သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ညောင်တုန်းမြို့နယ်၊ ပန်းတနော်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မေလ(၄)ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ညောင်တုန်းမြို့ အမှတ်(၃)ရက်ကွက် ၁၄လမ်းနှင့်၁၆လမ်းကြား မြို့မစျေးအနောက်ဘက်ရှိ ပန်းလှိုင်မြစ်ကမ်းပါး ပြိုကျသည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းပြိုမှုဖြစ်ပွားသည့် အလျား၁၅ဝပေနှင့် ယင်းနှင့် ဆက်စပ်အလျား၈ဝဝပေတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် လာမည့်မိုးရာသီရေးများချိန်တွင် ကမ်းပြိုမှုများ အထိုက်အလျောက် လျော့နည်းသက်သာစေရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ရေများချိန်အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်စေရေး မှာကြားခဲ့ပါသည်။ ထို့နောက် ညောင်တုန်းမြို့နယ်၊ သစ်တောဦးစီးဌာနရုံးသို့သွားရောက်၍ လာမည့်မိုးရာသီတွင် မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း စိုက်ပျိုးနိုင်ရေးအတွက်ပျိုးထောင်ထားရှိသော ကျွန်း၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ယူကလစ်နှင့်ကဗွီး ပျိုးပင်စုစုပေါင်း ၂၉၀၀၀ ကျော်ရှင်သန်ဖြစ်ထွန်းမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လျာထားချက်များ ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေးကြိုးစားဆောင်ရွက်ကြစေရေး ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်တုန်းမြို့နယ် သဇင်ရေကျော်ကျေးရွာနှင့် ပန်းတနော်မြို့နယ် ဘဝိုင်းကျေးရွာအုပ်စုများသို့သွားရောက်၍ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျော်ပေးအပ်ပွဲနှင့် ပိုက်ဆံလျော်မျိုးစေ့ကြဲပက်ပွဲများသို့သွားရောက်၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကာ သစ်စိမ်းမြေသြဇာများထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တောင်သူများ၏လယ်မြေအတွင်း သစ်စိမ်းမြေသြဇာမျိုးစေ့များ ကြဲပက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
04-May-2022
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်(ငြိမ်း) ဘဒ္ဒန္တသြသဓာဘိဝံသ မဟာထေရ်ဆရာတော်ဘုရားကြီး၏ သက်တော်ရာပြည့်ဂုဏပူဇာသဘင်ပူဇော်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမစျေးကျောင်းတိုက်၊  ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်(ငြိမ်း) ဘဒ္ဒန္တသြသဓာဘိဝံသ မဟာထေရ်ဆရာတော်ဘုရားကြီး၏ သက်တော်ရာပြည့်ဂုဏပူဇာသဘင်ပူဇော်ပွဲကို မေလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမစျေးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သြဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခ ချုပ်ဆရာတော်၊ တိုင်းဒေသကြီးသြဝါဒါစရိယဆရာတော်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီးဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်ဇနီးများ၊ တပည့်သံဃာ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ပုဏ္ဏမာရာမစျေးကျောင်းတိုက်၊ ဦးစီးပဓာန နာယက အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ အကျိုး တော်ဆောင်ချုပ်(ငြိမ်း) ဘဒ္ဒန္တ သြသဓာဘိဝံသ မဟာထေရ်ဆရာတော်ဘုရားကြီးအား ညောင်တုန်းမြို့၊ ဝေဠုဝန်ကျောင်းတိုက်၊ တိုင်းဒေသကြီးသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မမှ ဥတ္တရာသန ပလ္လင်တော်မြတ်သို့ကြွရောက်တော်မူပါရန် အဘိယာစနဂါထာဖြင့် ပင့်လျှောက်တော်မူပြီးနောက် နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆက်လက်၍ မအူပင်မြို့နယ်၊ သိုက်ကုန်းကျေးရွာ၊ သိုက်ကုန်းကျောင်းတိုက်၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဉာဏဒီပမဟာထေရ်ဆရာတော်ဘုရားထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့မှ သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ကြပါသည်။ ထို့နောက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တကုမာရက သက်တော်ရှည်ရာပြည့်မဟာထေရ်ဆရာတော်ဘုရားကြီး၏ သင်္ခေပ ထေရုပ္ပတ္တိကထာအား ဖတ်ကြားပူဇော်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက ဂုဏဝိသိဋ္ဌထုတိဝေဒလ္လဂါထာဖြင့်ဖတ်ကြားပူဇော်ကြပါသည်။ ဆက်လက်၍ မင်္ဂလာဆိုင်းအဖွဲ့နှင့်တေးသံရှင်များက မင်္ဂလာတေးထပ်၊ ရတုပိုဒ်စုံတို့ဖြင့်လည်းကောင်း တပည့်သံဃာ၊ ဒါယကာ၊ဒါယိကာမများက လည်းကောင်း၊ ဘိသိတ်ပညာရှင်မှ ရာပြည့်ဂုဏပူဇာမင်္ဂလာသြဘာစာတမ်းကိုလည်း ကောင်းဖတ်ကြား ပူဇော်ကန်တော့ခဲ့ကြပါသည်။ ထို့နောက် သက်တော်ရှည်ရာပြည့်မဟာထေရ်ဆရာတော်ဘုရားကြီးနှင့် ပင့်သံဃာတော်များအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ (၂၀) သိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့်ဇနီးမိသားစုမှ (၅)သိန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးမိသားစုမှ (၅)သိန်း၊  အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဇနီးမိသားစုမှ (၅)သိန်းနှင့် စေတနာရှင်အလှူရှင်များမှ လှူဖွယ်ဝတ္ထုပစ္စည်းများဆပ်ကပ်လှူဒါန်းခဲ့ကြကာ သက်တော်ရှည် ရာပြည့်မဟာထေရ်ပူဇော်ပွဲ အလှူငွေပေးအပ်လှူဒါန်းခဲ့ပြီး  ပုဏ္ဏမာရာမစျေးကျောင်းတိုက် အကျိုးတော်ဆောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ညောင်တုန်းမြို့၊ တောင်ညိုပရိယတ္တိစာသင်တိုက်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောမလအရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ  ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့ပါတယ်။ အဲ့ဒီနောက် သက်တော်ရှည်ရာပြည့်မဟာထေရ်ဆရာတော်ဘုရားကြီးနှင့် ပင့်သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်


Read More...
04-May-2022
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောင်းကုန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မေလ(၃)ရက်နေ့ ညနေပိုင်းအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျောင်းကုန်းမြို့နယ်၊ ဆိပ်သာကြီးကျေးရွာနှင့် ကန်ကြီးထောင့်မြို့နယ်၊ ဆိပ်သာလေးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျုံလမုချောင်းကူးတံတား (၁၂ဝပေ×၁၄ပေ)ဆောက်လုပ်နိုင်ရေး မြေနေရာလျာထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး မှာကြားခဲ့ပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျောင်းကုန်းမြို့နယ် ရေခလုတ်-ဒေါင့်ကြီးလမ်းပေါ်ရှိ သရက်ပင်ဆိပ်-လောင်တိုင်းတံတား(၁၂ဝပေ×၁၄ပေ) တည်ဆောက်မည့်နေရာလျာထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်းအချိန်မီဆောင်ရွက်နိုင်ရေး လမ်းညွန်မှာကြားခဲ့ပါသည်။


Read More...
03-May-2022
ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်း၊ အလယ်တန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၂ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နည်းပြများ၊ခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်းအလယ်တန်းကျောင်းအုပ်ကြီးများတက်ရောက်ကြပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ပေးခြင်းဖြင့် ဆရာကြီးဆရာမကြီးများအတွက် စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးကိုများစွာ အထောက်အကူပြုမှာဖြစ်ပါကြောင်း၊ လာမည့်ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာမှုရှိစေရေး၊ စာသင်ဆောင်များ၊ ကျောင်းသုံးပရိဘောဂပစ္စည်းများ ပြည့်စုံမှုရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်လိုပါကြောင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိစေရေး ဆောင်ရွက်ပေးထားပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်စေရေး၊ အတန်းစဉ်ကူးပြောင်းသင်ယူနိုင်စေရေး ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ဆရာကြီးဆရာမကြီးများသည် ကျောင်းသူကျောင်းသားများ၏ စံနမူနာပြများဖြစ်ပြီး မိမိတို့၏တပည့်များကို နိုင်ငံသားကောင်းရတနာသမီးကောင်းရတနာများဖြစ်စေရေး သင်ကြားဆုံမပေးကြသူများပါကြောင်းနှင့် ကျောင်းသူကျောင်းသားများနှင့် ပညာရေးကဏ္ဍအတွက် အထောက်အကူပြုနိုင်သည့် အလုပ်ရုံဆွေးနွေးပွဲရလဒ်များထွက်ပေါ်လာစေရေး အလေးထားဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပါသည်။ တိုင်းဒေသကြီးပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ၂.၅.၂၀၂၂ရ ရက်နေ့မှ ၃.၅.၂၀၂၂ ရက်နေ့ထိ (၂) ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး မြို့နယ်ပညာရေးမှူး(၂၄)ဦးနှင့် အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီး (၁၀၆)ဦးတက်ရောက်ဆွေးနွေးကြကြောင်းသိရှိရပါသည်။


Read More...
02-May-2022
(၇၅)ကြိမ်မြောက် စုပေါင်းမဟာဒုတ် ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာနှင့် တပ်မတော်ကျောင်းတိုက်ဆရာတော် သာသနဓဇဓမ္မာစရိယ အရှင်ပညာဝံသအား ပုနောပသမ္ဗဒ သိက္ခာတော်ထပ် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဧပြီ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရွှေ‌လှေကျေးရွာအုပ်စု၊ ရွှေလှေကျေးရွာရှိ တပ်မတော်ကျောင်းတိုက်သို့သွားရောက်၍ (၇၅)ကြိမ်မြောက် စုပေါင်းမဟာဒုတ် ရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာနှင့် တပ်မတော်ကျောင်းတိုက်ဆရာတော် သာသနဓဇဓမ္မာစရိယ အရှင်ပညာဝံသအား  ပုနောပသမ္ဗဒ သိက္ခာတော်ထပ်အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ကြည်ညိုခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများမှ သိမ်ဆင်းလောင်းလှူပူဇော်ခြင်း၊  ငါးဘတ်အိုင်ဆရာတော် အရှင်ပဏ္ဍိတထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ တရားတော်နာယူခြင်းများ ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးက ငါးဘတ်အိုင်ဆရာတော်နှင့် တပ်မတော်ကျောင်းတိုက်ဆရာတော်တို့အား လှူဖွယ်ခြင်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ လှူဖွယ်ခြင်းနှင့်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခြင်း၊ ပင့်ဖိတ်ထားသည့် သံဃာတော်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတို့မှ ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး ခရိုင်/မြို့နယ်/​ကျေးရွာအုပ်ချုပ်​ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး​ရေးတင်ပြချက်များအ​ပေါ် လိုအပ်သည်များကိုဌာနဆိုင်ရာများနှင့်​ပေါင်းစပ်ညှိနှိုင်း​ ဆောင်ရွက် ပေးခဲ့​ပါသည်။


Read More...
28-Apr-2022