သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် သာပေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်၊ မြို့နယ် ပညာရေးမှုးများဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် သာပေါင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ “ ဧရာဝတီတိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ရေခံမြေခံကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်များလည်း ပေါကြွယ်ဝပါကြောင်းနှင့် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပါကြောင်း၊ ပညာရေးမြင့်မားသည့်တိုင်းဒေသကြီးဖြစ်ပြီး ပညာသင်ကြားမှုအခွင့်အရေးများထိခိုက်နစ်နာမှုမရှိစေရေး ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် တိုင်းဒေသကြီးအ နေဖြင့် မိမိတို့မျှော်မှန်းထားသည့် ရာနှုန်းပြည့်အောင်မြင်မှုသို့ မရရှိ သေး၍ ရာနှုန်းပြည့် အောင်မြင်စေရေး ပိုမိုကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ယခုပညာသင်နှစ်တွင် အကြောင်းကြောင်းကြောင့် ‌မဖြေဆိုဖြစ်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများနှင့် ကျရှုံးခဲ့သူများသည် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရမည်ဖြစ်၍ ထိုကျောင်းသားကျောင်းသူများ ပြန်လည်ဖြေဆိုစေရေး၊ သင်ကြားပြသပေးနိုင်ရေးနှင့် အောင်မြင်အောင်ဖြေဆိုနိုင်စေရေး စီမံဆောင်ရွက်မည့်အစီအစဉ်များ၊ နည်းလမ်းများတင်ပြဆွေးနွေးပေးစေလိုကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ပေါ်လာစေရေးအတွက် လူငယ်များ၏ အခန်းကဏ္ဍများကို မြှင့်တင်ပေးလျက်ရှိရာ ဆရာ၊ဆရာမများအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြ စေလိုကြောင်း၊ အခြေခံပညာကျောင်းများ၌ လူငယ်စကားဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများဆောင်ရွက်သွားကြရန်လည်းလိုပါကြောင်း၊ အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲများလည်း ပြုလုပ်ယှဉ်ပြိုင်ရန်လိုပါေကြာင်း၊ ကဏ္ဍစုံလွှမ်းခြုံနိုင်သည့်ပညာ​ရးစနစ်ဖြစ်စေရေးအကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းမှုရာနှုန်းပြည့်ဖြစ်စေရေး ဆရာ၊ ဆရာမများကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လိုပါကြောင်း၊  ”အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်၊ ခရိုင်ပညာရေးမှူးများက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဆရာ၊ ဆရာမများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားစေရေး ကျောင်းသားကျောင်းသူများ၊ ဆရာ၊မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များကနှစ်စမှပင်စတင်၍ နှစ်ကုန်အထိကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။


Read More...
26-Aug-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ကုန်ဈေးနှုန်းများတည်ငြိမ်မှန်ကန်မှုရှိရေးနှင့် ပြည်သူများ​​ စျေးရောင်း​စျေးဝယ်ပြုလုပ်​နေမှုများအား ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့မဈေးသို့သွားရောက်၍ ကုန်ဈေးနှုန်းများ တည်ငြိမ်မှန်ကန်ရှိစေရေးနှင့် ပြည်သူများ ​စျေး​​ရောင်း​စျေးဝယ်ပြုလုပ်​နေမှုအ​ခြေအ​နေများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မြို့မဈေး၌ ဆန်၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ အ​ခြေခံစားသောက်ကုန်များ၊ ဟင်းသီး၊ ဟင်းရွက်များနှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ကို ရောင်းချနေမှုနေမှုများကို ကြည့်ရှုစစ်ဆေးပြီး အဆင့်ဆင့် သယ်ယူပို့ဆောင်ရောင်းချရာတွင် ကုန်ကျသည့် ကုန်ကျစရိတ်များ၊ တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိသည့် ဈေးနှုန်းထားများကို ဈေးရောင်းချသူများနှင့် ရင်းရင်းနှီးနှီးအပြန်အလှန်​ ဆွေး​နွေး​မေးမြန်းခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ​စျေးအတွင်း သန့်ရှင်း​ရေးလုပ်ငန်းများ စနစ်တကျ​ဆောင်ရွက်ကြရန်၊ အပတ်စဥ်ဗုဒ္ဓဟူး​နေ့နှင့် တနင်္ဂ​နွေ​နေ့တိုင်း ပလပ်စတစ်အိတ်အသုံးမပြုရ​နေ့ သတ်မှတ်ထားရာမှ တိုးမြှင့်​နိုင်​ရေးနှင့် ပြည်သူများအား သက်သာသောနှုန်းထားများဖြင့်ရောင်းချပေးနိုင်ရေး၊ သယ်ယူစရိတ်များသက်သာစွာ ဝယ်ယူရောင်းချနိုင်စေရေး၊ သန့်ရှင်းလတ်ဆက်၍ ကျန်းမာရေးနှင့်ညီညွတ် ဒေသထွက်ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များရောင်းချနိုင်စေရေးမှာကြားခဲ့ပြီး ​စျေးအတွင်းလှည့်လည်ကြည့်ရှုစစ်​ဆေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးနှင့် အမှတ်(၁)ရပ်ကွက်၊ ဓမ္မဗိမာန်ကျောင်းတိုက်တို့သွားရောက်၍ မြေပြင်လူဦးရေ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်း၊ e - ID ဆာဗာ အတွင်းရေးသွင်းဖြည့်သွင်းခြင်း၊ မွေးဖွား၊ သေဆုံးစာရင်များ ကောက်ယူခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်၊ မြို့နယ် ဦးစီးမှူးများမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြေပြင်လူဦးရေစာရင်းများပြည့်စုံမှန်ကန်စေရေး ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများအားလုံးပူးပေါင်း ဆောင်ရွက်ပေးကြရန်၊ စာရင်းဇယားများ မှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စာရင်းများပြည့်စုံမှန်ကန်စေရေး အင်တိုက်အားတိုက်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။


Read More...
26-Aug-2023
ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် သိုးထိန်းဆရာတော်ကြီး ဟင်နရီမန်းအိုင်ခလိန်အား ဘိသိက်တင်မင်္ဂလာနှင့် ပလ္လင်အပ်နှင်းခြင်း ဂုဏ်ပြုနှုတ်ဆက် အခမ်းအနားကျင်းပ
ပုသိမ်ကက်သလစ်ဂိုဏ်းအုပ်သာသနာပိုင် သိုးထိန်းဆရာတော်ကြီး ဟင်နရီ မန်းအိုင်ခလိန်အား ဘိသိက်တင်မင်္ဂလာနှင့် ပလ္လင်အပ်နှင်းခြင်း ဂုဏ်ပြုနှုတ်ဆက် အခမ်းအနားအား ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့၊ စိန့်ပီတယ်ဘုရားကျောင်းတော်ဝန်း ရင်ပြင်၌ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား အဖွင့်ဆုတောင်းမေတ္တာဖြင့် ဖွင့်လှစ်ခဲ့ပြီး မရမ်းချောင်းအဖွဲ့က အဖွင့်သီချင်းဖြင့် ဆက်လက်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဩဘာစာအား ဖတ်ကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ယခုကဲ့သို့ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ပိန္နဲချောင်းကျေးရွာမှ ပုသိမ်ကက်သလစ် ခရစ်ယာန် ဂိုဏ်းအုပ် သာသနာတော်ကြီး ၏ ဆရာတော်ကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဆရာတော်ကြီး “ဟန်နရီမန်းအိုင်ခလိန်”အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုပါကြောင်း၊ အမိမြန်မာနိုင်ငံတော်ကြီးသည် လူမျိုးပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှုပေါင်းစုံနှင့် ပြည့်စုံလှပနေသည် ဖြစ်ပါကြောင်း၊ ဆရာတော်ကြီး၏ ဘဝတစ်လျှောက်လုံးကိုလေ့လာသိရှိရသလောက်ဆိုလျှင် အင်မတန်ပင် သီးခံခြင်းပါရမီနှင့် ပြည့်ဝပြီးလူသားအားလုံးအပေါ် ဘာသာ လူမျိုး မခွဲခြားဘဲ မေတ္တာတရား ရှေ့ထားကာဘာသာ သာသနာရေးလုပ်ငန်းများနှင့် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း လေ့လာသိရှိခဲ့ရပါကြောင်း၊ အထူးသဖြင့် ကျွန်တော်တို့၏ ဧရာဝတီတိုင်းဒေသကြီးတွင် (၂၀၀၈) ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကျရောက်ခဲ့သည့်အချိန်တွင် ကရုဏာရေးအဖွဲ့ ခေါင်းဆောင်တစ်ဦး အနေနှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အားကျိုးမာန်တက် ပါဝင်ခဲ့ကြောင်း သိရှိခဲ့ရသည့်အတွက် ဆရာတော်ကြီးကို အထူးကျေးဇူးတင်ပြီး ဝမ်းမြောက်ဂုဏ်ယူမိကြောင်း ထပ်မံပြောကြားလိုပါကြောင်း၊ ယခုတဖန် ဘာသာ သာသနာအကျိုးနှင့် ဧရာဝတီတိုင်းဒေသကြီး တိုးတက်စေရန်အတွက် တတ်နိုင်သမျှ ကူညီပေးဖို့လည်း ပန်ကြားလိုပါကြောင်း၊ တိုင်းပြည်အတွင်း စုပေါင်းနေထိုင်ကြသည့် ပြည်သူ ပြည်သားများမှလည်း ကျရာကဏ္ဍကနေ နိုင်ငံ့သားကောင်း (Good Citizens) များအဖြစ် ပူးပေါင်းဆောင်ရွက်မှသာလျှင် ရေရှည်သာယာ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ အမိတိုင်းပြည်ကို ချစ်မြတ်နိုးရန်၊ အချင်းချင်း လေးစားတန်ဖိုးထားရန်၊ တရားဥပဒေများကို လေးစားလိုက်နာရန်နှင့်ဘာသာတရားများ၏ အဆုံးအမများကို လိုက်နာကျင့်ဆောင်ရန်၊ ချစ်ခြင်းမေတ္တာနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများမှာ တစ်တပ်တစ်အား တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ပြောကြားပေးဖို့ မေတ္တာရပ်ခံ လိုပါကြောင်း၊ ပုသိမ်ကက်သလစ် ခရစ်ယာန်သာသနာတော်ကြီး၏ လိုအပ်ချက် အခက်အခဲများ ရှိပါကလည်း ခင်မင်ရင်းနှီးပွင့်လင်းစွာ ပြောကြားပေးရန်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း တတ်နိုင်သ၍ ကူညီဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း၊ သာသနာ အကျိုးနှင့် တိုင်းဒေသကြီးအကျိုးအတွက် ကူညီကာဆောင်ရွက်ပေးခဲ့သည့် ဆရာတော် သက်တော်ရာကျော်ရှည်ပါစေ၊ ခရစ်တော်ဘုရားရှင်ရဲ့ မေတ္တာတော် အစဉ်သွန်းလောင်းခံစား ရရှိပါစေ၊ လိုရာဆန္ဒများပြည့်စုံပါစေဟု” ဆုတောင်းဂုဏ်ပြုနှုတ်ဆက်စကားပြောကြားသည်။ ထို့နောက် ပိုးကရင်သီချင်းဖြင့် သီဆိုခဲ့ပြီး ဆရာတော်သစ်က နှုတ်ခွန်းဆက်စကာ ပြောကြားပြီး နောက် ဆရာတော်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက် လာသူများက  လက်ဆောက်ပစ္စည်းများပေးအပ်ခဲ့သည်။ ဆက်လက်၍ စကောကရင်သီချင်း၊ ရဟန်းတော်များနှင့် သီလရှင်များ၏နှုတ်ဆက်သီချင်း၊ မာရီးယားတမန်တော်အသင်းသားများ၏ နှုတ်ဆက်သီချင်း၊ ရဟန်းတော်များအဖွဲ့သီချင်း၊ လူငယ်များသီချင်းများဖြင့် သီဆိုခဲ့ကြပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။


Read More...
25-Aug-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပြီးမြောက်ကြောင်းလက်မှတ်ပေးအပ်ပွဲသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်ပညာရေးဒီဂရီ ကောလိပ်၊ ပညာရတနာခန်းမ၌ ပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများ အတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပြီးမြောက်ကြောင်းလက်မှတ် ပေးအပ်ပွဲတို့ကို တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်ပညာရေး ဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ပြုလုပ်သည့် တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ပွဲသို့ တက်ရောက်၍ “တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများ အနေဖြင့် ဆွေးနွေးပွဲပြီးဆုံး၍ မိမိတို့တာဝန်ကျရာဒေသ အသီးသီးသို့ ပြန်လည်တာဝန် ထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ဆွေးပွဲကာလသည် ရက်တိုတောင်းသော်လည်း ဆရာ၊ ဆရာမများအတွက် အကျိုးရှိသည့် ဆွေးနွေးပွဲဖြစ်ပါကြောင်းနှင့် လိုအပ်သည့် သင်ကြား ဆွေးနွေးမှု များကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ကျောင်းအလိုက် လိုအပ်သည်များကိုလည်း တင်ပြဆောင်ရွက်ရန် လည်း လိုပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ပေါ်လာစေရေးအတွက် လူငယ်များ၏ အခန်းကဏ္ဍများကို မြှင့်တင်ပေးလျက်ရှိရာ ဆရာ၊ဆရာမများအနေဖြင့် ပူးပေါင်းဆောင်ရွက် ပေးကြ စေလိုကြောင်း၊  ဆွေးနွေးပွဲမှရရှိလာသည့် အတွေ့အကြုံများအား ပြန်လည်သင်ကြား ပေးခြင်း မျှဝေပေးခြင်းများဖြင့် သင်ကြားမှု၊ သင်ယူမှုများပိုမိုထိရောက်စေရေးဆောင်ရွက်ရန်၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးနှင့် အတန်းစဉ်ကူးပြောင်းရေး၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားစေရေးအတွက် ဆရာ၊ ဆရာမများက ကြိုးပမ်း ဆောင်ရွက်ပေးကြရန်”အမှာစကားများပြောကြားပြီး ပုသိမ်၊ ကျုံပျော်၊ ဟင်္သာတ၊ မြန်အောင် ခရိုင်တို့မှ တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆွေးနွေးပွဲပြီးမြောက် ကြောင်း လက်မှတ်များပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည်  ပိုးကရင် တိုင်းရင်းသား၊ (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ်ကျောင်းသား၊ ကျောင်းသူများ၊ ရခိုင် တိုင်းရင်းသား၊ စကောကရင်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသား၊ ချင်းတိုင်းရင်းသားတို့၏ ရိုးရားတေးသီချင်းများဖြင့်သီဆိုကပြမှုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသားသင်တန်းသူဆရာ၊ ဆရာမ များနှင့်အတူ ခင်မင်ရင်းနှီးစွာ နေ့လည်စာအတူတကွ သုံးဆောင်ခဲ့ကြသည်။


Read More...
25-Aug-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ “တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက် စုစည်းမှုအားကောင်းကောင်းဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက် နိုင်ရေး၊ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေး၊ ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး၊ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများ ပြုလုပ်နိုင်ရေး၊ ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းသား၊ ဆရာ၊ မိဘနှင့် အုပ်ချုပ်ရေးအဖွဲ့များ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းသား ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များဖြစ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် အမှာစကား ပြောကြားပြီးနောက် တိုင်းဒေသကြီးပညာရေးမှူး နှင့် ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ပြန်လည်ဆွေးနွေးခဲ့သည်။


Read More...
25-Aug-2023