သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လပွတ္တာမြို့နယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လပွတ္တာမြို့နယ်၊ (၃) မိုင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ ထင်းရှူးမြိုင်လမ်း နှင့်ပိတောက်လမ်းထောင့် ရှိ လပွတ္တာမြို့နယ်တရားရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။  ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မြို့နယ် တရားရုံးဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။ ထို့နောက် အမှတ်တရစုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးကြပါသည်။ ဆက်လက်၍ ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ Royal Ayar Creative & Construction Co., Ltd ကုမ္ပဏီဒါရိုက်တာက အဆောက်အဦတည်ဆောက်ခြင်း လုပ်ငန်းများအား ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများကို လပွတ္တာမြို့နယ်တရားသူကြီးထံသို့ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ဧည့်သည်တော် များထံ အထိမ်းအမှတ်ပစ္စည်းနှင့်အထိမ်းအမှတ်အလံငယ်များ ပေးအပ်ခဲ့ပြီး မြို့နယ်တရား သူကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည်သည်တော်များက တရားရုံးအဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှု ကြပါသည်။ လပွတ္တာမြို့နယ်တရားရုံး၊ ပင်မရုံးအဆောက်အဦသစ်မှာ အလျား ၁၈၀ ပေ အနံ ၇ဝ ပေ အကျယ်အဝန်းရှိပြီး သံကူကွန်ကရစ်အမျိုးအစား နှစ်ထပ်အဆောက်အအုံဖြစ်ပြီး တရားစီရင်ရေး ဆိုင်ရာလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပါသည်။


Read More...
22-May-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုသင်တန်းကျောင်း(လပွတ္တာ)၌ ဖွင့်လှစ်သည့် ဆောက်လုပ်ရေး၊ လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်၊ လက်ကိုင်ဖုန်းပြင်သင်တန်းဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင်းရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း(လပွတ္တာ)၌ ဆောက်လုပ်ရေး သင်တန်း အမှတ်စဉ်(၈)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၁၅)၊ ဂဟေသင်တန်းအမှတ်စဉ်(၁၅)၊ မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်(၁၀)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၁၂) သင်တန်းဖွင့်ပွဲများအား ယနေ့နံနက်ပိုင်းက လပွတ္တာ(၃)မိုင်မြို့သစ်ရှိ အဆိုပါသင်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြသည်။ အဆိုပါသင်တန်းများဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ယခုသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခြင်းအားဖြင့် တိုင်းဒေသကြီးအတွက် များစွာအကျိုးပြုနေ ပါကြောင်းနှင့် လိုအပ်ချက်များကိုလည်း တစ်ခန်းတစ်ကဏ္ဍအနေဖြင့် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ သင်တန်းတက်မြောက်အောင်မြင်သွားသည့် လူငယ်များအနေဖြင့် အလုပ်အကိုင် အခွင့်လမ်းများ ရရှိသည့်အတွက် ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ရခြင်းသည် များစွာအကျိုးရှိပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်ထောင်စုစိတ်ဓါတ်ခိုင်မြဲရေး၊ နယ်စပ်ဒေသတွင် နေထိုင်သော ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်တစိုက်ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ သင်တန်းများတွင်လည်း နည်းပညာမြင့် သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားပေးလျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှဆင်း၍ လက်တွေ့လုပ်ငန်းခွင်နှင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါ လိုအပ်ချက်များကိုလည်း အကြံပြုဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ သင်တန်းကာလ၌ ကြိုးစားဆောင်ရွက်သွားရန်လည်းလိုပါကြောင်းနှင့် သင်ကြားပေးသည့် အတတ်ပညာများကိုလည်း စနစ်တကျတတ်မြောက်အောင် သင်ကြားကြရန် လိုပါကြောင်း၊  သင်ယူတတ်မြောက်သည့် ပညာရပ်များဖြင့် မိမိတို့၏မိသားစု၊ မိမိတို့၏ ဒေသအတွက် ပြန်လည်အကျိုးပြုကြစေလိုကြောင်း" ပြောကြားပြီး သင်တန်းသားများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့အဝင်ဝန်ကြီးများနှင့်အတူ လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ခရိုင်စိုက်တိုးမြှင့်အဖွဲ့၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ရာ ခရိုင်စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးတို့က တစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးနှင့် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေး အတွက်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ဒေသရာသီဥတုနှင့်ကိုက်ညီသည့်အထွက်နှုန်းကောင်း မျိုးစပါးများဖြင့်မျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ မြေပြုပြင်ခြင်း၊ ရေလုံလောက်စွာရရှိရေးဆောင်ရွက်ပေးခြင်း၊ ကြဲခင်းစနစ်စိုက်ဧကများလျော့ချခြင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓါတ်မြေသြဇာ၊ ဇီ၀မြေသြဇာ၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)တို့အားမျှတစွာသုံးစွဲခြင်း၊ ရိတ်သိမ်းခြွေလှေ့ချိန် အလေအလွင့်နည်းပါးစေရေး အလေးထားဆောင်ရွက်ရေးတို့ကိုလည်း သက်ဆိုင်ရာ စိုက်တိုးမြှင်ဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် စနစ်တကျကြပ်မတ်ကွင်းဆင်း၍ အသိပညာပေးဆောင်ရွက်ရန်လိုပါကြောင်းနှင့် စာရင်းဇယားဖြင့် စနစ်တကျမှတ်သားတင်ပြကြရန်”ပြောကြားခဲ့သည်။


Read More...
22-May-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မအူပင်မြို့၌ အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ်(Grade-9)နှင့် အခြေခံပညာအထက်တန်းအဆင့် (Grade-12)၊ ဆင့်ပွားသင်တန်းရောက်နေသည့် ဆရာ၊ဆရာမများအားတွေ့ဆုံအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ် (Grade-9) နှင့် အခြေခံပညာအထက်တန်းအဆင့် (Grade-12) ဆင့်ပွားသင်တန်းရောက်နေသည့် ဆရာ၊ဆရာမများအား ယနေ့ညနေပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများအား ပေးအပ်ခဲ့ကြောင်းသိရသည်။ အခြေခံပညာအလယ်တန်းအဆင့် သင်ရိုးသစ် (Grade-9) နှင့် အခြေခံပညာအထက်တန်းအဆင့် (Grade-12) ဆင့်ပွားသင်တန်းရောက်နေသည့် ဆရာ၊ဆရာမများနှင့်တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“သင်တန်းသား၊သင်တန်းသူ ဆရာကြီး၊ဆရာမကြီးများအနေဖြင့် တက္ကသိုလ်မှ ဆရာကြီး၊ဆရာမကြီးများနှင့် အခြေခဲပညာမှဆရာကြီးဆရာမကြီးများ၏ ပို့ချဆွေးနွေးချက်များကို သေချာလိုက်နာမှတ်သား၍ မိမိတို့၏ တပည့်များအား ပြန်လည်သင်ကြားရမှာဖြစ်ပါကြောင်း၊ မကြာမီ အခြေခံပညာကျောင်းများဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံ တက်ရောက်စေနိုင်ရေးအတွက်    ဆရာကြီး၊ဆရာမကြီးများ၊မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာကျောင်းတက်ရောက်နိုင်ရေးအတွက်လည်းကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ စိမ်းလန်းစိုပြေရေး စာသင်ခန်းများသည် လုံလုံခြုံခြုံဖြစ်စေရေးဆောင် ရွက်ရန်လိုပါကြောင်းနှင့် သန့်ရှင်းသောသောက်သုံးရေများ ရရှိရန်လည်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်နေသည့် ဆရာကြီး၊ဆရာမကြီးများအနေဖြင့် မိမိတို့၏ကျောင်းလိုအပ်ချက်များကိုလည်း တင်ပြပေးစေလိုကြောင်း၊ကျောင်း​နေအရွယ်က​လေးတိုင်း ​ကျောင်းတက်​ရောက်နိုင်​ရေးနှင့် အနိမ့်ဆုံးအ​ခြေခံပညာအလယ်တန်းအဆင့် KG+9 ပြီး​မြောက်​စေ​ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိရာ တိုင်း၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်၊  ပညာရေးဌာန၊ မိဘ များနှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်း၍ အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ရန်လိုပါကြောင်း"အမှာစကားများပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က Grade-9နှင့် Grade-12 သင်တန်းသား၊သင်တန်းသူ ဆရာကြီး၊ဆရာမကြီးများအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ခရိုင်ပညာရေးမှူးနှင့် မအူပင်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်တို့က လက်ခံရယူခဲ့သည်။ယင်းနောက် ဆရာကြီး၊ဆရာမကြီးများက မိမိတို့၏ ကျောင်းများအတွက် လိုအပ်ချက်များကို  တင်ပြကြရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်စက်မှုစီမံကိန်းဆိပ်ကမ်းသို့ သွားရောက်၍ ထိုင်းနိုင်ငံသို့ရောင်းချထားသည့် မြန်မာ့အစေ့ထုတ်ပြောင်း တန်ချိန် (၆၀၀၀၀)အနက် ပထမအကြိမ်အဖြစ် တန်ချိန် (၂၇၀၀) သင်္ဘောတင်လုပ်ငန်းအား ယနေ့ညမှစ၍ ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် လိုအပ်သည်များမှာကြားဆောင်ရွက်ခဲ့ကြောင်းသိရသည်။


Read More...
21-May-2023
မြစိမ်းရောင်ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ဘဒ္ဒန္တဣဿရိယ၏ သက်တော်နှစ်(၁၀၀)ပြည့် ဝိဇာတမွေးနေ့ ပူဇော်ပွဲအထိမ်းအမှတ် ပင့်သံဃာအပါး(၁၀၀၀)ဖြင့် ဘုရားအနေကဇာတင်ခြင်း၊ ဆွမ်း၊ သင်္ကန်း၊ ဝတ္ထု၊ဆေးနှင့် လှူဖွယ်ပစ္စည်းအဝဝတို့ကို ဆက်ကပ်လှူဒါန်းခြင်း ရေစက်ချမဟာမင်္ဂလာအခမ်းအနားအား နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့သည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြို့နယ်၊ မြစိမ်းရောင်တောင်တော်ရှိပေ(၁၀၀)(၂၀၀)တန်ဆောင်းတော်ကြီး၌ ပြုလုပ်သော အနန္တကျေးဇူးတော်ရှင် မြစိမ်းရောင်ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဣဿရိယ ၏ သက်တော်နှစ်(၁၀၀)ပြည့် ဝိဇာတမွေးနေ့ ပူဇော်ပွဲအထိမ်းအမှတ် ပင့်သံဃာအပါး(၁၀၀၀)ဖြင့် ဘုရားအနေကဇာတင်ခြင်း၊ ဆွမ်း၊ သင်္ကန်း၊ ဝတ္ထု၊ဆေးနှင့် လှူဖွယ်ပစ္စည်းအဝဝတို့ကို ဆက်ကပ်လှူဒါန်းခြင်း ရေစက်ချမဟာမင်္ဂလာအခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။ ဦးစွာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဣဿရိယ ဗိမာန်တော်ရှိ ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အားဖူးမြော်ကြည်ညိုခဲ့ကြပြီး ဗိမာန်တော်တွင်သီတင်းသုံးကြသည့် သံဃာတော်များအား နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ အမရဝတီဆင်ဖြူတောင်စေတီရင်ပြင်တော်တွင် သံဃာတော်အရှင်သူမြတ်များမှ ဘုရားအနေကဇာတင်မင်္ဂလာဆင်ယင်ကျင်းပနေမှုများအား ဖူးမြော်ကြည်ညိုခဲ့ကြပြီး မြတိဂုံစေတီတော်အားဖူးမြော်ကြည်ညိုခဲ့ကြကာ သံဃာတော်အရှင်သူမြတ်များမှ ဘုရားအနေကဇာတင်မင်္ဂလာဆင်ယင်ကျင်းပနေမှုများအား ဖူးမြော်ကြည်ညိုခဲ့ကြသည်။ ထို့နောက်အနန္တကျေးဇူးတော်ရှင် မြစိမ်းရောင်ဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဣဿရိယ ၏ သက်တော်နှစ်(၁၀၀)ပြည့် ဝိဇာတမွေးနေ့ ပူဇော်ပွဲအထိမ်းအမှတ် ပင့်သံဃာအပါး(၁၀၀၀)ဖြင့် ဘုရားအနေကဇာတင်ခြင်း၊ ဆွမ်း၊ သင်္ကန်း၊ ဝတ္ထု၊ဆေးနှင့် လှူဖွယ်ပစ္စည်းအဝဝတို့ကို ဆက်ကပ်လှူဒါန်းခြင်း ရေစက်ချမဟာမင်္ဂလာအခမ်းအနား စတင်ကျင်းပရာ “နမော တဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားစတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ပိဋကသုံးပုံနိကာယ်စာသင်တိုက်၊ပဓာနနာယက ရွှေရတုတိပိဋကဓရ၊ တိပိဋကကောဝိဒ၊တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက၊ တိပိဋကဧရာဝတီ မော်ကျွန်းဆရာတော်     ဘဒ္ဒန္တ သီလက္ခန္ဓာဘိဝံသ မဟာထေရ်အရှင်သူမြတ်မှ ငါးပါးသီလနှင့် သမ္မောဒနီယဩဝါဒကထာ မြွတ်ကြားချီးမြှင့်တော်မူပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုကြသည်။ ဆက်လက်၍  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊မန်းငြိမ်းမောင် က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရန်ကင်းမြို့နယ် မေဒိနီ ပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တကောဝိဒအား  လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊မြောင်းမြမြို့၊ဇေယျမေဒနီပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒဝရအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အလှူရှင်များမှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အလယ်တောရကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တပညာသီဟ၊ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကမော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘုတလင်ဆရာတော် ဘဒ္ဒန္တဣန္ဒာစရိယနှင့် တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက နောင်ချိုဆရာတော် ဘဒ္ဒန္တဝီရိယာနန္ဒ  မဟာထေရ်မြတ်တို့အား လှူဖွယ်ပစ္စည်းများအား ဆက်လက်လှူဒါန်းခဲ့သည်။ ထို့နောက် မြောင်းမြခရိုင်အတွင်းရှိ တောင်သူများ စားရေရိက္ခာပေါများရေးတွက်ဝါးခယ်မမြို့နယ်၊ ကျွန်းကုန်းကျေးရွာမှ ဦးကျော်စွာ + ဒေါ်အေးစီ(ချမ်းမြေ့ဆန်စက်)မိသားစုမှ လှူဒါန်းသော မျိုးကောင်းမျိုးသန့်မျိုးစပါး ဇီရာလုံးသေး(ပန်းနှံစား) တင်း(၁၅၀၀)ကို အလှူရှင်များကိုယ်စား မြောင်းမြခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် ဇနီးတို့မှလည်းကောင်း၊ ပင့်သံဃာအပါး(၁,၀၀၀)အား (၁)ပါးလျှင်(၁၀၀၀၀)နှုန်းဖြင့် လှူဒါန်းငွေသိန်း(၁၀၀)ကျပ်နှင့် သင်္ကန်းအစုံ(၁၀၀၀)စာအတွက် လှူဒါန်းငွေ သိန်း(၁၀၀) စုစုပေါင်း ကျပ်သိန်း(၂၀၀)အား အလှူရှင် ဒေါ်ညွန့်ယဉ်ဝင်းမိသားစုတို့ကလှူဒါန်းပေးအပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကလည်းကောင်း ၊ ပင့်သံဃာအပါး(၁၀၀၀)အား (၁)ပါးလျှင် (၂၀,၀၀၀)ကျပ်နှုန်းဖြင့်လှူဒါန်းငွေ ကျပ်သိန်း(၂၀၀)အား အလှူရှင်များကိုယ်စား အလှူရှင်(၂)ဦးကပေးအပ်လှူဒါန်းရာ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းကလည်းကောင်း၊ မြစိမ်းရောင်သာသနာ့နယ်မြေအတွင်း ကွန်ကရစ်လမ်းခင်းရန်အတွက် ရန်ကုန်မြို့နေ၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ၊ ဦးစိုးသန်းထွန်း(လူမှုထူးချွန်- တတိယအဆင့်)+ ဒေါ်ခင်မေသန်း (ပွင့်သစ်စမ်း)မိသားစုတို့က လှူဒါန်းငွေ ကျပ်သိန်း(၁၀၀)အား လှူဒါန်းပေးအပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးမှလည်းကောင်း၊ မြစိမ်းရောင်သာသနာ့နယ်မြေရှိ နန်းတော်ဦး-ပြည်လုံးကပ်ကာ ဘုရားလမ်းအတွက် ဦးတင်နိုင်ထွန်း+ဒေါ်မြမြဌေး၊သမီး မအေးမြစိမ်းကြည် မိသားစုတို့က လှူဒါန်းငွေ ကျပ်သိန်း(၁၀၀)အား ပေးအပ်လှူဒါန်းပေးအပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးမျိုးညွန့်ဦးကလည်းကောင်းလက်ခံရယူခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊မန်းငြိမ်းမောင်နှင့် ဧည့်ပရိသတ်များက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အလယ်တောရကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး  “ဗုဒ္ဓသာသနံ စိရံ တိတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအားရုပ်သိမ်းခဲ့ပြီး ဆရာတော်သံဃာတော်များအားနေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။


Read More...
21-May-2023
မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာရှိ စစ်တန့်ဦးအောင်ပွဲရစေတီတော်မြတ်ကြီး၏ ရွှေထီးတော်၊ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်တင်လှူပူဇော်
မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာရှိ စစ်တန့်ဦးအောင်ပွဲရစေတီတော်မြတ်ကြီး၏ ရွှေထီးတော်၊ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနားအား အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ အလှူရှင် ဘုရားဒါယိကာ၊ ဒါယိကာမမိသားစုနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧည့်ပရိသတ်များက “နမောတဿ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊မြောင်းမြမြို့၊ဇေယျမေဒနီပရိယတ္တိစာသင်တိုက်၏    ပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒဝရ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များက ရတနာပစ္စည်းများအား စိန်ဖူးတော်အတွင်းသို့ထည့်သွင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များထံသို့ ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်၊ရွှေထီးတော်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂမဟာပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊မြောင်းမြမြို့၊ဇေယျမေဒနီပရိယတ္တိစာသင်တိုက်၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒဝရ ဆရာတော်ဘုရားကြီးအမှူးပြုသော သံဃာတော်အရှင်သူမြတ်များ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဘုရားဒါယိကာ၊ဒါယိကာများနှင့် တာဝန်ရှိသူများက ရတနာစိန်ဖူးတော်၊ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များကိုပင့်ဆောင်၍ ဒေဝါဝင်း၊ရာဇာဝင်းတို့ဖြင့် စေတီတော်အားလက်ယာရစ် သုံးကြိမ်လှည့်လည်ပူဇော်သည်။ ဆက်လက်၍ အခမ်းအနားမှူးက “မင်္ဂလာအခါတော်”ဟုကြွေးကြော်လိုက်သည်နှင့်တပြိုင်နက် တာဝန်ရှိသူများက ရွှေထီးတော်ထမဘုံအဆင့်၊ဒုတိယဘုံအဆင့်၊တတိယဘုံအဆင့်များကို တင်လှူပူဇော်ခဲ့ကြသည်။


Read More...
21-May-2023