သတင်းများ


နည်းပညာတက္ကသိုလ်(ပုသိမ်)၊ ပုသိမ်တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)ဖွင့်လှစ်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ ပုသိမ်တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)များ မေလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ပုသိမ်) သို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ၏ ကျောင်းအပ်နှံနေမှုများ၊ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့‌နောက် ပုသိမ်တက္ကသိုလ်သို့သွားရောက်၍ ဆရာ၊ဆရာမ များနှင့်တွေ့ဆုံခဲ့ကာ ကျောင်းသားကျောင်းသူများ၏ တက်ရောက်ပညာသင်ကြားမှုအခြေအနေများအားမေးမြန်းခဲ့ပြီး စာသင်ဆောင်များအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာတက်ရောက်သင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေးပါသည်။ ထို့အတူကွန်ပျူတာတက္ကသိုလ်(ပုသိမ်)သို့သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူ‌နိုင်ရေးနှင့် ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီဆောင်ရွက်ကြစေရေး တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပုသိမ်မြို့နယ်၊ ကိုးဆူကျေးရွာရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ပုသိမ်)၊ အလုပ်ရုံ(၁)ထပ်၊ Steel Structure(၁၂၅ပေ×၈၂ပေ)အမြင့် (၁၈)ပေ၊ Plinth Level (၅)ပေ၊ တည်ဆောက်ရေးလုပ်ငန်း စီမံကိန်းရှင်းလင်းဆောင်သို့ရောက်ရှိ၍ အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။ တိုင်းဒေသကြီးအတွင်း ယနေ့တွင် ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊မအူပင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ပုသိမ်၊ ဟင်္သာတ၊ မအူပင်)၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်၊ ဟင်္သာတ၊ မအူပင်)၊ ပုသိမ်ပညာရေးဒီဂရီ ကောလိပ်၊ မြောင်းမြပညာရေးဒီဂရီ ကောလိပ်၊ ဘိုကလေးပညာရေးဒီဂရီ ကောလိပ်၊ စက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ၊ ကျိုက်လတ်၊ လပွတ္တာ) တို့တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။


Read More...
12-May-2022
ဟင်္သာတမြို့ရှိ ကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် မေလ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ဟင်္သာတမြို့၊ နည်းပညာတက္ကသိုလ်(ဟင်္သာတ)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ ကွန်ပျူတာတက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ကျောင်းသား ကျောင်းသူများလာရောက်၍ ကျောင်းအပ်နှံနေမှုများအား ကြည့်ရှု့အားပေးခဲ့ပါသည်။ ထို့‌နောက် တက္ကသိုလ်များမှ ဆရာဆရာမများနှင့် တွေ့ဆုံကာ တာဝန်ရှိသူများမှ ကျောင်းဆိုင်ရာ အချက်အလက်များ၊ သင်ကြားပို့ချမည့် ဘာသာရပ်များအကြောင်းနှင့် ကျောင်းသားကျောင်းသူများ၏ တည်ခိုးဆောင်များ ဆောင်ရွက်ထားရှိမှု အခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူ‌နိုင်ရေးနှင့် ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး ကျောင်းအတွက် ထောက်ပံ့ငွေများအား တာဝန်ရှိသူများထံ ပေးအပ်ခဲ့၍ ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်များနှင့် လက်တွေ့ခန်းများ၊  စာသင်ခန်းများ၊ ကျောင်းပရိဘောဂများ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံကောင်းမွန်မှုရှိ မရှိ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့ပါသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တတ်ရောက်ခဲ့ပြီး ကျောင်းဆောင်သစ်အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အဆောက်အဦးအတွင်း လှည့်လည်ကြည့်ရှု့ခဲ့ပါသည်။ ထို့နောက် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး  ဆရာ၊ဆရာမများ၊ ရပ်မိရပ်ဖများ၊ ကျောင်းကော်မတီများ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံ၍ လာမည့်ပညာသင်နှစ်တွင် ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး စည်းရုံးဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး  တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ကျန်းမာရေးသုံးပစ္စည်းများ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။


Read More...
11-May-2022
ပုသိမ်တက္ကသိုလ်နှင့် အစိုးရနည်းပညာအထက်တန်းကျောင်းတို့တွင် ကျောင်းဝင်းအတွင်း သန့်ရှင်းရေး ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အ‌နောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ရှိ ပုသိမ်တက္ကသိုလ်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့တွင် ကျောင်းဝင်းအတွင်းရှိ မြက်များ၊ ချုံပုတ်များအား ခုတ်ထွင်ရှင်းလင်းပြီး ပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်နေမှုများ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်း‌ဒေသကြီးဝန်ကြီးချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်းများမဖွင့်မီအချိန်တွင် ကျောင်းဝင်းအတွင်း ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးနှင့် စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်အောင် ဆောင်ရွက်ကြရန် မှာ‌ကြားခဲ့ကြောင်း သတင်းရရှိသည်။


Read More...
11-May-2022
ရေကြည်မြို့နယ်၊ စည်ခွကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ဆီဆုံကုန်းကျေးရွာ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်‌ရာများလိုက်ပါလျက် မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ စည်ခွကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ဂျပန်နိုင်ငံ Artic အဖွဲ့နှင့်‌ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားရာတွင် လာမည့်ပညာသင်နှစ်တွင် ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ကျောင်းသားဦးရေနှင့် စာသင်ခန်းများ၊ သင်ထောက်ကူပစ္စည်းများ မျှတလုံလောက်မှုရှိရန်လည်း အ‌ရေးကြီးကြောင်း၊ ယခုကဲ့သို့ ကျောင်းဆောင်သစ် ဖွင့်လှစ်ခဲ့နိုင်မှုအတွက်များစွာ ဝမ်းမြောက်ပါကြောင်း၊  ကျောင်းဆောင်ဖြစ်မြောက်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြသည့်တာဝန်ရှိသူများနှင့်  ထည့်ဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များကိုလည်းကျေးဇူးတင်ပါကြောင်းနှင့်  လာမည့်ပညာသင်နှစ်တွင် ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး စည်းရုံးဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး  Artic အဖွဲ့ မန်နေဂျင်းဒါရိုက်တာမှ ကျောင်းဆောင်သစ်နှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းကော်မတီအဖွဲ့ဝင်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ မန်နေဂျင်းဒါရိုက်တာမှ ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့်စာရွက်စာတမ်းများအား တိုင်းဒေသကြီးပညာရေးမှူးသို့လွှဲပြောင်းပေးအပ်ခြင်း၊ တာဝန်ခံကျောင်းအုပ်ဆရာမကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်းများဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကျောင်းဆောင်သစ်ဖွင့်ပွဲကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်ပက်ဖြန်းပေးခဲ့ကာ ကျောင်းဆောင်သစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး အမှတ်တရဓာတ်ပုံများရိုက်ကူးခဲ့ပါတယ်။ ဆက်လက်၍ ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာသို့သွားရောက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ပေးအပ်ပွဲနှင့်ကြဲပက်ပွဲအခမ်းအနားသို့တက်‌ရောက်ခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးမှ  စိုက်ဧကများနှင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သစ်စိမ်းမြေဩဇာများ၊ ကောက်ရိုးဘိုကာရှီမြေဆွေးပုံများအား စစ်ဆေးရှုခဲ့ကာ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) အိတ်များအား တောင်သူများသို့ ပေးအပ်ခဲ့ပြီး တောင်သူများနှင့်အတူ ကြဲပက်ဆောင်ရွက်ခဲ့ပါတယ်။ ရေကြည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများသို့ (၃၀၃) ဧကစာ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ ဖြန့်ဖြူးပေးအပ်နိုင်ခဲ့ကြောင်းသတင်းရရှိပါသည်


Read More...
08-May-2022
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မေလ(၄)ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ညောင်တုန်းမြို့ အမှတ်(၃)ရက်ကွက် ၁၄လမ်းနှင့်၁၆လမ်းကြား မြို့မစျေးအနောက်ဘက်ရှိ ပန်းလှိုင်မြစ်ကမ်းပါး ပြိုကျသည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းပြိုမှုဖြစ်ပွားသည့် အလျား၁၅ဝပေနှင့် ယင်းနှင့် ဆက်စပ်အလျား၈ဝဝပေတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် လာမည့်မိုးရာသီရေးများချိန်တွင် ကမ်းပြိုမှုများ အထိုက်အလျောက် လျော့နည်းသက်သာစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ရေများချိန်အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်စေရေး မှာကြားခဲ့ပါသည်။ ထို့နောက် ညောင်တုန်းမြို့နယ်၊ သစ်တောဦးစီးဌာနရုံးသို့သွားရောက်၍ လာမည့်မိုးရာသီတွင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း စိုက်ပျိုးနိုင်ရေးအတွက်ပျိုးထောင်ထားရှိသော ကျွန်း၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ယူကလစ်နှင့်ကဗွီး ပျိုးပင်စုစုပေါင်း ၂၉၀၀၀ ကျော်ရှင်သန်ဖြစ်ထွန်းမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လျာထားချက်များ ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးကြိုးစားဆောင်ရွက်ကြစေရေး ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ် သဇင်ရေကျော်ကျေးရွာနှင့် ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စုများသို့သွားရောက်၍ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျော်ပေးအပ်ပွဲနှင့် ပိုက်ဆံလျော်မျိုးစေ့ကြဲပက်ပွဲများသို့သွားရောက်၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကာ သစ်စိမ်းမြေသြဇာများထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တောင်သူများ၏လယ်မြေအတွင်း သစ်စိမ်းမြေသြဇာမျိုးစေ့များ ကြဲပက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
04-May-2022