သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြမြို့တွင် ပြုလုပ်သည့် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားများအား တက်ရောက်ခဲ့ကြောင်းသိရသည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၄)အလတ်စားစက်ပြင်အလုပ်ရုံ (မြောင်းမြ)၌ပြုလုပ်သည့် ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲ (၃/၂၀၂၃) အခမ်းအနားသို့တက်ရောက်၍ “ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းအား ကျုံပျော်၊ မအူပင်ခရိုင်တို့တွင် ဖွင့်လှစ်ခဲ့ပြီး ယခုဖွင့်လှစ်သည့်သင်တန်းသည် သုံးကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျန်ခရိုင်များတွင်ဆက်လက်ဖွင့်လှစ်သွားမှာဖြင်ပြီး ဆင့်ပွားသင်တန်းများလည်း ဆက်လက်ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ရိတ်သိမ်း​ချွေ​လှေ့စက်များအသုံးပြုရာတွင်စက်​မောင်းများက်ိုင်တွယ်ထိန်းသိမ်းမှုအားနည်းပါက စပါးအ​လေအလွင့်ရာခိုင်နှုန်းများသည်ကို​ တွေ့ရှိရသဖြင့်​ နွေစပါးအပြီးမိုးစပါးမရိတ်သိမ်းမီ သင်တန်း​ပေးရခြင်းဖြစ်ပါ​ကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ဧကအများဆုံးတိုင်းဒေသကြီးဖြစ်ပြီး ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းရာတွင် (၂)ရာခိုင်နှုန်းမှ(၄)ရာခိုင်နှုန်းအထိ လေလွင့်ဆုံးရှုံးမှုရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီး အနေဖြင့် မိုးစပါးတစ်ဧက ၁၀တင်း အထွက်တိုးစေရေးရည်မှန်းချက်ထားဆောင်ရွက်နေသကဲ့သို့ ရိတ်သိမ်းခြွေ့လှေ့စက်မောင်းနှင်သူများက ယခုသင်တန်းအား စနစ်တကျသင်ကြားတတ်မြောက်၍ ရိတ်သိမ်းခြွေလှေ့မည်ဆိုပါက လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး အထွက်နှုန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းပြီးဆုံးပါက ဆင့်ပွားသင်တန်းများလည်း ပြန်လည်ပြုလုပ်စေခြင်းဖြင့် ကျွမ်းကျင်သည့်စက်မောင်းများ တစ်တိုင်းလုံးပျံ့နှံ့စေရေးဆက်လက်လုပ်ဆောင်ရန်လည်း လိုပါကြောင်း၊ စက်မောင်းကျွမ်းကျင်သူများအနေဖြင့်လည်း   လေလွင့်ဆုံးမှုနည်းနိုင်သမျှနည်းပါးအောင် ရိတ်သိမ်းပေးကြစေလိုကြောင်းနှင့် အားလုံးကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်တိုက်တွန်းပြောကြားလိုပါကြောင်း”အမှာစကားများပြောကြားသည်။ ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီးနောက် သင်တန်းကြီးကြပ်သူနှင့် နည်းပြဆရာများက တစ်ဦးချင်းဂါဝရပြုမိတ်ဆက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး စက်မှုလယ်ယာစခန်းရှိ လယ်ယာသုံးစက်ကြီးများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်း(၃/၂၀၂၃) သင်တန်းသို့ သင်တန်းသား(၅၀)ဦးနှင့် စက်မှုလယ်ယာဦးစီးဌာနမှဆရာဖြစ်သင်တန်းသား (၆)ဦးဖြင့် စုစုပေါင်း သင်တန်းသား ၅၆ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလ (၄)ပတ်ကြာ သင်ကြားပို့ချသွားမှာဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၊ မြကျွန်းရွှေဝါခန်းမ၌ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်တွင် တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းကျောင်းရှိဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးနှင့်တွဲဖက်၍ မွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်နိုင်ငံတော်၏ အမျိုးသားေရးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဖြစ်ပြီး စပါးစိုက်ဧကအများဆုံးဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်ပြီးဆုံးပါက အလယ်အလတ်အဆင့် ပညာရှင်များ ဖြစ်လာမည်ဖြစ်ပါကြောင်နှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နေရာများ၌ မိမိတို့သင်ကြားတတ်မြောက်ထားသည့် ပညာရပ်များအား လက်တွေ့ ပြန်လည်အသုံးချရမှာဖြစ်ပါကြောင်း၊  ဧရာဝတီတိုင်းဒေသကြီးတွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း(၂)ကျောင်း၊ ၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း(၂)ကျောင်းဖွင့်လှစ်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်များ ပို့ချသင်ကြားပေးလျက်ရှိပါကြောင်း၊  သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းပြီးဆုံး၍ မိမိတို့တာဝန်ကျရာဒေသများ၌ တာဝန်ထမ်းဆောင်သည့်အခါ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်သွားကြရန်လည်းလိုပါကြောင်း၊  ဒေသတွင်းတွင် စိုက်ပျိုးကြသည့် သီးနှံများနှင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျလေ့လာ၍ လက်တွေ့သင်ကြားပြသပေးရန်နှင့် တောင်သူများမှ အားကိုးအားထားရသူများဖြစ်ရေေးဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ လိုအပ်ချက်များရှိပါကလည်း ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း” အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် ‌စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)ကျောင်းအုပ် ဆရာမကြီးက ကျောင်းဆိုင်ရာအချက်အလက်များ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ပထမနှစ် ဝင်ခွင့် လျှောက်လွှာ လျှောက်ထားလူမှု အခြေအေနေများနှင့် ကျောင်း၏လိုအပ်ချက်များကို ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ စိုက်ပျိုးရေးသိပ္ပံမြောင်းမြတွင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်သင်တန်းသား သင်တန်းသူစုစုပေါင်း ၄၀၇ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာ၊ တောင်သူ ဦးအောင်မျိုးသိုက်၏ လယ်မြေ(၄)ဧက၊ နယူးဧရာအထွက်တိုးမျိုးစပါးစိုက်ခင်းတွင် ပြုလုပ်သည့် ပေါင်းလိုက်၊ သမန်းနှိုး၊ မြေဩဇာကြဲပတ်ပွဲတက်ရောက်အားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာအချိုးကျသုံးစွဲစေရေး၊ အထွက်တိုးမျိုးစပါး ပိုမိုတိုးချဲ့စိုက်ပျိုးစေရေး၊ လာမည့်မိုးစပါးစိုက်ပျိုးရာသီတွင် ရေတော်မိုးတော်စိုက်ဧကအားလုံး ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)ထည့်သွင်းစိုက်ပျိုးသွားမှာဖြစ်ပါ၍ ပိုက်ဆံလျှော်မျိုးစေ့များအားကြိုတင်စုဆောင်းထားကြရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။


Read More...
15-Aug-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်ဆွေးနွေးပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြမြို့တွင် ပြုလုပ်သည့်  တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်ဆွေးနွေးပွဲအခမ်းအနားအား တက်ရောက်ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြောင်းမြို့ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ပြုလုပ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်ဆွေးနွေးပွဲအခမ်းအနားအား တက်ရောက်ခဲ့ပြီး တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများက အခမ်းအနားအား“ဖူးပွင့်ဝေဆာ ကျောင်းတော်သာ”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပြီး တိုင်းဒေသကြီးတွင် ယခုပညာသင်နှစ်၌ အခြေခံပညာကျောင်း(၇) ထောင်ကျော်အားဖွင့်လှစ်ထားရှိပြီး ကျောင်းတက်ရောက်မှု (၁၁)သိန်းကျော်ရှိပါကြောင်း၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာများခန့်အပ်သည့်အတွက် တိုင်းရင်းသားများပညာသင်ယူမှုတွင် ပိုမိုအဆင်ေပြလာမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများသည် လက်ဦးဆရာများဖြစ်ပြီး ဝါသနာ၊ စေတနာ၊ အနစ်နာများအရင်းတည်၍ သင်ကြား‌ကြရမှာဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ ပညာတတ်ကြီးများဖြစ်လာရန် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍအား  များစွာတန်ဖိုးထားပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များဗလငါးတန်နှင့်ပြည့်စုံ စေရန် လေ့ကျင့်ပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ တိုင်းရင်းသားဘာသာစကားသင်  ဆရာ၊ဆရာမများအနေဖြင့် မိမိ၏ တပည့်သားသမီးများအား မတတ်သည်များကို တတ်အောင်၊  မသိသည်များကို သိအောင်၊ နားမလည် သည်များကို နားလည်အောင်၊ မကျွမ်းကျင်သည်များကို ကျွမ်းကျင်အောင်၊ မလိမ္မာသည်များ ကို လိမ္မာအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်စေရန်အတွက် သွန်သင်ဆုံးမကြရမည့် သူများဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတာဝန်ကျရာကျောင်းများတွင်ကြုံတွေ့ရသည်များ ဆွေးနွေးတိုင်ပင်ကြ၍ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်တင်နိုင်ရေး အလေးထားဆွေးနွေးပေးကြရန်နှင့် တိုင်းဒေသကြီး၏ ပညာရေးနှင့် တိုင်းရင်းသားများ၏ ပညာသင်ကြားနိုင်မှုများတိုးတက်ကောင်းမွန်စေရေး အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” နှုတ်ဆက်အမှာစကားများပြောကြားပြီး အာဟာရပြည့်ကြက်ဥများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ မြောင်းမြ ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား အရည်အသွေးမြှင့်ဆွေးနွေးပွဲသို့ မြို့နယ်အလိုက်တက်ရောက်သည့်ဆရာ၊ ဆရာမများစာရင်းအားတင်ပြခဲ့ပြီး ဝန်ကြီးချုပ်သည် ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြောင်းမြ၊ ဝါးခယ်မ၊ အိမ်မဲ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းမြို့နယ်များမှ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမ (  ၂၅၀) ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။


Read More...
15-Aug-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ် (၂၀၂၃)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး (၂၀၂၃)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားအား ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊မိခင်နှင့်က လေး စောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့များ၊ အမျိုးသမီး ရေးရာအဖွဲ့များ၊ ကိုယ်ဝန်ဆောင်များနှင့် ရင်သွေးမိခင်များတက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကမ္ဘာပေါ်တွင်ရှိသည့် လူသားအားလုံးသည် မွေးဖွားလာစဉ်ကတည်းက အသက်ဆက်လက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်အသိဉာဏ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လှုပ်ရှားမှုတို့အတွက် အစာအာဟာရကို မှီဝဲစားသုံးကြရတာ ဖြစ်ပါကြောင်း၊ အာဟာရပြည့်ဝခြင်းသည် လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်စုကစ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အခန်းကဏ္ဍတွင် တည်ရှိနေပါကြောင်း၊  ပြည်သူလူထုအနေဖြင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုစိတ်ဝင်စားလာကာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ရည်ရွယ်ပြီး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များကို သြဂုတ်လတစ်လလုံး ဗဟိုအဆင့်၊တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်မှာ နှစ်စဉ် ကျင်းပပြုလုပ်လျက်ဖြစ်ပါကြောင်း၊ ယခုလို အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များသတ်မှတ်ပြီးဆောင်ရွက်ခြင်းကြောင့် ပြည်သူလူထုကိုယ်တိုင် စိတ်ဝင်တစား ပါဝင်ဆောင်ရွက်လာကာ အာဟာရပြည့်ဝ ကျန်းမာစေသည့်အသိပညာ၊ အမူအကျင့်များ ပိုမိုကောင်းမွန်မှန်ကန်လာစေပြီး၊ ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေလည်း ပိုမိုကောင်းမွန် မြင့်မားလာစေမှာဖြစ်ပါကြောင်း၊ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု ရက်သတ္တပတ်များအဖြစ် ဩဂုတ်လ၏ ပထမရက်သတ္တပတ်ကို မိခင်နို့စနစ်တကျ တိုက်ကျွေးရေးရက်သတ္တပတ်၊ ဒုတိယရက်သတ္တပတ်ကို ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယရက်သတ္တပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထရက်သတ္တပတ်ကို အိုင်အိုဒင်း ချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်များအနေဖြင့် သတ်မှတ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်အတွက်နှစ်စဉ်နှစ်တိုင်း ဦးတည်ဆောင်ရွက်မည့် လုပ်ငန်းဆောင်ပုဒ်တစ်ခုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ရွေးချယ်ပေးပြီး ကျင်းပလေ့ ရှိရာမှာယခုနှစ်အတွက် လုပ်ငန်းဆောင်ပုဒ်ကတော့ “လုပ်ငန်းခွင်ဝင် မိခင်တို့ နို့ချိုတိုက်ကျွေးနိုင်စေဖို့ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်စို့” ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်မှ မိခင်များအတွက် မိခင်နို့တိုက်ကျွေးနိုင်မည့် ပတ်ဝန်းကျင်ကောင်းတွေလိုအပ်နေပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွက် အဓိက ဆောင်ရွက်ရန်လိုအပ်သည့် အာဟာရ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပြည်သူလူထု အသိပညာတိုးတက် စေရန် ရည်ရွယ်ကာ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားများ ကိုယခုလိုကျင်းပရခြင်းဖြစ်ပါကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်(၉)ရပ်ထဲက လူမှုရေးဦးတည်ချက် တစ်ခုဖြစ်သည့် သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ကျန်းမာရေးကဏ္ဍမြှင့်တင်ရေးမှာ အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာအောင် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အလေးအနက်တိုက်တွန်းလိုပါကြောင်း”အဖွင့်အမှာစကားပြောကြားပြီး‌နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု Videoအားကြည့်ရှုအားပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က စံပြမိခင်ဆု ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုရရှိသူများအား လည်းကောင်း၊ အနောက်တောင်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက စံပြမိခင်အထူးဆုနှင့် နှစ်သိမ့်ဆုရရှိသူများလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၅)နှစ်အောက်ကလေးများအား ဗီတာမင်အေတိုက်ကျွေးခြင်းနှင့် သန်ချဆေးများတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးဝါးများတိုက်ကျွေးခဲ့ပြီး အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကာ  (၂၀၂၃)ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုအထိမ်းအမှတ် ပြခန်းအားလှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ မှ ဦးစီးကျင်းပသည့် ၂၀၂၃ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ်  အာဟာရအချက်အပြုတ်ပြိုင်ပွဲ အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ အစိုးရအဖွဲ့ဝန်ကြီးများ၏ဇနီးများ၊ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့  ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကိုယ်ဝန်ဆောင်များ၊ မိခင်များရောက်ခဲ့ကြသည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့  ဥက္ကဌမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဒုတိယပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ၂၀၂၃ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး နှင့်တာဝန်ရှိသူများက ကိုယ်ဝန် ဆောင်များနှင့် ရင်သွေးမိခင်များအတွက် အာဟာရဖြည့်စွက်စာများထောက်ပံ့ပေးအပ်ခဲ့ပြီး ခရိုင်(၈) ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ များ၏ တန်ဖိုးနည်းအာဟာရ အချက်အပြုတ်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ ခရိုင်(၈) ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ များ၏ တန်ဖိုးနည်းအာဟာရ အချက်အပြုတ်ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့်တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသည့် ခရိုင်များနှင့် အမှတ်ပေးဒိုင်များအား  ဆုနှင့်လက် ဆောင်များအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။


Read More...
14-Aug-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်နယ်အုပ်ချုပ်ရေးမှူးများနှင့် ပြုလုပ်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်နယ်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်နယ်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် စီးပွား​ရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေးနှင့် တည်ငြိမ်​အေးချမ်း​ရေးမှအစပြု၍ ဘက်​ပေါင်းစုံတွင်​ကောင်းမွန်သည့် အ​ခြေအ​နေအား ဆက်လက်ထိန်းသိမ်း​ ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ ဧရာဝတီပေါ်ဆန်း မူလအရည်အသွေးပြန်လည်ရရှိေစေရး သုတေသနလုပ်ငန်းများ ပြုလုပ်၍ ဈေးကွက်အတွင်းရောက်ရှိရေး၊ ရပ်နားထားသည့် စက်ရုံအလုပ်ရုံများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် နွေးစပါး၊ မိုးစပါး(၅၂)သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး မိုးစပါး တစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိအောင် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် ရေတော်မိုးတော် မိုးစပါးစိုက်ဧက၊သဲဆန်ကုန်းချော မိုးစပါးစိုက်ဧကများ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးပြီဖြစ်ပါကြောင်းနှင့် ရေကြီးကွင်း၊ ရေနက်ကွင်း၊ ရေကျနောက်စိုက် ကွင်းများအား မိုးရာသီအမီ ရာနှုန်းပြည့်စိုက်ပျိုးသွားကြရမှာဖြစ်ပါကြောင်း၊ ရိုးပြတ်ကျန်ဧက(၁၁)သိန်း ကျော်တွင်လည်း  နွေစပါးအပါအဝင် စိုက်ပျိုးသီးနှံများ အား သီးထပ်စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်နှင့် ရေငန်ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လည်းလိုပါကြောင်း၊ စိုက်ပျိုး၊ မွေးမြူရေးကိုအခြေခံသည့် တိုင်း‌ဒေသကြီးဖြစ်သည်နှင့်အညီ ပန်းတိုင်အထွက်နှုန်းများရောက်ရှိရန် တွန်းတွန်းတိုက်တိုက် ကြပ်ကြပ်မတ်မတ်ဖြင့် သက်ဆိုင်သူများအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ မွေးမြူရေးလုပ်ငန်းများအ နေဖြင့် ငါး၊ ပုစွန် ဂဏန်းမွေးမြူရေးလုပ်ငန်းများတွင် ဖမ်းဆီးခြင်းနှင့်မွေးမြူခြင်းနှစ်မျိုးရှိပြီး စနစ်တကျမွေးမြူခြင်းလုပ်ငန်းများပိုမိုဆောင်ရွက်ပြီး ပြည်တွင်းပြည်ပတင်ပို့ရောင်းချနိုင်ရေးဆောင်ရွက်ရန်လိုပါကြောင်း၊ MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့်ကုန်ကြမ်းများအား အခြေခံထုတ်လုပ်၍ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပ တင်ပို့ရောင်းချနိုင်ရေးဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆီဖူလုံစေရေးအတွက်လည်းကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မြေပဲ၊ နှမ်း၊ နေကြာ စသည့်ဆီထွက်သီးနှံများအား ရည်မှန်းချက်ထား အကောင်အထည် ဖော်စိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေး ဆီထွက်နှုန်းကောင်းမွန်သည့် အထွက်တိုးနေကြာမျိုးများအသုံးပြုစိုက်ပျိုးရန်၊ မြေနေရာရွေးချယ်ခြင်း၊ မျိုးစုဆောင်းခြင်းများဆောင်ရွက်ထားရှိပြီး တောင်သူများ၊ ဌာနဆိုင်ရာများ အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း၊ကိုယ်ပိုင်ပညာသင်ကျောင်း၊ဘုန်းတော်ကြီးသင်ကျောင်းများအပါအဝင် ကျောင်းပေါင်း (၇၂၀၀) ကျော် ဖွင့်လှစ်ထားရှိပြီး ကျောင်းနေအရွယ်ကလေးများ ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်စေရေး၊ အတန်းစဉ်ကူးပြောင်းမှု မြင့်မားစေရေး သက်ဆိုင်ရာတာဝန်ရှိသူများအားလုံး ကြပ်မတ်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အဆင့်မီအားကစားကွင်းများတည်ဆောက်နိုင်ရေး၊ မျိုးဆက်သစ်အားကစားသမားများမွေးထုတ်ပေးနိုင်ရေး၊ အားကစားသိပ္ပံများပေါ်ထွက်လာစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အားကစားနည်းအလိုက် အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ သက်တမ်းအလိုက် အားကစားပြိုင်ပွဲများယှဉ်ပြိုင်၍ အဆင့်ဆင့်ရွေးချယ်ထားသည့် လက်ရွေးစင်အားကစားသမားဖြင့် တိုင်းဒေသကြီးဂုဏ်ဆောင်အောင်ပွဲများရရှိစေရေးဆောင်ရွက်ရန်လိုပါကြောင်း၊ မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ပြည်သူလူထုအနားယူအပန်းဖြေနိုင်ရေး ပန်းခြံများ၊ ကစားကွင်းများဖော်ဆောင်ရမှာဖြစ်ပါကြောင်း၊ အယ်နီညိုဖြစ်ပွားနိုင်မှုကိုသုံးသပ်ပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ အောင်ရေရရှိရန် ရာသီဥတုခန့်မှန်းတွက်ချက်မှုများဖြင့် ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ချောင်းပိတ်၊ မြောင်းပိတ်များကြိုတင်စီမံဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် Gasifier ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ငန်းများဖွံ့ဖြိုးလျက်ရှိရာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ တက္ကသိုလ်များမှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများဖြင့် နည်းပညာပိုင်းဆိုင်ရာများ၊ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်၍ ရလဒ်ကောင်းများရှာဖွေဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မြေသယံဇာတ၊ ရေသယံဇာတပေါများပြီး နည်းပညာများဖြင့် ပေါင်းစပ်ဆောင်ရွက်ကြမှာဖြစ်ပါကြောင်း၊ တက်ရောက်လာသူများကလည်း မိမိတို့၏အပိုင်းအလိုက် လုပ်ငန်းများအောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ရန်လိုပါကြောင်း”အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးများက ခရိုင်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEsလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေအားလည်းကောင်း၊ တိုင်းအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး များက  ကွပ်ကဲမှုအောက်ရှိ ဌာနများနှင့်ပတ်သက်၍လည်းကောင်းအသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီးနောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရသည်။


Read More...
14-Aug-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြန်အောင်ခရိုင်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းလိုအပ်ချက်များအား ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကြံခင်းမြို့နယ်၊ ဆိပ်သာကျေးရွာရှိ တောင်သူဦးဝင်းတင်၏ မိုးနေကြာဆင်းရွှေကြာ(၂ )စိုက်ခင်းနှင့် နှမ်းစိုက်ခင်းစိုက်ပျိုးဖြစ်ထွန်းနေမှုနှင့် ဝတ်မှုန်ကူးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပျားပုံးများဖြင့်ပျားမွေးမြူထားရှိမှုအားကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧရာဦးခန်းမ၌ မြို့နယ်အတွင်းရှိဌာနဆိုင်ရာများ၊ တောင်သူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သည်နှင့်အညီ စံပြစိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်စေရေးနှင့် စီးပွား​ရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေးနှင့်တည်ငြိမ်​အေးချမ်း​ရေးမှအစပြု၍ဘက်​ပေါင်းစုံတွင်​ကောင်းမွန်သည့်အ​ခြေအ​နေအားဆက်လက်ထိန်းသိမ်း​ဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ တိုင်း ဒေသကြီးတွင် ရေတော်မိုးတော်၊ သဲဆန်ကုန်းချော မိုးစပါးစိုက်ဧကများ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး၍ ထွန်းတုံးပိတ်သိမ်းပွဲများ ဆောင်ရွက်ခဲ့ပြီး ရေကြီးကွင်း၊ ရေနက်ကွင်း စိုက်ဧကများကိုလည်း မိုးရာသီအမီ ရာနှုန်းပြည့်စိုက်ပျိုးသွားမှာဖြစ်ပါကြောင်း၊  အယ်နီညိုဖြစ်ပွားနိုင်မှုကိုသုံးသပ်ပြီး ဆောင်းသီးနှံနှင့် နွေသီးနှံများ အောင်ရေရရှိရန် ရာသီဥတုခန့်မှန်းတွက်ချက်မှုများဖြင့် ဆောင်ရွက်ရန်လိုပါကြောင်း၊ ချောင်းပိတ်၊ မြောင်းပိတ်များကြိုတင်စီမံဆောင်ရွက်ရန်နှင့် ဒုတိယသီးနှံစိုက်ပျိုးနိုင်ရေးအတွက်ကြိုတင်တွက်ချက်ဆောင်ရွက်ထားရန်လည်းလိုပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ဆီဖူလုံစေးရေး မြေပဲ၊ နှမ်း၊ နေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်အောင်ခရိုင်အတွင်း မိုး နေကြာဧက(၆)ထောင် လျာထားဆောင်ရွက်လျက်ရှိပြီး ဒေသနှင့်ကိုက်ညီသည့် အထွတ်တိုးနေကြာမျိုးများအသုံးပြု၍ နေကြာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းစေရေးအတွက်လည်း ကြိုးစားစိုက်ပျိုးရန်လည်းလိုအပ်ပါကြောင်းနှင့် တောင်သူများ၏ လိုအပ်ချက်များကိုလည်းဖြည့်ဆည်း ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း”အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကြံခင်းမြို့နယ်နှင့် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများက မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေး၊ လူမှုရေး၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ချက်များအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက စပါးအထွက်နှုန်းတိုးတက်ရေးနှင့် ဆီထွက်သီးနှံနေကြာအထွက်နှုန်း တိုးတက်စေရေးအောင်မြင်အောင် ဆောင်ရွက်ထားရှိမှုအားလည်းကောင်း ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ပြီး သီးထပ်စွမ်းအားများတိုးမြှင့်စိုက်ပျိုးနိုင်စေရန်၊ စိုက်ပျိုး မြေများရာနှုန်းပြည့်စိုက်ပျိုးစေရန်ဆီထွက်သီးနှံများပိုမိုတိုးချဲ့စိုက်ပျိုး၍ အောင်မြင်အောင်ဆောင်ရွက်ရန်နှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကြိုးစားဆောင်ရွက်ပေးရန်မှာကြားခဲ့ပြီး တောင်သူများထံသို့ ယူရီးဓာတ်မြေဩဇာအားလည်းကောင်း၊ နေကြာမျိုးစေ့အားလည်းကောင်း၊ ကော်ဖီပျိုးပင်များအားလည်းကောင်း၊  ပိုက်ဆံလျှော်မျိုးစေ့များအားလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ တယ်ကုန်းကျေးရွာ ရှိ ဦးသန်းဇော်ပါ တောင်သူ၄ဦး ၏ မိုးနေကြာ ရေဆင်း-၁၊  (၃)ဧက စိုက်ခင်းဖြစ်ထွန်းအောင်နေမှုများအားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ဆီထွက်နှုန်းကောင်းမွန်သည့် အထွက်တိုးနေကြာမျိုးများအသုံးပြုစိုက်ပျိုးရန်၊ ထွက်ရှိလာသည့်နေကြာစေ့များအားဆီကြိတ်ခွဲအသုံးပြုရန်၊ နေကြာစိုက်ပျိုးနိုင်သည့်နေရာများတွင် နေကြာတိုးချဲ့စိုက်ပျိုးကြရန်နှင့် တိုင်းဒေသကြီးအတွင်းဆီဖူလုံစေရေးအတွက် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပြီး တောင်သူများထံ အထွက်တိုးနေကြာမျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
13-Aug-2023