ဆံ​လျှော်မျိုး​စေ့ထုတ်စိုက်ခင်း (၁၆) ဧက သို့​ရောက်ရှိခဲ့ကာ တိုင်း​ဒေသကြီး​လယ်ယာ​မြေစီမံခန့်ခွဲ​ရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူးမှ ၃ မိုင်မြို့အတွင်း ပိုက်ဆံ​​လျှော် (၁၀၆)ဧက စိုက်ပျိုးထားရှိမှုအ​ခြေအ​နေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ​မြောင်းမြမြို့နယ်၊ ကညင်ကုန်း​ကျေးရွာအုပ်စု၊ ကျွဲခြံဝ​ကျေးရွာသို့​ရောက်ရှိ၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံ​ငွေဖြင့်​ဆောင်ရွက်သည့် ​အရှည် (၇)ဖာလုံ၊အကျယ် (၁၂) ​ပေ ၊ ထု  (၇) လက်မရှိ ကျေးရွာအဝင်လမ်း   ​ဆောင်ရွက်ပြီးစီးမှုအ​ခြေအ​နေများအား ကြည့်ရှုစစ်​ဆေးခဲ့ပြီး ​ဒေသခံ​ပြည်သူများနှင့် ရင်းရင်းနှီးနှီး​တွေ့ဆုံခဲ့​ကြောင်း သိရသည်။


Read More...
30-Jan-2023