သတင်းများ


ညောင်တုန်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ချောင်းဖျားတာ တာအိပဲ့ကျမှုကြောင့် ယာယီပန်းတာဆောင်ရွက်နေမှုအားကြည့်ရှုစစ်‌ဆေး
၂၈-၈-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်သည် မအူပင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်း၊ ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောမျိုးသီဟ တို့နှင့်အတူ ညောင်တုန်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ချောင်းဖျားတာ တာအိပဲ့ကျမှုကြောင့် ယာယီပန်းတာ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်‌ဆေးခဲ့ပါသည်။


Read More...
28-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့၊ အမှတ် (၄)ရပ်ကွက်၊ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေး စကားများပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် လေးမျက်နှာမြို့၊ အမှတ်(၄)ရပ်ကွက်၊ နဝင်းကျောင်းတိုက်သို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့်ပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြစ်ဝကျွန်းပေါ်ဒေသသည် သဘာဝဘေးကို နှစ်စဉ်ကြုံတွေ့ နေရပါကြောင်း၊


Read More...
28-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့၊ ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်းပိတ်ဆို့နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတိုးတက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျမှုဖြစ်ပေါ်ခဲ့မှု အပေါ် ရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်းနှင့် ရေစီးလမ်းကြောင်းပိတ်ဆို့ကာကွယ်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့် အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
28-Aug-2026
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက်အလှူငွေများလာရောက်လှူဒါန်း
(၂၇-၈-၂၀၂၆)ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဧည့်ရိပ်သာတွင် အလှူငွေများကို လှူဒါန်းရာ ဦးသိန်းအောင် (ဝန်ကြီးချုပ်-ငြိမ်း) + ဒေါ်ခင်ဋ္ဌေးမြင့် မိသားစုက အလှူငွေကျပ် သိန်းနှစ်ရာကိုလည်းကောင်း၊ ဦးရန်ဝင်း၊ A 1 ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က အလှူငွေကျပ်သိန်းသုံးရာကိုလည်းကောင်း၊ ဦးဇော်ဝင်းရှိန်၊ ဧရာဟင်္သာကုမ္ပဏီလီမိတက်က အလှူငွေကျပ် သိန်းသုံးရာကိုလည်းကောင်း အသီးသီးလာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ကလက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။


Read More...
28-Sep-2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းတာအိ ပဲ့ကျမှုကြောင့် ယာယီပန်းတာဆောင်ရွက်နေမှုအားကြည့်ရှူ့အားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်သည် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ၊ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၊ တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြား နေရာတွင် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှု ဖြစ်ပွားခဲ့မှုကြောင့် ယနေ့တွင် တာကိုယ်ထည် ထပ်မံတိုက်စားပဲ့ကျမှုမဖြစ်ပွားစေရေး


Read More...
27-Aug-2026