သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေသထွက်ကုန်ပစ္စည်းများ သုတေသနနှင့် ဈေးကွက်သုတေသနကော်မတီဝင်များနှင့် တွေ့ဆုံပွဲအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ (၁၇) ရက်နေ့နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ပြုလုပ်သည့် ဒေသထွက်ကုန်ပစ္စည်းများ သုတေသနနှင့် ဈေးကွက်သုတေသနကော်မတီ ဝင်များနှင့် တွေ့ဆုံပွဲများအားတက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်သည့် ဒေသထွက်ကုန်ပစ္စည်းများသုတေသနနှင့် ဈေးကွက် သုတေသနကော်မတီဝင်များနှင့် တွေ့ဆုံပွဲအားတက်ရောက်ခဲ့ရာ ဒေသထွက်ကုန်ပစ္စည်းများ သုတေသနနှင့် ဈေးကွက်သုတေသနကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့က လုပ်ငန်းဆောင်ရွက် မှုများအားရှင်းလင်းတင်ပြပြီးနောက် ပုသိမ်တက္ကသိုလ်ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူး များ၊ တွဲဘက်ပါမောက္ခဌာနမှူးများက စပါး၊ အုန်းသီး၊ ငှက်ပျော၊ ပီလောပီနံ၊ နေကြာ၊ မတ်ပဲ၊ ဝါး၊ ငါး၊ ပုစွန်၊ မြေဩဇာ၊ ငဝန်မြစ်ရေကြီးခြင်းဘေးအန္တရာယ်အကြောင်းလေ့လာခြင်း၊ ရွှေသောင်ယံ နှင့် မော်တင်ဒေသရှိကမ်းရိုးတန်းများ၏ ဘူမိအနေအထားကိုလေ့လာခြင်း၊ Grade-12 ကျောင်းသား/ သူများအား ဘာသာရပ်စွမ်းရည်မြှင့်တင်ပေးခြင်း၊ သာသနိကအဆောက်အဦး၊ ရှေးဟောင်းသမိုင်းဝင်နေရာ၊ Gasifier ၊ IP Law အစရှိသည့် သုတေသနလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများအားလည်းကောင်း၊ မြောင်းမြစိုက်ပျိုးရေးတာဝန်ခံက ဧရာဝတီပေါ်ဆန်း အရည်အသွေးတိုးတက်စေရေး သုတေသနပြုဆောင်ရွက်နေမှုအကြောင်းအားရှင်းလင်းတင်ပြမှု အပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအတွက် စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍အကောင်အထည်ဖော်ရာတွင် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(ARCCI)၏အခန်းကဏ္ဍသည် အဓိကနေရာမှပါဝင်ပါ ကြောင်း၊ စိုက်ပျိုးရေးသုတေသန၊ မွေးမြူရေးသုတေသန၊ ထုတ်လုပ်မှုသုတေသနနှင့် ဈေးကွက် သုတေသနများမှ ရရှိလာသည့်ရလဒ်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပါက စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အဆင့်မီစွာထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ရရှိစေရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်များမှဖော်ထုတ်ရရှိသည့် စာတမ်းများ၊ သုတေသန ရလဒ်များအားအခြေခံပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ မိမိတို့တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တန်ဖို့မြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်း များ ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အောင်မြင်ဖြစ်ထွန်း လျက်ရှိသည့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ Gasifier လုပ်ငန်းများအား သွားရောက် လေ့လာ၍ ဒေသထွက်ကုန်ကြမ်းများအခြေခံပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း လုပ်ဆောင်ကြရမှာဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ပညာရှင်များ၊ တက္ကသိုလ်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက် ပေးကြရန်”ပြောကြားခဲ့ကြောင်းသိရသည်။


Read More...
17-Aug-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ (၁၇) ရက်နေ့နေ့လည်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ပုသိမ်မြို့၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ပြုလုပ်သည့် တိုင်း၊ ခရိုင်၊ ဦးစီးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားတက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ပြုလုပ်သည့် တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ နှင့်တွေ့ဆုံသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍“ မြေပြင်လူဦးရေစာရင်းဇယား များကောက်ယူရာတွင် တိုင်းဒေသကြီးအနေဖြင့်အစောဆုံးကောက်ယူပြီးစီးခဲ့ပါကြောင်း၊ မိမိတို့ အနေဖြင့်လည်း ရရှိသည့်အချိန်များတွင် စာရင်းများရေးသွင်းနေမှုများ၊ တိုင်ဆိုင်စစ်ဆေးမှုများ ကိုလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအကြံပြုဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်ရှိနေ သည့်လုပ်ငန်းများနှင့်ပတ်သက်၍ သတ်မှတ်ကာလအတွင်းအချိန်မီ ပြီးစီးစေရေး ဆောင်ရွက်ကြ ရမှာဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း စာရင်းဇယားများပြည့်စုံမှန်ကန်စေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါကလည်း တင်ပြပေးစေလိုကြောင်းနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးစေလိုကြောင်း”အမှာစကားများပြောကြားခဲ့သည်။


Read More...
17-Aug-2023
၂၀၂၃ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေး အလံပေးအပ်
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉) နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အုပ်ချုပ်သူ၊ နည်းပြ၊ အားကစား သမားများက တစ်ဦးချင်း မိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “  ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်သည့်အခါတိုင်း တိုင်းဒေသကြီး ကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံများပေးအပ်ခြင်းနှင့် ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ခြင်းများပြုလုပ်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက်လည်း ခွန်အားဖြစ်စေရန်နှင့် မိမိတို့အသင်း၏ အခြေအနေများ တိုးတက်မှုကို သုံးသပ်နိုင်ရန်လည်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်ခဲ့သည့်အပြင် ခြေစမ်းပွဲများပြုလုပ် နိုင်ခဲ့သဖြင့် ပြိုင်ပွဲ အတွေ့အကြုံများရရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၏ အားကစားနည်းများအား ပြန်ကြည့်မည်ဆိုပါက အမျိုးသမီးဘောလုံးအသင်းသည် အောင်မြင်မှုပိုမိုရရှိသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် မိမိအသင်း နိုင်ရမည်ဟူသော စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကြရန်လည်းလိုပါကြောင်း၊ ပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် အချိတ်အဆက်မိမိယှဉ်ပြိုင်ရန်လိုအပ်သည့်အပြင် အသင်းအုပ်ချုပ်သူ၊ နည်းပြများ၏ မှာကြား ချက်များကိုလည်း နာယူမှတ်သား၍ ပြိုင်ပွဲတွင်လည်း အောင်မြင်မှုရရှိရန် အင်တိုက်အားတိုက် ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် အောင်မြင်မှုများရရှိပါစေကြောင်း” အားပေးအမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ သည်။ ဧရာဝတီတိုင်းဒေသကြီးအသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမား စုစုပေါင်း (၂၂) ဦးဖြင့်ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ကြောင်းသိရသည်။


Read More...
17-Aug-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ပြုလုပ်သည့် တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၌  တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃)အား ယနေ့နံနက်ပိုင်းက အဆိုပါကောလိပ်၏ ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ဆရာမများနှင့်  တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုလက်ကမ်း ကံ့တော်တန်းသီတန်း”သီချင်းဖြင့်သီဆိုဖွင့်လှစ် ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပြီး ပညာရေးကိုလိုလားသည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင်  တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာများခန့်အပ်သည့်အတွက် တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူများပညာသင်ယူမှုတွင်အဆင်ပြေလာမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ရာ နေရာများ တွင် ဆရာ/ ဆရာများ တတ်မြောက်ထားသည့် ဘာသာရပ်များအလိုက် ကူညီသင်ကြား ပေးခြင်းဖြင့် တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသားကျောင်းသူများ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေရေးနှင့် နည်းမှန်လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေးကြ သူများဖြစ်ကြပါကြောင်း၊ ခေတ်စနစ်နှင့်အညီ  ပြုပြင်ပြောင်းလဲနေသော ပညာရေးစနစ်ကို မျက်ချည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီး များ ဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံ သည့်လူငယ်များဖြစ်လာစေရေး လေ့ကျင့်ပျိုးထောင် ပေးရမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများသည် ဝါသနာ၊ စေတနာ၊ အနစ်နာ စသည့် နာသုံးနာကိုအရင်းတည်၍ စာဖတ်နာသူများ၊ စံနမူနာပြများဖြစ်စေရေး ဆောင်ရွက်ရန်နှင့် စည်းကမ်းလိုက်နာမှု၊ စနစ်တကျရှိမှု၊ သေသပ်ကျနမှုစသည့် အလေ့အကျင့်ကောင်းများဖြင့် ကျောင်းသားကျောင်းသူများအား ပြုစုပျိုးထောင်ပေးနိုင်ရေး၊  ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ် ကူးပြောင်းမှု မြင့်မားစေရေးကိုလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း” အမှာစကားများပြောကြားပြီး ထောက်ပံ့ငွေ များပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့သည်။  ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှကျောင်းအုပ်ကြီးက ဆွေးနွေးပွဲ တက်ရောက်နေသော တိုင်းရင်းသာဘာသာစာပေသင် ဆရာ၊ ဆရာမများစာရင်းနှင့် ဆွေးနွေး ပေးမည့် ဘာသာရပ်များအားတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကရင်တိုင်းရင်းသားတို့၏ ရိုးရာအကဖြင့်ဖျော်ဖြေမှုနှင့် (၄)နှစ်သင် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများနှင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာကြသည့် ဆရာ၊ ဆရာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး ခဲ့ကာ နေ့လယ်စာများအတူတကွသုံးဆောင်ခဲ့ကြကြောင်းသိရသည်။


Read More...
16-Aug-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမ၌ပြုလုပ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲအား တက်ရောက်
ဧရာဝတီတတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဩဂုတ်လ ၁၅ ရင်နေ့နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများလိုက်ပါလျက် ဖျာပုံခရိုင်၊ ဘိုကလေးမြို့၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမ၌ပြုလုပ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲအား တက်ရောက်ခဲ့သည်။  ရှေးဦးစွာ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများက ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပြီး တိုင်းဒေသကြီးတွင်  တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာများခန့်အပ်သည့်အတွက် ေကျာင်းသားေကျာင်းသူများပညာသင်ယူမှုတွင် အဆင်ပြေလာမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည်  လောကကို ပညာဖြင့်အလှဆင်သူများ၊ လောကကိုဂရုဏာဖြင့်ဖြေဖျောက်သူများ၊ အများအကျိုး ကိုယ်ကျိုးမဖက် ဆောင်ရွက်တတ်သူများဖြစ်ကြပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသားကျောင်းသူများ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေရေးနှင့် နည်းမှန်လမ်းမှန်ရောက်အောင် သွန်သင် ဆောင်ရွက်ပေးကြသူများဖြစ်ကြပါကြောင်း၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး လူစွမ်းအားအရင်းအမြစ်များ ထူးချွန်ထက်မြက်ရန်အတွက် ပညာရေးသည် အရေးကြီးသောအခန်း ကဏ္ဍမှာပါဝင်နေပါကြောင်း၊ ဆရာ၊ဆရာမများကလည်း ခေတ်စနစ်နှင့်အညီ  ပြုပြင်ပြောင်းလဲနေသော ပညာရေးစနစ်ကို မျက်ချည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများ ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့ရရှိထားသည့် အတတ်ပညာ၊အသိပညာ၊ ဗဟုသုတများကို အနာဂတ်သားကောင်း သမီးမွန်တို့အား လက်ဆင့်ကမ်း ဖြန့်ဝေပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှု မြင့်မားစေရေးကိုလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ကိုယ်တိုင် စည်းကမ်းတကျဖြင့် လုပ်ငန်းတာဝန်များကိုကျေပွန်စွာထမ်းဆောင်ရန်နှင့် စည်းကမ်းလိုက်နာမှု၊ စတစ်တကျရှိမှု၊ သေသပ်ကျနမှုစသည့် အလေ့အကျင့်ကောင်းများဖြင့် ကျောင်းသားကျောင်းသူများပြုစုပျိုးေထာင်ပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” ဩဝါဒအမှာစကားများပြောကြားသည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးက အားပေးအမှာစကားများဆက်လက်ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အားအရည်အသွေးမြှင့်ဆွေးနွေးပွဲသို့ မြို့နယ်အလိုက်တက်ရောက်သည့်ဆရာ၊ ဆရာမများက မြို့နယ်အလိုက်မိတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေများကိုပေးအပ်ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ အဆိုပါ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲသို့ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူ မြို့နယ်များမှ သင်တန်းသားသင်တန်းသူ ဆရာမ၊ ဆရာမ (၂၀၀) ကျော်တက်ရောက်ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  သင်တန်းသားသင်တန်းသူဆရာမ၊ ဆရာမ များနှင့်အတူ ခင်မင်ရင်းနှိးစွာနေ့လည်စာအတူတကွသုံးဆောင်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘိုကလေးမြို့နယ်၊ သာပေါင်းလေးကျေးရွာ၊ တောင်သူ ဦးစံသောင်း၏ လယ်မြေ (၇.၅၈) ဧကတွင် ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီပေါ်ဆန်းရင်(၆) မျိုးယှဉ်ပိုင်စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှု၊ မြေဩဇာ နှုန်းထားစမ်းသပ်ကွက် စိုက်ပျိုးစမ်းသပ်ထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးမှုးမှ ပေါ်ဆန်းရင်ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးမှု၊ မြေဩဇာနှုန်းထားစမ်းသပ်ကွက်ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယှဉ်ပြိုင်စမ်းသပ်ကွက်များမှ အကောင်းဆုံးစံကွက်များစနစ်တကျမှတ်တမ်းထားရှိစေရေး၊ အောင်မြင်အောင်ဆောင်ရွက်စေရေးနှင့် ပေါ်ဆန်းအရည်အသွေးတိုးတက်စေရေး​ဆောင်ရွက်မှာကြားခဲ့ပြီး အထွက်တိုး ရက်(၉၀) မျိုးစပါး စနစ်တကျစိုက်ပျိုးနေမှုအားကြည့်ရှုအားပေးခဲ့သည်။


Read More...
15-Aug-2023