သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများသည် ဧရာဝတီတိုင်းဒေသကြီး (ပုသိမ်ဇုန်) တွင် ကျင်းပသည့် ၂၀၂၆ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ဃ) ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အနိုင်ရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
Read More...
16-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ညောင်တုန်းကျွန်းတာ မြစ်ကမ်းပါးရေတိုက်စားမှုကြောင့် မြေအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့်နေရာ၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေများကို ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့်နေရာများတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
Read More...
16-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ညောင်တုန်းမြို့နယ်၊ ပဲရုံဆိပ်ကျေးရွာရှိ ထိပ်တန်းနို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်းသို့ သွားရောက်၍ နို့စားနွား၊ နွားသားပေါက်မွေးမြူထားရှိမှုများအခြေအနေများ၊ နို့ပြုပြင်ထုတ်လုပ်ရေးစက်ရုံနှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ချိဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာတာဝန်ရှိသူများက နို့စားနွား၊ နွားသားပေါက်မွေးမြူထားရှိမှုများ၊ အရည်အသွေးမြင့်၍ အာဟာရပြည့်ဝသော နို့ထွက်ပစ္စည်းများကို ထုတ်လုပ်၍ ဒေသတွင်းနှင့် ရန်ကုန်တိုင်းဒေသကြီးသို့ တင်ပို့ဖြန့်ချီ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
Read More...
16-Sep-2026
လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် ညောင်တုန်းမြို့၊ ကျွန်းတာ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်နေမှုအားကြည့်ရှု့အားပေး
Read More...
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် နှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးလှမိုး တို့သည် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာမှာ တာအိကျမှုဖြစ်ပွားခဲ့သည့်အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ကြည့်ရှူ့ခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြပါသည်။
Read More...
15-Sep-2026
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ၂၀၂၆ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 အမျိုးသမီး ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်
Read More...
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် U-19 အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး အောင်နိုင်ရေးအလံပေးအပ်ခဲ့သည်။
Read More...
15-Sep-2026