သတင်းများ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Read More...
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညပိုင်းက ပုသိမ်မြို့၊မြို့တော်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအနေဖြင့် အခြေခံပညာကျောင်းပေါင်းစုံ ပြိုင်ပွဲပြုလုပ်ရွေးချယ်၍ စခန်းသွင်းလေ့ကျင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ အားကစားသမားများ၊ နည်းပြအုပ်ချုပ်သူများ၏ ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်းအတွက်ဂုဏ်ပြုအပ်ပါကြောင်း၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ငယ်စဉ်ကပင်စနစ်တကျပြုစုပျိုးထောင်လေ့ကျင့်သွားရမှာဖြစ်ပါကြောင်း၊ အခြေခံပညာမှစတင်ကာတိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားများပေါ်ထွန်းလာစေရေး၊ မျိုးဆက်သစ်အားကစားသမားများထွက်ပေါ်လာစေရေးကြိုးပမ်းဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်အောင်ကြိုးစားပေးကြသော တံခွန်စိုက်ပထမရွှေတံဆိပ်ဆုရအမျိုးသားဘောလုံးအသင်းနှင့် ပြိုင်ပွဲဝင်ခဲ့ကြသည့်အားကစားသမားများ၊ နည်းပြအုပ်ချုပ်သူများနှင့်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း”ပြောကြားသည်။
ထို့နောက် အခြေခံပညာကျောင်းသားအားကစားပွဲတော်သို့ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့မှု မှတ်တမ်းဗီဒီယိုအား ပြသမှုအားကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် အောင်ပွဲရ တိုင်းဒေသကြီးအားကစားအဖွဲ့အား ဆုချီးမြှင့်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ တံခွန်စိုက်ပထမရွှေတံဆိပ်ဆုရအမျိုးသားဘောလုံးအသင်း၊ အသင်းအုပ်ချုပ်သူနည်းပြများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီးမှ အလျားခုန်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရမကျော့ကေခိုင်နှင့် ငွေတံဆိပ်ဆုရ အမျိုးသမီးဘောလုံးအသင်းအားတို့အား လည်းကောင်းအနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ငွေတံဆိပ်ဆုရ အမျိုးသားဘော်လီဘောအသင်းနှင့် လှံတံပစ်ပြိုင်ပွဲ ငွေတံဆိပ်ဆုရရှိသူများအား လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီးမှ ငွေတံဆိပ်ဆုရ အမျိုးသမီးဘော်လီဘောအသင်းနှင့် သံလုံးပစ်ငွေတံဆိပ်ဆုရရှိသူများအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ မီတာ(၄၀၀)အပြေးပြိုင်ပွဲ ငွေတံဆိပ်ဆုရှင်အားလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးရုံး၊တိုင်းဒေသကြီးပညာရေးမှူးမှ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ ကြေးတံဆိပ်ဆုရပြိုင်ပွဲဝင်အားကစားသမားများကိုယ်စား အားကစားသမား(၁)ဦးအားလည်းကောင်း ဆု များအသီးသီးချီးမြှင့်ခဲ့ပြီးကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အခြေခံပညာကျောင်းသားအားကစားအဖွဲ့အား တေးသီများဖြင့်သီဆိုကပြဖျော်ဖြေမှုများ၊ ဂုဏ်ပြုညစာတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ပြီးအခမ်းအနားတက်ရောက်လာကြသူများနှင့်အတူညစာသုံးဆောင်ခဲ့ကြောင်းသိရသည်။
Read More...
29-Jan-2023

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ် နေကြာမျိုးစေ့ချပွဲတက် ရောက်အားပေး၊ ငပုတောမြို့နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူဇန်နဝါရီလ ၂၉ရက်နေ့ နံနက်ပိုင်းက သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာတောင်သူ ဦးဝင်းထိုက်၏ လယ်မြေ (၁၀) ဧက၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီမှဆောင်ရွက်သည့် နေကြာမျိုးစေ့ချ စိုက်ပျိုးပွဲတက် ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်အတူ (Super Sun 41) နေကြာမျိုးစေ့များအား စုပေါင်းစိုက်ပျိုးပေးခဲ့ပြီး ရေပေးခြင်း၊ အစာကျွေးခြင်းလုပ်ငန်းများစနစ်တကျ ဆောင်ရွက်ရန်နှင့် ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးကြရန်မှာကြားခဲ့သည်။ ထို့နောက် တောင်သူ ဦးမြင့်ဆန်း၏ လယ်မြေ(၈)ဧက၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးမြေဩဇာကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သီးနှံများတွင်ပိုးမွှားများကျရောက်မှု မရှိစေရေး၊ သွင်းအားစုများအား စိုက်ခင်းများအတွင်းအပြည့်အဝထည့်သွင်းအသုံးပြုစေရေးနှင့် အထွက်တိုးစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ သက္ကယ်ချောင်း၊ အုန်းပင်စုကားလမ်းဘေးမြောင်းအား မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နွေစပါးအောင်ရေရရှိစေရေးအတွက် စိုက်ဧက ၃၀၀ခန့်အားအကျိုးပြုနိုင်သည့်
အလျား ၇၅၀၀ပေရှိ မြောင်းတူးခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်တောင်သူများမှ စိုက်ပျိုးရေသုံးစွဲနေမှုနှင့်တောင်သူ ဦးဝင်းကိုကို၏ လယ်မြေ(၁၀)တွင် မြေသြဇာကြဲပတ်နေမှုများကိုကြည့်ရှုအားပေးခဲ့ကာ စိုက်ပျိုးရေလုံလောက်စွာရရှိပြီဖြစ်၍ ပိုမိုတိုးချဲ့စိုက်ပျိုးစေရေး၊ အထွက်တိုးစေရေးကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ထို့နောက် ဝက်ဆူကျေးရွာရှိ တောင်သူဦးရဲတိုး၏ လယ်မြေ (၁၁.၈)ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါး မြေဩဇာကြဲပတ်ပွဲအား တက်ရောက်အားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ မြေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်စေရေး၊ သာဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာများအချိုးကျသုံးစွဲစေရေး၊ အထွက်တိုးမျိုးစပါးများအသုံးပြုစေရေး၊ သွင်းအားစုများအား စိုက်ခင်းများအတွင်းအပြည့်အဝထည့်သွင်းအသုံးပြုစေရေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးစေရေးမှာကြားခဲ့ပြီးတောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ လိပ်ချောင်းကျေးရွာရှိ တောင်သူ ဦးအောင်သူ၏ လယ်မြေ (၁၀)တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီမှဆောင်ရွက်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်အတူ (Super Sun 41) နေကြာမျိုးစေ့များအား စုပေါင်းစိုက်ပျိုးပွဲတက်ရောက်ခဲ့ပြီး ငပုတောမြို့နယ်အတွင်းရှိ ၂၀၂၂- ၂၀၂၃ခုနှစ် မိုးစပါးရိတ်သိမ်းပြီးစီးမှုအပေါ် နွေစပါးစိုက်ပျိိုးမှုနှင့် ဆောင်းသီးနှံ သီးထပ်စိုက်ပျိုးမှုအခြေအနေများနှင့် ရိုးပြက်ကျန်ဧကများအပေါ် ၂၀၂၂- ၂၀၂၃ခုနှစ် သီးနှံအလိုက်ဖော်ထုတ်စိုက်ပျိုးပြီးစီးမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အထွက်နှုန်းတိုးစေရေး၊ သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာအချိုးကျသုံးစွဲခြင်းအားတောင်သူများကျယ်ကျယ်ပြန့်ပြန့်သုံးစွဲစေရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန် မှာကြားခဲ့ပြီး (Super Sun 41) နေကြာမျိုးစေ့များအား စုပေါင်းစိုက်ပျိုးမှုကိုကြည့်ရှုအားပေးခဲ့ပြီး ရေပေးခြင်း၊ အစာကျွေးခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးကြရန်မှာကြားခဲ့သည်။
ဆက်လက်၍ ပုသိမ်စက်မှုစီမံကိန်းသို့သွားရောက်ခဲ့ပြီး စပါးခွံလောင်စာအသုံးပြု၍ Gasifierဖြင့် လျှပ်စစ်ထုတ်လုပ်သုံးစွဲနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကိုအထိုက်အလျောက်ဖြည့်ဆည်းနိုင်မည့် ဆိုလာစွမ်းအင်နှင့် စပါးခွံလောင်သုံး Gasifier တို့ဖြင့်ကုန်ထုတ်လုပ်ငန်းများပိုမိုတိုးတက်အောင်ဆောင်ရွက်စေရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစည်းကမ်းများနှင့်အညီဖြစ်စေရေးမှာကြားခဲ့သည်။
ထို့နောက် ပုသိမ်မြို့၊ မြို့အဝင်မှ ရုပ်ထုအဝိုင်းအထိ လမ်းကျော် Service Wire နေရာများအား ရှင်းလင်းရန်အတွက် (၁၁)ကေဗွီ ဓာတ်အားလိုင်း ၄၀၀ ပေ၊ (၁၁/၀.၄ )ကေဗွီ၊ ၂၀၀ ကေဗွီအေ ခွဲရုံ (၂) ရုံနှင့်၄၀၀ ဗို့ ဓာတ်အားလိုင်း (၂) မိုင် အသစ်တည်ဆောက်ခြင်းလုပ်ငန်းသို့သွားရောက်ခဲ့ပြီး တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးဌာန၊ တိုင်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး လျှပ်စစ်တိုင်ထူခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Read More...
29-Jan-2023

၂၀၂၃ခုနှစ်၊ နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အားဂုဏ်ပြုကြိုဆို
Read More...
၂၀၂၃ခုနှစ်၊နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အားဂုဏ်ပြုကြိုဆိုပွဲကို ယနေ့ညနေပိုင်းတွင် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများက ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုပန်းကုံးများ၊ ဂုဏ်ပြုပန်းစည်းများဖြင့် ရင်းရင်းနှီးနီး ကြိုဆိုခဲ့ကြသည်။
ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသားအားကစားအဖွဲ့အား အောင်ပွဲနှင့်အတူဂုဏ်ပြုကြိုဆိုခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့သည် ပြိုင်ပွဲလေးခုတွင် ဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပြီး ကြိုးစားယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ထိုက်ထိုက်တန်တန် ရွှေတံဆိပ်ဆုရရှိခဲ့ပါကြောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမရယူခဲ့သည့် အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အနေဖြင့် ဂုဏ်ယူပါကြောင်းနှင့် ဆုမရရှိခဲ့သည့် အားကစားသမားများကလည်း ဆုရရှိရေး ပိုမိုကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့်အခြေခံပညာအဆင့်မှစတင်ကာ တိုင်းဒေသကြီးကိုယ်စားပြု၊နိုင်ငံ့ကိုယ်စားပြု အားကစားသမားများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ကြောင်း” ပြောကြားခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် ကြိုဆိုဂုဏ်ပြုဧည့်ခံခဲ့ကြောင်းသိရသည်။
Read More...
28-Jan-2023

(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲများအားတိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
Read More...
(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊အမှတ်(၁)ရပ်ကွက်၊ ငဝန်ကျွန်းသာ(၃)လမ်း ၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တင်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းအား မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌက တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဘဏ္ဍာရန်ပုံငွေနှင့် ပြည်သူများများမှ ပူးပေါင်းပါဝင်ငွေများဖြင့် ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် ၄၂၉ပေ၊အကျယ်၁၂ပေနှင့် ထု၆လက်မရှိကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ဝါးခယ်မမြို့နယ်၊ ပဆငလမ်းမှ အူကျွန်း- ရေလိန်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားအား တက်ရောက်၍ “ယနေ့ဖွင့်လှစ်ပေးသည့် ကွန်ကရစ်လမ်းသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုးရေး၊မွေးမြူရေးစသည်တို့ကို ဆောင်ရွက်ပေးနိုင်မည့်လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ သွားလာရေးလွယ်ကူအဆင်ပြေပြီဖြစ်၍ ပညာရေး၊ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများအား အစွမ်းကုန် ဆောင်ရွက်နိုင်ကြစေရေးနှင့် လမ်းသစ်အားရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်”ပြောကြားခဲ့ပြီး ကွန်ကရစ်လမ်းအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လမ်းဖွင့်ဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။အဆိုပါလမ်းသည် ဝါးခယ်မြို့နယ်၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး အရှည် ၅၅၄၄ ပေ၊ အကျယ် ၁၂ ပေ၊ ထုထည် ၇ လက်မ၊ ရှိကြောင်းသိရသည်။
ထို့နောက် ဝါးခယ်မမြို့နယ်၊ ရေလိန်အူကျွန်းကျေးရွာရှိ တောင်သူဒေါ်ဇင်နွယ်ထွန်း၏ ရေဆင်းစပ်မျိုး(၁)နေကြာစိုက်ခင်းအား ကြည့်ရှုအားပေးပြီး ဆီဖူလုံရေးအတွက်တိုးချဲ့စိုက်ပျိုးနိုင်ရန်၊ ပိုးမွှားများ မကျရောက်စေရေးတို့အပြင် ရေပေးခြင်းနှင့်အစာကျွေးခြင်းလုပ်ငန်းများစနစ်တကျရှိစေရေးနှင့်အောင်မြင်အောင်စိုက်ပျိုးစေရေးအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝါးခယ်မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား အချိန်ပိုသင်ကြားပို့ချနေမှုကိုကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ဆရာမျိား၏သင်ကြားပို့ချမှုများကို လိုက်နာမှတ်သားကျက်မှတ်စေရေး၊ အားနည်းသည့်ဘာသာရပ်များကိုပိုမိုလေ့လာကြစေရေးနှင့် ရာနှုန်းပြည့်အောင်မြင်စေရေးအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်၊ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူဦးစိန်မောင်သန်း၏ နေကြာစိုက်ဧက(၅)၌စိုက်ပျိုးထားသည့် ရေဆင်းစပ်မျိုး(၁)နေကြာစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ရေပေးခြင်းနှင့်အစာကျွေးခြင်းလုပ်ငန်းများစနစ်တကျရှိစေရေးနှင့်အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။
ထို့နောက် ပုသိမ်မြို့နယ်၊ သဲဂရက်ကျေးရွာရှိ ယင်မဲမွေးမြူရေးနှင့်အထွေထွေ လုပ်ငန်းသမဝါယမအသင်း" သို့သွားရောက်ခဲ့ရာ အသင်းတာဝန်ခံမှ ယင်မဲသားဥဘဝမှအကောင်ဖြစ်သည်အထိမွေးမြူမှုအခြေအနေများ၊ ယင်မဲပိုးလောင်းများမှ စွန့်ထုတ်သော waste များသည် အပင်များအတွက် သဘာဝမြေသြဇာကို ရရှိနိုင်မှုအခြေအနေများ၊ ယင်မဲပိုးလောင်းများအား ကြက်၊ ဘဲ၊ ငါး နှင့် အသားစား တိရစ္ဆာန် များအတွက် အစာအဖြစ်အသုံးပြုမှုအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီး ယင်မဲ မွေးမြူမှုအခြေအနေများနှင့် သီးပင်စားပင်များစိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ ပုသိမ်မြို့နယ်၊ လင်းဝင်းကြီးကျေးရွာ အုပ်စု၊ ကွက်ပြင်ကြီးကျေးရွာ ၊ ကျေးရွာသစ်အားမာန်ခန်းမ၌ ဒေသခံစိုက်ပျိုးမွေးမြူရေးတောင်သူများနှင့် တွေ့ဆုံခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးတို့က စိုက်ပျိုးမွေးမြူရေးကိစ္စများနှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံမှုရရှိစေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းနှင့်အခက်အခဲများရှိပါကလည်း ဆွေးနွေးတင်ပြပေးစေလိုကြောင်း”ပြောကြားခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တောင်သူ ဦးထွန်းသိန်း၏ ဟင်းသီးဟင်းရွက်၊ ပန်းမန်နှင့် သစ်သီးဝလံစိုက်ခင်းနှင့် ဦးစံခင်၏ နို့စားနွားမွေးမြူရေးခြံတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
28-Jan-2023

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကျောင်းကန်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စေတီပုထိုးများအား ထုံးသင်္ကန်းကပ်ခြင်းများ ကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်၊ မြို့နယ် (၂၆)မြို့နယ်ရှိ ရပ်ကွက်၊ကျေး ရွာများတွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှ မိမိတို့ခရိုင်၊ မြို့နယ်များအလိုက်ဘုရားကျောင်းကန်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စေတီပုထိုးများအား ထုံးသင်္ကန်းကပ်ခြင်းများဆောင်ရွက်လျက်ရှိရာ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီတော်မြတ်၊ တဂေါင်းမင်္ဂလာမဟာ စေတီတော်မြတ်၊ လောကနန္ဒါစေတီတော်မြတ်နှင့် ပုသိမ်မြို့ပေါ်ရှိ ဘုရားစေတီများအား ရေသပ္ပာယ် ခြင်း၊ ထုံးသင်္ကန်းကပ်ခြင်း၊ ရောင်တော်ဖွင့်ခြင်း၊ စေတီတော်ရင်ပြင်တော်များအား တံမြက်လှည်းသန့်ရှင်းရေး ကုသိုလ်ယူခြင်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း ဘုရားကျောင်းကန်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စေတီပုထိုးများအား ထုံးသင်္ကန်းကပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Read More...
26-Jan-2023