သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မအူပင်မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် မအူပင်မြို့သို့ရောက်ရှိပြီး မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် မအူပင်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘုရားလမ်း ပလက်ဖောင်းရေမြောင်းပြုလုပ်ခြင်း လုပ်ငန်း၊ Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ လမ်းဦးစီးဌာနမှ ပံတပွတ်လမ်း ဘေးဝဲ/ယာ ရေစီးရေလာ ကောင်းမွန်ရေးအတွက် စက်ယန္တရားအသုံးပြု၍ တူးဖော်ဆောင်ရွက်နေမှုများနှင့် ရေလဲလမ်းဆုံရှိ မအူပင်မြို့၏ အဓိကရေထွက် ပေါက်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
26-Aug-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းတာအိပဲ့ကျမှုအားကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ၊ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၊ တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာတွင် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှု ဖြစ်ပွားခဲ့ရာ ယနေ့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
26-Aug-2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင် မအူပင်ခရိုင်အတွင်းရှိ စိုက်တိုးမြှင့်အဖွဲ့များနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်သည် ၂၆-၈-၂၀၂၆ ရက်နေ့ နံနက် ၀၉၃၀ အချိန်တွင် မအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးသမဝါယမဦးစီးန ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန ဒုတိုင်းဦးစီးမှူးတို့နှင့်အတူ စိုက်ပျိုးရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် မအူပင်မြို့နယ်၊ ဓနုဖြူမြို့နယ်၊ ပန်းတနော်မြို့နယ်၊ ညောင်တုန်းမြို့နယ်များမှ စိုက်တိုးမြှင့်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
26-Aug-2026
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး တိုင်းဒေသကြီးဆားလုပ်ငန်းရှင် တောင်သူအသင်းအဖွဲ့များနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦး သည် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် တိုင်းဒေသကြီးဆားလုပ်ငန်းရုံး၌ တိုင်းဒေသကြီးဆားလုပ်ငန်းဦးစီးမှူး၊ ဖျာပုံ၊ငပုတော၊လပွတ္တာမြို့နယ်များမှတိုင်းဒေသကြီးဆားလုပ်ငန်းရှင်တောင်သူအသင်းအဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ပါသည်။
Read More...
26-Aug-2026
ဧရာဝတီတိုင်းဒေသကြီး ၊ ညောင်တုန်းမြို့နယ် ဆည်မြောင်းဝာာ ရေဝဲတိုးမှုကြောင့် တာအိပဲ့ကျမှုဖြစ်ပွား
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာ အုပ်စု၊ ချောင်ဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းတာ သည် ရေဝဲတိုးမှုကြောင့် ဩဂုတ်လ ၂၅ရက်နံနက်ပိုင်းတွင် အလျား(၃၀၀)ပေ၊ အနံ(၆၀) ပေ ခန့်တာအိပဲ့ကျမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
Read More...
25-Aug-2026