သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာ ​ရေ​ဘေးကာကွယ်​ရေး​ဆောင်ရွက်ထားရှိမှုများကြည့်ရှုစစ်​ဆေး၊ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းအား ကြည့်ရှုအား​ပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ (၁၁.၇.၂၀၂၄)ရက်နေ့ ညနေပိုင်းက ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့သွား​ရောက်၍ ဖောင်ဆိပ်ကျေးရွာ ​ရေ​ဘေးကာကွယ်​ရေး​ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်​ဆေးခဲ့ပြီး ဟင်္သာတခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့်ဇာတ်တိုက်လေ့ကျင့်​နေမှုများအား ကြည့်ရှုအား​​ပေးခဲ့သည်။


Read More...
12-Jul-2024
ဧရာဝတီတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) ကျင်းပ၊ တိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကျင်းပ၊ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်ရေးစီမံချက်တင်ပြခြင်းအစည်းအဝေးကျင်းပ
ဧရာဝတီတိုင်းဒေသကြီး အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၄)ကို (၈.၇.၂၀၂၄) ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။


Read More...
09-Jul-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားတက်ရောက်၊ Myanmar National League 2024-2025 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဧရာဝတီယူနိုက်တက်အက်ဖ်စီနှင့် ရတနာပုံအက်ဖ်စီတို့၏ ယှဉ်ပြိုင်ကစားနေမှုများကိုကြည့်ရှုအားပေး
၂၀၂၄ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရတ်ပုံငွေဖြင့်ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲပိုင်းက ​ဧရာဝတီတိုင်း​ဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။


Read More...
07-Jul-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ်ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ်ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


Read More...
06-Jul-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်းစုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၆ ရက်နေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်ဝန်းအတွင်းရှိ နန္ဒဆောင်နှင့်တေဇဆောင်တို့တွင် ဌာနဆိုင်ရာများနှင့်ပြည်သူများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းများကို အပတ်စဉ်ဆောင်ရွက်ခြင်းများအပြင် နေ့စဉ်သန့်ရှင်းသပ်ရပ်မှုရှိစေရေးကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။


Read More...
06-Jul-2024