သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ Government to Government စနစ်ဖြင့် တင်ပို့ရမည့်ဆန်များအနက် ပထမအကြိမ် ဆန်တန်ချိန်(၂၅၀၀)အား MV.MCL-11 သင်္ဘောဖြင့် ကုန်တင်ဆောင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်စက်မှုစီမံကိန်းသို့ရောက်ရှိ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ Government to Government စနစ်ဖြင့် တင်ပို့ရမည့်ဆန်များအနက် ဧည့်မထ(၅)မှတ်ဆန် တန်ချိန် (၇၅၀၀)အား တင်ပို့နိုင်ရေးအတွက် ကြိတ်ခွဲထုတ်လုပ်နေမှု အခြေအနေများ၊ (၄၀၀) ကီလိုဝပ် ဆိုလာစနစ် တပ်ဆင်အသုံးပြုမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆန်ကြိတ်ခွဲမှုများ စနစ်တကျဖြစ်စေရေး၊ တင်ပို့သည့်ဆန်များ အရည်အသွေးပြည့်မီရေးမှာကြားခဲ့သည်။


Read More...
02-Dec-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးအဆင့် National ICT Awards-2025 (Educational Project & Skills Competition) ပြိုင်ပွဲအခမ်းအနားတက်ရောက်
တိုင်းဒေသကြီးအဆင့် National ICT Awards-2025 (Educational Project & Skills Competition) ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


Read More...
02-Dec-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဖျာပုံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ Grade-12 သင် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း မြမဉ္ဇူခန်းမတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ Grade-12 သင် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း


Read More...
01-Dec-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ပြင်ပ)ဖြင့်ဆောင်ရွက်သော တောင်သူများအားသွင်းအားစုဓါတ်မြေဩဇာများ၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သီရိအဏ္ဏဝါခန်းမတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ပြင်ပ)ဖြင့်ဆောင်ရွက်သော တောင်သူများအား သွင်းအားစုဓါတ်မြေဩဇာများ၊ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံနေကြာမျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။


Read More...
01-Dec-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။


Read More...
01-Dec-2025