သတင်းများ


ဆီထွက်သီးနှံနှင့် နွေစပါးအတွက် တိုင်းဒေသကြီးအဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီတွေ့ဆုံပွဲ ကျင်းပပြုလုပ်
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်း ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ)နှင့် နွေစပါးအစီအစဉ်အတွက် တိုင်းဒေသကြီးအဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီနှင့် ကြွေးပေးဆပ်ရန်ကျန် ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့တို့တွေ့ဆုံဆွေး‌နွေးပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဌ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


Read More...
01-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် Polytechnic University (မအူပင်)တွင်ပြုလုပ်သည့်၂၀၂၅-၂၀၂၆ပညာသင်နှစ်နှင့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Project Show (2026)ပြပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက Polytechnic University (မအူပင်) တွင် ကျင်းပပြုလုပ်သည့် (၂၀၂၅-၂၀၂၆)- (၂၀၂၆-၂၀၂၇) ပညာသင်နှစ်၊ Project Show (2026) ပြပွဲအခမ်းအနားသို့ တက်‌ရောက် အားပေးခဲ့သည်။


Read More...
31-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် မအူပင်တက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ Project Paper ဖတ်ကြား စွမ်းရည်ပြိုင်ပွဲ အခမ်းအနားသို့ တက်‌ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက မအူပင်တက္ကသိုလ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်း ကျောင်းသား၊ ကျောင်းသူများ၏ Project Paper ဖတ်ကြား စွမ်းရည်ပြိုင်ပွဲ အခမ်းအနားသို့ တက်‌ရောက် အားပေးခဲ့သည်။


Read More...
31-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ညောင်တုန်းကျွန်းတာ မြစ်ကမ်းပါးရေတိုက်စားမှုကြောင့် မြေအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့်နေရာ၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် ယနေ့ညနေပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)သို့ရောက်ရှိ၍ ဩဂုတ်လ ၂၅ ရက်နေ့က ဧရာဝတီမြစ်ရေတိုက်စား မှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့် တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၏ တစ်ဆက်တည်းတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့သည်။


Read More...
31-Aug-2026
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများလာရောက်လှူဒါန်း
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် မအူပင်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ တာဝန်ရှိသူများက အလှူငွေကျပ်သိန်း ၁၀၀ နှင့် ငွေကျပ် သိန်း ၁၇၀ တန်ဖိုးရှိ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများအား လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်းသိရသည်။


Read More...
31-Aug-2026