သတင်းများ


အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဆက်ကပ်အလှူခံရရှိတော်မူသော ဆရာတော် ဘဒ္ဒန္တသုမနမဟာထေရ်မြတ်အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲ
၂၀၂၂ခုနှစ် ဇန်နဝါရီလ(၄)ရက်(လွတ်လပ်ရေးနေ့)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်တို့တွင်အမြင့်ဆုံးဖြစ်သည့် အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ဆက်ကပ်အလှူခံရရှိတော်မူသော ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ ကျုံမငေး+ရန်ကုန် စက်ရုံဓမ္မရိပ်သာကျောင်းတိုက်များ၏ ဦးစီးပဓာနမဟာနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရုဆရာတော် ဘဒ္ဒန္တသုမနမဟာထေရ်မြတ်အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲ (ဂုဏဝိသိဋ္ဌပူဇာမဟာသဘင်)အခမ်းအနားကို ဧပြီလ(၁၀)ရက်နေ့ နေ့လည်ပိုင်းက ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့စက်ရုံဓမ္မရိပ်သာကျောင်းတိုက်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်​ရောက်ခဲ့ကြပါသည်။ ဦးစွာအခမ်းအနားကို န​မောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်​တော့၍ ဖွင့်လှစ်ခဲ့ပြီး ဝါးခယ်မမြို့နယ်၊ သံဃာ့နာယကဥက္ကဌ၊ ကွမ်းခြံကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခေမာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ၊ ပုသိမ်မြို့ မရမ်းချိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောဘိမဟာထေရ်မှ သာရာဏီယဩဝါဒကထာ မြွက်ကြား ချီးမြှင့်ခဲ့ပါသည်။ အဲ့ဒီနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်မှ သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီး အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော် ထပ်ဆင့်ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဌအား အလှူငွေဆက်ကပ်လှူဒါန်းပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ စေတနာရှင်အလှူရှင်များမှ ပင့်သံဃာတော်အရှင်သူမြတ်တို့အား အလှူငွေများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် ဘဏ္ဍာငွေရှာဖွေရေးကော်မတီဥက္ကဌမှ ကျေးဇူးတင် ဝမ်းမြောက်စကားပြန်လည်ပြောကြားကာ မော်လမြိုင်ကျွန်းမြို့နယ် သံဃနာယကဥက္ကဌဆရာတော် ဘဒ္ဒန္တဇောတိကထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနာယူခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့​ပါသည်။


Read More...
10-Apr-2022
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရ (ကျောက်မဲ) အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရ (ကျောက်မဲ) အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်စက်မှုမြို့တော် စီမံကိန်းရုံးတွင်ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီးဒေါ်ကြည်ကြည်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်ဇနီးများ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ ဦးစွာ ကြွရောက်လာကြကုန်သော ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ဘဒ္ဒန္တဝိသုဒ္ဓါစာရာဘိဝံသ(မတ္တရာ)ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး ကြွရောက်တော်မူလာကြကုန်သော ဆရာတော်သံဃာဝောာ်အရှင်သူမြတ်များမှ ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြ၍ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဗုဒ္ဒသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ပြီးနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။


Read More...
09-Apr-2022
နွေရာသီအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားအား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့တွင် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီးအားကစားနှင့် ကာယာပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားအား တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများ၏ အားကစား သရုပ်ပြမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါ နွေရာသီအားကစားသင်တန်းများတွင် အားကစားနည်း (၁၀)မျိုးပါဝင်ပြီး (၂၅.၃.၂၀၂၂)ရက်နေ့မှ (၈.၄.၂၀၂၂)ရက်နေ့အထိ နှစ်ပတ်တာ အားကစားအခြေခံနည်းစနစ်များကို သင်ကြားပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


Read More...
08-Apr-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ငရုတ်ကောင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဧပြီလ(၆)ရက်နေ့ နံနက်ပိုင်းက ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ရှိ တံတားအရှည် ၁၂၈၀ပေ (Bored Pile RC Concrete) အမျိုးအစား ချောင်းဝတံတားတည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တံတားတည်ဆောက်ရေးတာဝန်ခံမှ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီးနောက် တံတားတည်ဆောက်ရေးဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ အဲ့ဒီနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငရုတ်ကောင်းမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံတာဝန်ခံများနှင့်တွေ့ဆုံကာ တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငရုတ်ကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသူ/သားများ အေးချမ်းစွာ စာ​မေးပွဲဖြေဆိုနေမှုများ၊ ကျောင်းဆောင်ကြံ့ခိုင်မှုအခြေအနေများ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး စာရေးကိရိယာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငရုတ်ကောင်းမြို့ ဓမ္မိကာရုံမြို့မကျောင်းတိုက် ဆရာတော်ဘုရားကြီးအားဖူးမျှော်၍ သာသနာရေးဆိုင်ရာများလျောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်း ဆွမ်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနရက္ခိတကျောင်းဆောင်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ငရုတ်ကောင်းမြို့ ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ပြီး တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက် ရည်မှန်းချက်များအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ဒေသခံပြည်သူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့ပါတယ်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒီရေတောများထိန်းသိမ်းရေးနှင့်ရေနေသတ္တဝါများ မျိုးသုန်းပျောက်ကွယ်မှုမရှိစေရေးနှင့်ဒေသခံပြည်သူများမှ သစ်တောများစနစ်တကျထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ပုသိမ်ခရိုင်သစ်တောဉီးစီးဌာနမှ ထပ်မံဖွဲ့စည်းရန်ဆောင်ရွက်လျက်ရှိသည့် ကြွေချိုင်ဒီရေတော ကြိုးပြင်ကာကွယ်တော (၁၀၁၈)ဧကအား သွားရောက်ကြည့်ရှုခဲ့ပြီး သစ်တောဉီးစီးဌာန ခရိုင်သစ်တောဉီးစီးမှူးမှ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အသေးစိတ်ကွင်းဆင်းစစ်ဆေးပြီး ပြန်လည်တင်ပြဆောင်ရွက်သွားရန် လမ်းညွန်မှာကြားခဲ့ပါတယ်။ ဆက်လက်၍  တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်လမ်းဦးစီးဌာနမှဆောင်ရွက်သည့် ငရုပ်ကောင်းလမ်း ၁မိုင် ၂ဖာလုံအား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေး ပြည့်မီစေရေးလမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။


Read More...
06-Apr-2022
ပုသိမ်ပြည်သူ့ဆေးရုံကြီး (၉)ထပ် တိုးချဲ့ဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့ နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းတို့နှင့်အတူ ပုသိမ်ပြည်သူ့ ဆေးရုံကြီး (၉)ထပ်တိုးချဲ့ဆောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့သွားရောက်၍ ရေသန့်လုပ်ငန်း RC Ground Tank (30000, 60000, 90000 Gal)/ Pump House ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ပါသည်။ ဆက်လက်၍ (၉)ထပ်ဆောင်ဆေးရုံကြီးတွင် ဓာတ်လှေခါးတပ်ဆင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး လမ်းညွှန်မှာကြားခဲ့ပါတယ်။ ထို့နောက် Multi Room တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၅)၊ လုပ်ငန်းတာဝန်ခံမှ ဆောင်ရွက်လျက်ရှိသည့် မြို့ပြလုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဆောင်ရွက်ဆဲ အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
05-Apr-2022