သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်  ၂၀၂၂ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့၊ နေ့လည်ပိုင်းအချိန်တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကား ပြောကြားရာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ဟာ နိုင်ငံတော်က ဘဏ္ဍာရေးနှစ် ပြန်လည်ပြောင်းလဲပြင်ဆင်သတ်မှတ်ပြီးနောက် စတင်ဆောင်ရွက်သည့် ပထမဆုံးဘဏ္ဍာရေးနှစ်ဖြစ်ပြီး တိုင်းပြည်ရဲ့စီးပွားရေးပြန်လည် ဦးမော့လာစေရေးကို တွန်းအားပေး ဆောင်ရွက်ရမဲ့နှစ်လည်း ဖြစ်ပါကြောင်း တိုင်းဒေသကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ကဏ္ဍအလိုက်လျာထားချက်များကို အကောင်အထည်ဖော်ရာမှာ ကဏ္ဍများရဲ့ ထုတ်လုပ်နိုင်စွမ်းဆောင်ရွက်နိုင်စွမ်းရှိသမျှ အကောင်အထည်ဖော်နိုင်ဖို့ လိုအပ်ပါကြောင်း၊ ထို့အပြင်ပြည်သူအများစု ရေတိုလက်ငင်း အကျိုးကျေးဇူးရရှိခံစားရမဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း လျင်လျင်မြန်မြန် အကောင်အထည်ဖော်ပေးနိုင်ဖို့လည်း လိုအပ်ပြီးတိုင်းဒေသကြီး၏ စီးပွားရေးမှာ ပါဝင်မှုအများဆုံးဖြစ်ပြီး အဓိကလည်းဖြစ်သည့် လယ်ယာနှင့် သားငါးကဏ္ဍများ လျာထားချက်ထက် ပိုမိုအကောင်အထည်ဖော်နိုင်ရေး၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အခြေခံတန်ဖိုးမြင့် ကုန်ထုတ် လုပ်ငန်းများဖြစ်တဲ့ အသေးစားနှင့် အလတ်စားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ အဆိုပါလုပ်ငန်းများရဲ့ ထုတ်လုပ်မှုများ သက်ဆိုင်ရာကဏ္ဍအလိုက် မကျန်ရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် ဌာနများနှင့် အဖွဲ့အစည်းများအချင်းချင်း အချိတ်အဆက်မိမိ ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ ကဏ္ဍအလိုက် လျာထားချက်များ ပြည့်မီကျော်လွန်ရေး ဆောင်ရွက်ရင်းနိုင်ငံတော်ရဲ့ လမ်းညွှန်ချက်ဖြစ်သော စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံကို သတ်မှတ်လျာထားချက်အတိုင်း အပြည့်အဝစိုက်ပျိုးထွက်ရှိနိုင်ရေး ကိုလည်းအင်တိုက်အားတိုက် ဆောင်ရွက်ရမှာဖြစ်ပြီး တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရာခိုင်နှုန်း တိုးတက်လာသကဲ့သို့ ဒေသနေပြည်သူများ ကျန်းမာရေးနဲ့ညီညွတ်ပြီး သင့်တင့်သည့် ဈေးနှုန်းဖြင့် စားသုံးနိုင်မှာဖြစ်ပါကြောင်း ဒေသန္တရစီမံကိန်းပါ ရည်မှန်းချက်များ ပြည့်မီအောင်မြင်ရေးအတွက် တာဝန်ရှိအဖွဲ့အစည်းအသီးသီးအနေနဲ့ ကဏ္ဍအချင်းချင်း၊ ဒေသအချင်းချင်း ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ကြရန်လိုကြောင်းပြောကြားခဲ့ပါသည်။


Read More...
04-Apr-2022
ပုသိမ်မြို့၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲစတုတ္ထနေ့ ဖြေဆိုမှုများအား ကြည့်ရှုအားပေး
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ (၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ  တက္ကသိုလ်၀င်စာမေးပွဲ ကျင်းပလျက်ရှိရာ   ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျှက် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့၊ ယနေ့နံနက်ပိုင်းအချိန်တွင် ပုသိမ်မြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းတွင်  တက္ကသိုလ်၀င်စာမေးပွဲ စတုတ္ထနေ့၊ ဓာတုဗေဒဘာသာရပ်အား အေးချမ်းစွာစာမေးပွဲဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ပြီး ကျောင်းသူကျောင်းသားများ စာမေးပွဲဖြေဆိုနေစဉ်အတွင်း လုံခြုံရေး၊ သွားလာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အလေးထားဆောင်ရွက်ပေးရေး သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့ပါတယ်။ ပုသိမ်မြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းတွင်  အတွင်းဖြေဆိုသူ (၁၂၈)ဦး၊  အပြင်ဖြေဆိုသူ(၂၁)ဦး၊ စုစုပေါင်း(၁၄၉)ဦးဝင်ရောက် ဖြေဆိုလျက်ရှိပြီး ခရိုင်(၆)ခရိုင်၊ မြို့နယ် (၂၆) မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန (၂၄၇)ခု ဖွင့်လှစ်ထားရှိရာ ဓာတုဗဒဘာသာရပ်ကို ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၉၁၉၁)ဦး၀င်ရောက်ဖြေဆိုလျက်ရှိကြောင်း သတင်းရရှိပါသည်။


Read More...
04-Apr-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လပွတ္တာခရိုင်၊ ပြင်စလူမြို့ရှိ ဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ(၃)ရက်နေ့ နံနက်ပိုင်းက လပွတ္တာခရိုင်၊ ပြင်စလူမြို့ Multi Cyclone Shulter သို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကျင်းပခဲ့ရာ ဉီးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးတွင်မုန်တိုင်းဒဏ်ခံနိုင်သည့် Cyclone Shulter (၁၁၆)လုံး ဆောက်လုပ်ပေးပြီးဖြစ်ပါကြောင်း၊ ဒေသခံပြည်များအနေဖြင့် မုန်တိုင်းမကျရောက်မီ ကြိုတင်ပြင်ဆင်ရမည့် အချက်(၄)ချက်ကို လိုက်နာဆောင်ရွက်ထားကြရန် လိုပါကြောင်း၊ မုန်တိုင်းဝင်ရောက်လာမည်ကိုသိရှိပါက Multi Cyclone Shulter များသို့ အချိန်မီသွားရောက်ခိုလှုံကြရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိနေသူများအား လာရောက်ထိုးနှံစေရေးဝိုင်းဝန်းဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ဒေသခံပြည်သူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ Cyclone Shulterများ ဆောက်လုပ်ပေးနိုင်ရေး၊ သောက်သုံးရေရရှိစေရေးစသည့် လိုအပ်ချက်များအား အသီးသီးတင်ပြကြရာ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ဆောင်ရွက်ပေးနိုင်မှုအခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အားကစားသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ကယ်ဆယ်ရေးသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ကာ  ဒေသခံပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် Multi Cyclone Shulter တွင်ဖွင့်လှစ်ထားရှိသည့် ပြင်စလူမြို့ဆေးရုံအတွင်း ဆေးကုသမှုခံယူနေသော လူနာများအား ကြည့်ရှုအားပေးခဲ့ပြီး လူနာများနှင့် ဆေးရုံ၀န်ထမ်းများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများအား ကြည့်ရှု့အားပေးခဲ့ပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြင်စလူမြို့ Multi Cyclone Shulter တွင် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ဆရာ၊ဆရာမများနှင့် တွေ့ဆုံခဲ့ပြီး ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကာ စာသင်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြင်စလူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်  ပြင်စလူမြို့ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်  သက်ဆိုင်ရာဌာနအလိုက် အဆင့်ဆင့်တင်ပြ ဖြေရှင်းဆောင်ရွက်ပေးရန်လိုပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ရဲ့တာဝန်များကို အောင်မြင်အောင်ဆောင်ရွက်ကြရန် ပြောကြားခဲ့ပါတယ်။ ထို့နောက် ပြင်စလူမြို့ဌာနဆိုင်ရာဝန်ထမ်းများမှ တစ်ဉီးချင်းမိတ်ဆက်တင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန် အစရှိသည့်စားသောက်ကုန်များထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့သန့်ရှင်းသာယာလှပရေး ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
03-Apr-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ရွေးကောက်ပွဲမဲစာရင်းပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမဲစာရင်းပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ၂၀၂၂ခုနှစ်ဧပြီလ(၂)ရက်နေ့ ယနေ့နံနက်ပိုင်းအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင် (၆)ခရိုင်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ  Video Conferencing စနစ်ဖြင့်တက်ရောက်ခဲ့ပါတယ်။ ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်ကအမှာစကားပြောကြားရာတွင် ၂၀၂၃ခုနှစ်တွင် ကျင်းပရန် ရည်ရွယ်ထားသည့် ရွေးကောက်ပွဲသည်  လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လိုပါကြောင်း၊ စာရင်းပြုစုခြင်းလုပ်ငန်းစဉ်များဖြစ်သည့် ရပ်ကွက်/ကျေးရွာအုပ်စုများရှိအိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)များ စာရင်းပြုစုဖြည့်သွင်းခြင်း၊ မြေပြင်စာရင်း တိုက်ဆိုင်စိစစ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းနိုင်ရေးနှင့်နိုင်(၄)အား Execel Format ဖြင့် စာရင်းပြုစုရေးသွင်းခြင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားပါတယ်။ ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်ရေးအတွက် စာရင်းကောက်ယူခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် စာရင်းရေးသွင်းခြင်း လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးကိစ္စရပ်များ ကွန်ပျူတာ၊ ကွန်ပျူတာ ကျွမ်းကျင်သူများနှင့် အခြားလိုအပ်သည်များရှိပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးပါသည်။ ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ လဝက နိုင်(၄) စာရင်း Execel Format ဖြင့် စာရင်းပြုစုရေးသွင်းခြင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးမှ ခရိုင်၊ မြို့နယ်များအလိုက် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူမှုနှင့်ပတ်သက်၍ အသေးစိတ်ဆွေးနွေးပါသည်။ ပြီးနောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ ခရိုင်အလိုက်ဆောင်ရွက်ထားရှိမှု များဆွေးနွေးတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက် မှာကြားခဲ့ပါတယ်။ ဆက်လက်ပြီး စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်မှ ဆီဖူလုံရေးစီမံချက်နှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ကာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆီထွက်သီးနှံဖြစ်သောနေကြာကို မျိုး၊ မြေ၊ ရေ၊ နည်း မှန်(၄)မှန်အပြင် ရာသီအချိန်မီစိုက်ပျိုးရန် လိုအပ်ကြောင်း၊ အစကောင်းမှ အနှောင်းသေချာမည်ဖြစ်သည့်အတွက် မြေပြင်တွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အတတ်နိုင်ဆုံး ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အစည်းအဝေးလုပ်နေရုံနဲ့မပြီးဘဲ လက်တွေ့ အောင်မြင်အောင်ဆောင်ရွက်ကြရန်၊  သုတေသနပြုလုပ်ရာမှာ တွေ့ရှိချက်များနှင့်မပြီး လက်တွေ့ရလဒ်အား ပြသပေးရန် လိုအပ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဆီဖူလုံရေးအတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် (၂၂၁၆၈၈)ဧကမှထွက်ရှိလာမည့် မျှော်မှန်းထားသောအထွက်နှုန်းများရရှိရေး၊ လာမည့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင်လည်းအထွက်နှုန်း ပိုမိုတိုးတက်ရရှိနိုင်ရေး၊ မိမိတိုင်းဒေသကြီးအတွင်း မျိုးထုတ်နိုင်ရေး၊ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်းသတင်းရရှိပါသည်။


Read More...
02-Apr-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်၀င်းသည် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့ဖြေဆိုလျက်ရှိသော ပုသိမ်မြို့ပေါ်ရှိကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေး
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ (၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ  ကျင်းပသည့် တက္ကသိုလ်၀င်စာမေးပွဲတွင်  ဧရာ၀တီတိုင်းဒေသကြီးမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ဖြေဆိုလျက်ရှိရာ ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် ၂၀၂၂ ခုနှစ်၊ ဧပြီ လ (၁)ရက်နေ့၊ ယနေ့နံနက်ပိုင်းအချိန်တွင် ပုသိမ်မြို့ပေါ်ရှိ ကျောင်းများဖြစ်သော အမှတ်(၁)၊ အမှတ်(၂)နှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းတို့တွင်  တက္ကသိုလ်၀င်စာမေးပွဲ ဒုတိယနေ့ကို အေးချမ်စွာစာမေးပွဲဖြေဆိုနေမှုများကိုလိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသူကျောင်းသားများ စာမေးပွဲဖြေဆိုနေစဉ်အတွင်း နေထိုင်သွားလာရေးကိစ္စများ ၊ ကျန်းမာရေးစောင့်ရှောက်မှုများ အလေးထားဆောင်ရွက်ပေးရေး သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ပါတယ်။ တိုင်းဒေသကြီးအတွင်း ခရိုင်(၆)ခရိုင်၊ မြို့နယ် (၂၆) မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ပုသိမ်ခရိုင်(၇၁)ခု၊ ဟင်္သာတခရိုင်(၅၁)ခု၊ မြောင်းမြခရိုင်(၃၂)ခု၊ လပ္ပတ္တာခရိုင်(၁၆)ခု၊ မအူပင်ခရိုင်(၄၅)ခု၊ ဖျာပုံခရိုင်(၃၂)ခု၊ စုစုပေါင်း(၂၄၇)ခု ဖွင့်လှစ်ထားရှိပြီး ကျောင်းသားကျောင်းသူ စုစုပေါင်း(၃၇၂၂၅)ဦး ၀င်ရောက်ဖြေဆိုလျက်ရှိကြကြောင်း သတင်းရရှိပါတယ်။


Read More...
01-Apr-2022