သတင်းများ


ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း) ပထမနှစ်၊ ဝိဇ္ဇာ/ သိပ္ပံနှင့် AGTI သင်တန်းများသို့တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၉)၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်/စစ်ကိုင်း)ပထမနှစ်၊ ဝိဇ္ဇာ/ သိပ္ပံနှင့် AGTI သင်တန်းများသို့‌တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပညာရေးဖြင့်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ နိုင်ငံ့အကျိုးဆောင်ရွက်နိုင်စေရန်ဖြစ်ကြောင်း၊ မိမိတို့တက်ရောက်သည့်သင်တန်းများတွင် ဒေသအသီးသီးမှ တိုင်းရင်းသားလူမျိုးများနှင့်အတူတကွ ပညာဆည်းပူးကြရမည်ဖြစ်ပြီး လူမျိုးစွဲ၊ ဒေသစွဲမထားဘဲ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နေထိုင်ဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းသားများအနေဖြင့် စာမေးပွဲများအဆင့်ဆင့်ဖြေဆိုခဲ့ကြရသည့်အတွက် မိမိကိုယ်ကိုတန်ဘိုးထား၍  စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းကာလတွင်လည်း တိုင်းရင်းသားအချင်းချင်း ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ဓာတ်ထားရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကအလေးထားသည့် သင်တန်းဖြစ်သည့် အတွက် သင်တန်းဆုံးခန်းတိုင်အောင် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ကြရန်၊ ဘာသာရပ်အလိုက် ထူးချွန်အောင်ကြိုးစားကြရန်၊ မှန်ကန်သောအမြင်ဖြင့် မှန်ကန်သောအလုပ်ကို အကျိုးရှိအောင် ကြိုးစားလုပ်ဆောင်သွားကြရန်မှာကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ရာ သင်တန်းသား သင်တန်းသူများ၏ကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ ဆရာဆရာမများ၊ သင်တန်းသားသင်တန်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ သင်တန်းတွင် ပညာရေးဘွဲ့ (B.Ed.) သင်တန်းသား ၁၈ ဦး၊ ဝိဇ္ဇာ/သိပ္ပံ  သင်တန်းသား၂၀ ဦးနှင့် AGTI သင်တန်းသား ၄ ဦး၊ စုစုပေါင်း သင်တန်းသား ၄၂ ဦး ဖြစ်ကြောင်း သတင်းရရှိပါသည်။


Read More...
23-Apr-2022
ပုသိမ်မြို့၊ မင်္ဂလာအောင်မြေကျောင်းတိုက်၌ စတုဒီသာကျွေးမွေးလှူဒါန်းခြင်း ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းနှင့်ဇနီးသည် ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်မြို့၊ မင်္ဂလာအောင်မြေကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးပြီး Supreme Trading Co,Ltd မှ ပြုလုပ်သည့် နှစ်သစ်စတုဒီသာကျွေးမွေးလှူဒါန်းခြင်း ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားသို့တက်ရာက်ကြည်ညိုခဲ့ပြီး မြို့နယ်သံဃနာယကဆရာတော်ဘဒ္ဒန္တ နန္ဒိယမဟာထေရ် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်အရှင်မြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ရာမညရပ်ကွက်နှင့် တာကိုင်းရပ်ကွက်တို့တွင်လူဦးရေ ၆၀၀၀ ဦးအတွက် ထမင်းဘူးများ ပေးဝေလှူဒါန်းခဲ့ပါသည်။


Read More...
23-Apr-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြ၊ လပွတ္တာမြို့နယ်များသို့ ကွင်းဆင်းသွားရောက်၍ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် လပွတ္တာခရိုင်နှင့် မြောင်းမြခရိုင်များသို့သွားရောက်၍ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သွားရောက်တွေ့ဆုံကာ ပညာရေးကဏ္ဍနှင့်ပတ်သက်၍ လာမည့်ပညာသင်နှစ်တွင်ကျောင်းနေအရွယ် ကျောင်းသား‌ကျောင်းသူများ အားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊  ကျန်းမာရေးကဏ္ဍအနေဖြင့် ယခုလကုန်အပြီး  ၁၈ နှစ်အထက် ကိုဗစ်ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အလေးထားဆောင်ရွက်ကြရန် ၊ Green City၊ Clean City ဆောင်ရွက်မှုများအပေါ် ပြည်သူလူထုမှ ပူးပေါင်းပါဝင်လာစေရေး လှုံ့‌ဆော်ဆောင်ရွက်ကြရန်၊  လူဦးရေစာရင်းနှင့်ပတ်သက်၍ မှန်ကန်သည့် ကိန်းဂဏန်းအချက်အလက်များရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ နိုင်ငံတော်ကြီး သာယာရေးနှင့် စားရေရိက္ခာပေါများရေးကို ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတိုင်းဒေသကြီးသည် နိုင်ငံတော်၏ စပါးကျီဖြစ်သည့်အပြင် ဆီဖူလုံမှုအတွက်လည်း နေကြာစိုက်ပျိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိသဖြင့် ဌာနဆိုင်ရာများအနေဖြင့်  လမ်းညွှန်ချက်များအပေါ် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖေါ်ဆောင်ရွက်ပေးကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး လူဦးရေစာရင်း ကွန်ပျူတာရေးသွင်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။


Read More...
22-Apr-2022
လပွတ္တာမြို့နယ်စက်မှုလက်မှုပညာသင်တန်းကျောင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုလက်မှုပညာ သင်တန်းကျောင်း၏ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၅)၊ လျှပ်စစ်သင်တန်းအမှတ်စဉ် (၁၂)၊ ဂ‌ဟေသင်တန်းအမှတ်စဉ်(၁၂)၊ မော်တော်ယာဉ်စက်ပြင်သင်တန်း အမှတ်စဉ်(၇)နှင့် လက်ကိုင်ဖုန်းပြင် သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းမှ သင်ယူခဲ့သည့်ပညာရပ်များသည် လက်တွေ့နယ်ပယ်တွင်များစွာ အသုံးတည့်သည့်ပညာရပ်များဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အလွန်အရေးပါသည့် ပညာရပ်များဖြစ်သည့် အတွက် ပြည်သူလူထုကိုများစွာ အကျိုးပြုနိုင်သည့် ပညာရပ်များဖြစ်ကြောင်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်းကိုလည်း အခြေခံတင်မကဘဲ အဆင့်မြင့်ပညာရပ်ဖြစ်သည့် ကွန်ပျူတာဖြင့် စစ်ဆေးပြုပြင်ခြင်းများအထိ သင်ကြားပေးခဲ့သည်ကိုတွေ့ရှိရကြောင်း၊  ဆက်လက်လေ့လာသင်ယူ၍ မိမိနယ်ပယ်အလိုက် ကောင်းစွာဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအဖြစ် ကောင်းစွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းမှသင်ယူခဲ့သောပညာရပ်များကို ဆက်လက် လေ့လာဆည်းပူး၍ မိမိအတွက် အများပြည်သူအတွက် အကျိုးရှိအောင် ကြိုးစားဆောင်ရွက်ကြ စေလိုပါကြောင်း ပြောကြားခဲ့ပြီး သင်တန်းတွင်ထူးချွန်ဆုရရှိသည့် ကျောင်းသား‌များအား ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်း‌ ကျောင်းသား(၅၀)ဦးအား အောင်လက်မှတ်များပေးအပ်ခြင်းများဆောင်ရွက်ခဲ့ကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး သင်တန်းခန်းမများအတွင်း လှည်လည်ကြည့်ရှုစစ်ဆေးအားပေးခဲ့ပါသည်။


Read More...
22-Apr-2022
ပုသိမ်မြို့နယ်နှင့် မြောင်းမြမြို့နယ်ပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့စာပေးစာယူပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင်  တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မြောင်းမြပညာရေးဒီဂရီကောလိပ်နှင့် ပုသိမ်ပညာရေးဒီဂရီကောလိပ်များသို့ သွားရောက်၍ ပညာရေးဘွဲ့စာပေးစာယူပထမနှစ်သင်တန်း (၁/၂၀၂၂) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားများသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်ရာတွင် ဆရာဆရာမများ၏ ကဏ္ဍမှာများစွာ အရေးပါကြောင်း၊ လာမည့်နှစ်တွင်လည်း ဒုတိယနှစ်သင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပြီး ရန်ကုန်ပညာရေးတက္ကသိုလ်မှပညာရေးဘွဲ့ (BEd)များပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ပညာသင်နှစ်တွင်အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်နိုင်ခြင်းမရှိသည့် ကျောင်းသူ ကျောင်းသားများအား လာမည့်ပညာသင်နှစ်တွင်ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရန်  ဝိုင်းဝန်းကြိုးပန်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆရာဆရာမများသည် တပည့်များကို သင်ကြားရင်း ကိုယ်တိုင်လည်း ထပ်မံလေ့လာဆည်းပူးနေရမည်ဖြစ်၍ ထာဝရကျောင်းသားကြီးပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိကိုယ်တိုင်စဉ်ဆက်မပြတ်လေ့လာသင်ယူ၍ တစ်ဖက်ကလည်း မိမိတပည့်များအား ပြုစုပျိုးထောင် မြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း၊ ဆရာဆရာမများသည် လောကကိုပညာဖြင့် အလှဆင်သူ၊ ဂရုဏာဖြင့်ဖြေဖျောက်သူများဖြစ်သည့်အတွက် ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပြီး ဆရာဆရာမများမှ တန်းခွဲအလိုက်အသီးသီး မိတ်ဆက်တင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။ ပုသိမ်ပညာရေးဒီဂရီကောလိပ်၊  မြောင်းမြပညာရေးဒီဂရီကောလိပ်၊  ဘိုကလေးပညာရေး ဒီဂရီကောလိပ်တို့တွင် ဆရာဆရာမ စုစုပေါင်း ၉၂၀ ဦး တက်ရောက်လျက်ရှိပါကြောင်း သိရှိရပါသည်။


Read More...
22-Apr-2022