သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သီတင်းကျွတ် ပွဲတော် အထိမ်းအမှတ် MSMEပြပွဲပြိုင်ပွဲ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲအခမ်းအနားဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကမ်းနားလမ်း မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။


Read More...
04-Oct-2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဆရာ၊ ဆရာများ၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


Read More...
04-Oct-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ တိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်ခြင်း အခမ်းအနား တက်ရောက်၍ အောင်နိုင်ရေးအလံပေးအပ်
(၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီး ကိုယ်စားပြုပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဧရာဝတီ တိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။


Read More...
03-Oct-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း Digital Platform အသုံးပြု စားသုံးဆီဖြန့်ဖြူးမှုစနစ် မိတ်ဆက်ခြင်းအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် Digital Platform အသုံးပြု စားသုံးဆီဖြန့်ဖြူးမှုစနစ်မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


Read More...
02-Oct-2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“သက်ကြီးပုဂ္ဂိုလ်များ၏ဘဝပိုမိုသာယာစိုပြည်စေရေး၊ စိုးရိမ်သောက များကင်းဝေးစေရေးအတွက် မိသားစုတွင် တန်ဖိုးရှိစွာဖြင့် ဦးဆောင်ပါဝင်နိုင်စေရေး ရည်ရွယ်ပြီး ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့၏ ဆောင်ပုဒ်ကို “ ဘဝချမ်းသာ အခွင့်အရေးများရရှိရေး သက်ကြီးသူများဦးဆောင်ပါဝင်ပေး" “ Older Persons Driving Local and Global Action: Our Aspirations, Our Well - Being, Our Rights " ထားရှိပါကြောင်း၊ သက်ကြီးပုဂ္ဂိုလ်များ၏ ရင့်ကျက်တည်ငြိမ်သော သဘောထားအမြင်၊ တွေ့ကြုံခဲ့ရသော အတွေ့အကြုံကောင်းများကိုအခြေခံပြီး ချမ်းသာသုခပြည့်ဝစေလိုသော စေတနာဖြင့် ဆောင်ရွက် ပေးနိုင်သော လုပ်ပိုင်ခွင့်များ ဖန်တီးဆောင်ရွက်ပေးကာ မိမိမိသားစုဝင်များနှင့် ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းအတွက် ဦးဆောင်ဦးရွက်ပြုနိုင်စေရေး ရည်ရွယ်ချမှတ်ခဲ့သည့် ဆောင်ပုဒ်ဖြစ်၍ လက်တွေအကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေး အစိုးရဌာနဆိုင်ရာများ အပါအဝင် လူငယ်လူရွယ်များအားလုံးကို တိုက်တွန်းပြောကြားလိုပါကြောင်း


Read More...
01-Oct-2025