သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက်အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်
၂၀၂၅ ခုနှစ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက်အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်/ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပိုက်ကျော်ခြင်းအားကစားသမားများနှင့် အားကစား ဝါသနာရှင်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။


Read More...
14-Jun-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။


Read More...
14-Jun-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း  ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများနှင့် ကန်ကြီးထောင်မြို့နယ်ရှိ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းတို့တွင် ကျောင်းသားကျောင်းသူများ ကျောင်းတက်ရောက်နေမှုများ သွားရောက်ကြည့်ရှုအားပေး၊ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့်စိုက်ပျိုးခြင်းသရုပ်ပြပွဲ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ဆိပ်သာကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် လေးအိမ်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းများတွင် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှု များအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။


Read More...
13-Jun-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့်နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်ခွဲတွင်ပြုလုပ်သော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းခြင်းအား သွားရောက် ကြည့်ရှုအားပေးခဲ့သည်။


Read More...
12-Jun-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း သာပေါင်းမြို့နယ် ငါးဘတ်ချောင်းကျေးရွာအုပ်စုတွင် မိုးစပါးစိုက်တောင်သူများအား မျိုးစေ့များ၊ မျိုးစေ့ချကိရိယာများပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာထည်ထိုးထည့်သွင်းခြင်းသရုပ်ပြပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ လယ်တီကျေးရွာတွင် ပြုလုပ်သော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးမျိုးစေ့ထုတ်တောင်သူများအား (RS) မျိုးစေ့ပေးအပ်ခြင်း၊ ကြဲခင်းစနစ်ပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ( Drum Seeder )များ ပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည်ထိုးထည့်သွင်းစိုက်ပျိုးပွဲအခမ်းအနား တက်ရောက်ခဲ့သည်။


Read More...
11-Jun-2025