သတင်းများ


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ခဲ့ရသော အိမ်ထောင်စုဝင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးလှမိုးအောင်မှ အားပေးစကားပြောကြား၍ ထောက်ပံငွေများပေးအပ်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ (၈)ရက်နေ့ မွန်းလွဲပိုင်းအချိန် တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်သို့ သွားရောက်ခဲ့ပြီး ဧရာဝတီ မြစ်ရေမြှင့်တက်မှုနှင့် မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပြိုကျမှုဖြစ်ပေါ်ခဲ့ပြီး ပြောင်းရွေ့ခဲ့ရ သောအိမ်ထောင်စုများအား ရေပေါ်ကြီးကျေးရွာအုပ်စု၊ဒေါင့်ကြီးကျေးရွာရှိ ရတနာသိင်္ဂီဘုန်းတော်ကြီးကျောင်း၌ သွားရောက်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများက အားပေးစကားများ ပြောကြားခဲ့ကာ ပန်းတနော်မြို့နယ်၊ ရောပေါ်ကြီးကျေးရွာအုပ်စုနှင့်


Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ဝါးခယ်မတံတားနှင့် ရွှေလောင်းတံတားတို့အား တည်ဆောင်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ သွားရောက် ကြည့်ရှု့စစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသောလမ်းပန်းဆက်သွယ်ရေးကဏ္ဍအား အထူးအလေး ထားဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ ၈ရက်နေ့ နံနက်(၁၀၃၀)နာရီအချိန် တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြောင်မြခရိုင်အတွင်းရှိ ဝါးခယ်မတံတား အဆင့်မြှင့်တင်တည်ဆောက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှု့ခဲ့ပြီး တံတားရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက တံတားတည် ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့်ပတ်သက်၍ အသေးစိပ်ရှင်းလင်း တင်ပြဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများက လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်နှင့်အတူ ပုသိမ်ကမ်းနားလမ်းတိုးချဲ့သည့်ဆိပ်ခံတံတား(Jetty)တည်ဆောက်နေမှုအားသွားရောက်ကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သြဂုတ်လ၈ရက် နံနက် (၀၈၀၀)နာရီအချိန်တွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ(၂)မှ တည်ဆောက်လျက်ရှိသော ပုသိမ်ကမ်းနားလမ်းတိုးချဲ့သည့်ဆိပ်ခံတံတား(Jetty)တည်ဆောက်နေမှုအားသွားရောက်ကြည့်ရှုခဲ့ပါသည်။ ထို့နောက်တည်ဆောက်ရေးလုပ်ငန်းခွင်တွင် တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီးတို့မှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။


Read More...
30-Nov--0001
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့ ဝိသာခါ (ဒေါ်လှရင်)ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါတွင်းဝါပ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူ ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၆.၈.၂၀၁၉)ရက်နေ့ ၊ နံနက် (၀၄:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊အစိုးရအဖွဲ့အတွင်းရေးမှူး ၊တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့ ဝိသာခါ (ဒေါ်လှရင်)ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝါတွင်းဝါပ မဟာသံဃိကဒါန အရုဏ်ဆွမ်းလောင်းလှူ ပွဲ ရေစက်ချမင်္ဂလာ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ပုသိမ်မြို့ပေါ်ကျောင်းတိုက်အသီးသီးရှိ သံဃာတော်များအား အရုဏ်ဆွမ်း လောင်းလှူခဲ့ပါသည်။


Read More...
30-Nov--0001
ဧရာဝတီမြစ်ရေမြင့်တက်မှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ကျိုးပေါက်ခဲ့သည့် ဟင်္သာတမြို့ နယ်၊ဖောင်ဆိပ်ကျေးရွာရှိ ဦးမိုးလေးဖြတ်တာနှင့် မြန်အောင်မြို့၊လွန်ဆေးမြိုင်ပန်းခြံအနီး မြစ်ကမ်းပါးပြိုကျမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ သွားရောက် ကြည့်ရှု့စစ်ဆေးခြင်းနှင့်ပြောင်းရွှေ့အိမ်ထောင်စုများအားထောက်ပံ့
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ဖောင်ဆိပ်ကျေးရွာရှိ ဦးမိုးလေးတာသည် (၄.၈.၂၀၂၀)ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်မှုနှင့်မြစ်ရေတိုက်စားမှုကြောင့် ရေစိမ့်ပေါက်မှရေများပန်းထွက်ပြီး တာဟောင်းကျိုးပေါက်ခဲ့ကာ အနီးဝန်းကျင်ရှိ တာငုတ်ကျေးရွာ၊ ဖောင်ဆိပ်ကျေးရွာ၊ ငှက်ပျောတောကျေးရွာတို့မှ အိမ်ထောင်စု(၁၈၈)စုတို့အား ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေရာချထားခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၅)ရက်နေ့၊ နံနက် (၁၁၀၀)နာရီအချိန်ခန့်တွင် အဆိုပါနေရာသို့ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူသွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ပြီး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည့်


Read More...
30-Nov--0001