သတင်းများ
လေးမျက်နှာမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရေဘေးသင့်ပြည်သူများကို ပရိတ်တရားတော်ချီးမြှင့်ခြင်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းထောက်ပံ့ခြင်းအခမ်းအနား
Read More...
သဲဖြူချောင်းဖျားနှင့် မဟာမြိုင်တောရဆရာတော်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဟင်္သာတမြို့နယ်၊ လဟာပကျေးရွာဘုန်းတော်ကြီးတိုက်တွင် ကျင်းပသည့် လေးမျက်နှာ မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရေဘေးသင့်ပြည်သူများကို ပရိတ်တရားတော်ချီးမြှင့်ခြင်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းထောက်ပံ့ခြင်းအခမ်းအနားကို တက်ရောက်ခဲ့ရာ ဦးစွာ သဲဖြူချောင်းဖျားနှင့် မဟာမြိုင်တောရဆရာတော်ကြီး ဦးဆောင်၍ ဆရာတော်၊ သံဃာတော်များ၊ ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
Read More...
30-Aug-2026
သဲဖြူချောင်းဖျားနှင့် မဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ငဝန်တာနိမ့်ကျမှုအပေါ် ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများနှင့် ရေဝင်လမ်းကြောင်းပိတ်ဆို့ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးအားပေး
Read More...
သဲဖြူချောင်းဖျားနှင့် မဟာမြိုင်တောရဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတနှင့် ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်တို့သည် ယနေ့နံနက်ပိုင်းက ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာတမံနိမ့်ကျမှုဖြစ်ပေါ်ခဲ့မှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်းလုပ်ငန်းနှင့် ရေစီး လမ်းကြောင်းပိတ်ဆို့ကာကွယ်နိုင်ရေး ဆက်လက်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။
Read More...
30-Jul-2026
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ဒေသများအတွက် အလှူငွေများလာရောက်လှူဒါန်း
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ဟင်္သာတမြို့တွင် မြန်မာနေရှင်နယ်လိဂ် ဥက္ကဋ္ဌ၊ ရှမ်းယူနိုက်တက်ဘောလုံးအသင်း၊ ဧရာဝတီယူနိုက်တက်အမျိုးသမီးဘောလုံးအသင်း၊ ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း၊ ရတနာပုံယူနိုက်တက်ဘောလုံးအသင်း၊ မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းများ၊ မြန်မာ့လက်ရွေးစင်ကစားသမားများနှင့် M League တို့က ရေဘေးသင့် ဒေသများအတွက် စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၀၀၀ အား တာဝန်ရှိသူများက လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
Read More...
30-Aug-2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ နည်းပညာတက္ကသိုလ်(ပုသိမ်) သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုများကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၌ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
29-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့၊ အမှတ် (၁)ရပ်ကွက်၊ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေး စကားများပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် လေးမျက်နှာမြို့၊ အမှတ်(၁)ရပ်ကွက် ပြည်ငြိမ်းအေးကျောင်းတိုက်သို့သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက ကျန်းမာရေးဆိုင်ရာအသိပညာများ ဟောပြောခဲ့ကာ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်း များပေးအပ်ခဲ့သည်။
Read More...
28-Aug-2026