သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သော မြန်အောင်တာမိုင် ၆/၃ တာခြေအနီး ကမ်းပြိုမှုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး၍ ကူညီဆောင်ရွက်ပေးကြသောအဖွဲ့များအား ဂုဏ်ပြု‌ဆုငွေများချီးမြှင့်ခြင်းနှင့် ကြံခင်းမြို့နယ်၊ ရှောက်ခုံကျေးရွာအုပ်စုတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အဆင့်မြင့်စားကျက်စိုက်ခင်းနှင့် နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့်အခြေအနေများအားသွားရောက်ကြည့်ရှု့
ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းအင်းအိုင်ပေါများပြီး နှစ်စဉ်သဘာဝဘေး အန္တရာယ်များ ကျရောက်လေ့ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မိုးရာသီကာလမတိုင်မီကပင် သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ပြည်သူများအား ကြိုတင်အသိပညာပေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့် ပြန့်ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် မိုးရာသီကာလတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြစ်ကမ်းပါးများနှင့် ရေကာတာ/ ပန်းတာများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါပျက်စီးဆုံးရှုံးမှုများအား အမြန်ဆုံးထိန်းချုပ်ကာကွယ်တားဆီးရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်


Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်း ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်း ပါးများပြိုကျပျက်စီးမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အခြေအနေများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင် သွားရောက်ကြည့်ရှု့စစ်ဆေးခြင်းနှင့် ပြောင်းရွှေ့အိမ် ထောင်စုများအားထောက်ပံ့ခြင်း
ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းအင်းအိုင်ပေါများပြီး နှစ်စဉ်သဘာဝဘေး အန္တရာယ်များ ကျရောက်လေ့ရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မိုးရာသီကာလမတိုင်မီကပင် သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ် ငန်းစဉ်များနှင့် ပြည်သူများအား ကြိုတင်အသိပညာပေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့် ပြန့်ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၀ပြည့်နှစ် မိုးရာသီကာလတွင် မိုးသည်းထန်စွာ ရွာသွန်း ခြင်းနှင့် ဧရာဝတီမြစ်ရေမြှင့်တက်မှုကြောင့် တိုင်းဒေသကြီးအတွင်းရှိ မြစ်ကမ်းပါးများနှင့် ရေကာတာ/ ပန်းတာများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ အဆိုပါပျက်စီးဆုံးရှုံးမှုများအား အမြန်ဆုံးထိန်းချုပ်ကာကွယ်တားဆီးရန်အတွက်


Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် တိုးတက်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စတုတ္ထ (၁)နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် တိုးတက်ပြောင်းလဲမှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အစိုးရအဖွဲ့ တစ်ခုလုံးရာ၊ ဌာနဆိုင်ရာများ အားလုံးက ပြည်သူကို မျက်နှာမူပြီး ပြည်သူများ၏ အခြေခံလိုအပ်ချက်များဖြည့်ဆည်းပေးရန်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးလာစေရန်၊ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တစ်ဦးချင်း ဝင်ငွေမြင့်တက်လာရန်၊ ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ပြီး စက်မှုဇုံများ၊ ကမ်းခြေစီမံကိန်းများ၊ ကမ်းခြေဒေသဖွံ့ဖြိုးမှုစီမံကိန်းများ အမြန်ဆုံး အကောင်အထည်ပေါ်လာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုလိုလားသော အုပ်ချုပ်ရေးဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူးများ၊ အင်အား (၂၁၁၄၃)ဥိးအား သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ခဲ့ကြောင်း၊


Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာကာလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မူဝါဒဆိုင်ရာများ ချမှတ်ထားသည့် လမ်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ထူးချွန်စွာ ကြိုးပမ်းစွမ်းဆောင်ကြသူများကို ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်
၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာကာလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မူဝါဒဆိုင်ရာများ ချမှတ်ထားသည့် လမ်းစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ထူးချွန်စွာ ကြိုးပမ်းစွမ်းဆောင်ကြသူများကို ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၂၂)ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်က ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က စီမံခန့်ခွဲရေး ထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ စီးပွားရေးဂုဏ်ထူးဆောင်ဆုနှင့် လုံခြုံရေး၊ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ထူးချွန်မှုဂုဏ်ထူးဆောင်ဆုများကို အစိုးရအဖွဲ့၏ (၅)နှစ်တာကာပြီးဆုံးကာနီးအချိန်တွင် ချီးမြှင့်နိုင်ရန် ညှိနှိုင်းဆွေးနွေးရွေးချယ်အတည်ပြုသွားမှာဖြစ်ကြောင်း၊


Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် Covid-19 ရောဂါကာကွယ်တားဆီးရေးဆိုင်ရာ စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့်အညီ အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင် ကွင်းဆင်းကြည့်ရှု့စစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း Covid-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများ ပညာသင်ယူမှု အခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရန်အတွက် အခြေခံပညာကျောင်းများအား ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် လမ်းညွှန်ချက်များ/ဆန်းစစ်ချက်များနှင့်အညီ Covid-19ရောဂါကာကွယ်တားဆီးရေး စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်၍ အထက်တန်းဆင့်ကျောင်းများ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့၊ (၀၉၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်


Read More...
30-Nov--0001