သတင်းများ


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့်အတူ ယနေ့နံနက်ပိုင်းက  ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက လေးမျက်နှာမြို့နယ်၊  ပြည်ငြိမ်းအေးကျောင်းတိုက် မြို့ဦးဓမ္မာရုံ၌ ပြည်သူများအား  ကွင်းဆင်းဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အထူးကု ဆရာဝန်ကြီးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ ပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ ဆက်လက်၍ စာရေးကွင်းကျေးရွာအုပ်စုရှိ (ရေဆင်း-၁) စပ်မျိုးနေကြာမျိုးစေ့ထုတ် (၁)ဧကစိုက်ခင်းနှင့် တလုတ္ထော် မြို့ရှိ (ဆင်းရွှေကြာ- ၂) (F.S)နေ ကြာမျိုးစေ့ထုတ် (၆)ဧကစိုက်ခင်းများအားကြည့်ရှုအားပေးခဲ့ပြီး ရေနှင့်မြေသြဇာ စနစ်တကျထည့်သွင်းစေရေး၊ ပိုးမွှားများကျရောက်မှုမရှိစေရေးနှင့် အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။ ထို့အတူ ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာရှိ တောင်သူဦးဌေးကြိုင်၏ (ရေဆင်း-၁ စပ်မျိုး ) (၁)ဧကနှင့် တောင်သူဦးစိုးလွင်၏ (ရေဆင်း-၁ စပ်မျိုး ) (၁.၄) ဧက နေကြာစိုက်ခင်းများဖြစ်ထွန်းအောင်မြင်မှုကိုကြည့်ရှုအားပေးခဲ့ပြီးစနစ်တကျစိုက်ပျိုးစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မအူပင်ခရိုင်၊ဓနုဖြူမြို့နယ်၊ ကျောင်းစုကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်၍ တာဝန်ရှိသူ များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား  အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး  ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ငါးဘတ်အိုင်ကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်၍ တာဝန်ရှိသူ များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား  အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကာ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့အတူ ဇီးဖြူကုန်းကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားသို့  တက်ရောက်၍ တာဝန်ရှိသူ များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား  အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကာတက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလျှပ်စစ်မီးဖွင့်လှစ်ပေးမှုကြောင့် ကျောင်းစုကျေးရွာတွင် အိမ်ခြေ (၁၀၁)လုံး၊ ငါးဘတ်အိုင် (၉၀)လုံးနှင့် ဇီးဖြူးကုန်းကျေးရွာတွင် အိမ်ခြေ (၇၁)လုံးတို့မှ လျှပ်စစ်မီးစတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်းသိရသည်။  ဆက်လက်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အမှတ်(၁၀)ရပ်ကွက်၊ဗိုလ်ချုပ်အောင်ဆန်းလမ်း အပိုင်း(၁)၊အရှည်(၃၅၀)ပေ၊အကျယ်(၁၂)ပေ၊ထု(၇)လက်မရှိ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ယင်းနောက် လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းများ  ပေးအပ်ခဲ့ပြီး  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။  ဆက်လက်၍ ဓနုဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ဓနုဖြူမြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်အောင်ဆောင်ရွက်နိုင်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ မိုးစပါး၊ နွေစပါး များပန်းတိုင်အထွက်နှုန်းရရှိစေရေး၊  နွေစပါးနှင့်ပဲတီစိမ်းစိုက်ဧကများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်သွင်းအားစုများထောက်ပံ့ပေးလျက်ရှိရာ တောင်သူများလက်ဝယ်အချိန်မီရောက်ရှိစေရေး၊ စနစ်တကျအသုံးပြုစေရေး၊ အထွက်နှုန်းတိုးစေရေးနှင့် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများမှ အဆင့်ဆင့်တာဝန်ယူဆောင်ရွက်ကြရန်လိုပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အတွင်း၊အပြင် ကျောင်းသားကျောင်းသူများအား ဘာသာရပ်အလိုက် လေ့လာသင်ကြားကျက်မှတ်စေရေးနှင့် ရာနှုန်းပြည့်အောင်မြင်စေရေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ဆရာမများ၊ မိဘများကဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ မြေပြင် လူဦးရေစာရင်းများ ကောက်ယူခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် မြို့၊ ရွာများသန့်ရှင်းသာယာလှပစေရေး၊ Clean City၊ Green City and Smart City ဖြစ်စေရေး ဌာနဆိုင်ရာများ၊ ပြည်သူများအားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ ထို့နောက် ချမ်းသာကြီးဘုန်းကြီးကျောင်းဆရာတော်အား ဖူးမြော်ကြည်ညို၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများဆပ်ကပ်လှူဒါန်းခဲ့ပါသည်။  ဆက်လက်၍မိဘဂုဏ်ရည်ဆန်စက်သို့သွားရောက်ခဲ့ပြီး စက်ရုံပိုင်ရှင်မှ စပါးခွံအသုံးပြု၍ (Pellet)လောင်စာတောင့်ထုတ်လုပ်သုံးစွဲဖြန့်ဖြူးမှုအခြေအနေများ၊ လောင်စာတောင့်အသုံးပြု၍ Gasifierဖြင့် ဆန်စက်လည်ပတ်မှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာစည်းကမ်းများနှင့်အညီဖြစ်စေရန်၊ ဒေသခံများ ထင်းအစားထိုးအသုံးပြုနိုင်စေရေးဆောင်ရွက်ပေးရန်မှာကြားခဲ့သည်။ အဆိုပါ ဆန်စက်မှ တစ်နေ့လျှင် လောင်စာတောင့် (၁၅)တန်ခန့်ထုတ်လုပ်နိုင်ပြီး ရန်ကုန်သို့(၁၀)ခန့်တင်ပို့ရောင်းချ၍ ကျန်(၅)တန်အားဆန်စက်လည်ပတ်ရာတွင်အသုံးပြုလျက်ရှိကြောင်းသိရသည်။ ထို့နောက် နန်းတော်ကုန်းကျေးရွာရှိ ရေဆင်း-၁ စပ်မျိုးနေကြာ (၁၀)ဧက မျိုးစေ့ထုတ်စိုက်ခင်းအားကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျစိုက်ပျိုးစေရေး၊ ပိုးမွှားများကျရောက်မှုမရှိစေရေးနှင့် အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့ကြောင်းသိရသည်။


Read More...
20-Jan-2023
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်တိုင်းအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအား တစ်လလျှင်တစ်ကြိမ်ပုံမှန်ပြုလုပ်၍ တိုင်းဒေသကြီး၏စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ပြည်တွင်း ပြည်ပမှ  ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  မိမိတို့တိုင်းဒေသကြီးသည် မြေသယံဇာတ၊ရေသယံဇာတကောင်းများ များစွာရှိနေသောကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများလည်း များစွာရှိနေပြီး မူဘောင်အတွင်းမှဖော်ဆောင်သွားရန်လည်းလိုအပ်ပါကြောင်း၊ လုပ်ငန်းရှင်များ၏ လုပ်ငန်းသစ်များအတည်ပြုလျှောက်ထားခြင်း၊ သက်တမ်းတိုးမြှင့်ခြင်းများနှင့်ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းများအားအမှုတွဲများအား သက်ဆိုင်ရာဌာနဆိုင်ရာများက သေချာစွာပြစု၍ စနစ်တကျစိစစ်တင်ပြကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင်ြနိုင်ငံတော်အတွက် အမှန်တကယ်အကျိုးပြုမည့်လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီစိစစ်ခွင့်ပြုပေးသွာမှာဖြစ်ကြောင်းပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက Green Shine Company Limited ၏ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်၊ ပြောင်း ကြိတ်ခွဲထုတ်လုပ်တင်ပို့ ရောင်းချခြင်းလုပ်ငန်းအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြု လျှောက်ထားလွှာတင်ပြလာခြင်းကိစ္စနှင့် Myanmar Global Business Association  Company Limited ၏ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် အိမ်ရာဆောက်လုပ်ငှားရမ်းရောင်းချခြင်း လုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီတည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်း ကိစ္စရပ်များအား လင်းတင်ပြခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၏အထွေထွေ ဆွေးနွေးတင်ပြချက်များအ​ပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုး​မွေးမြူ​ရေးအ​ခြေခံသည့် စက်ရုံအလုပ်ရုံများ ပိုမိုတိုးတက်ရင်းနှီးမြှုပ်နှံလာ​စေရန်အတွက် အလားအလာ​ကောင်းများကို အကျယ်တ၀င့်​ဆွေး​နွေးခဲ့​ပြီးကုမ္ပဏီများ၏လျှောက်ထားတင်ပြမှုများအပေါ် သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။


Read More...
19-Jan-2023
စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက် အားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၊ မြကျွန်းရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်(ပထမနှစ်) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်ခဲ့ရာ သင်တန်းသားသင်တန်းသူများမှ "အလှပန်းအစဉ်ဖြာဝေ" ကျောင်းသီချင်းဖြင့် စတင်သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် မောင်မယ်သစ်လွင်များဟာ အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များဖြစ်လာကြမှဖြစ်ပါကြောင်း၊ မောင်မယ်တို့တွေဟာ ခေတ်မီတဲ့ စိုက်ပျိုးရေးနည်းပညာများကို တောင်သူများဆီ အရောက်ဖြန့်ဝေပေးကြရမှာဖြစ်ပြီး တောင်သူများ၏လူမှုစီးပွားဘဝ မြင့်မားလာစေရေး မြှင့်တင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်ပြီး နိုင်ငံ့စပါးကျီဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးထုတ်ကုန်များပိုမိုထုတ်လုပ်နိုင်စေရေး၊ ပန်းတိုင်အထွက်နှုန်းများရရှိစေရေး မောင်တို့မယ်တို့အင်အားများဖြင့် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊  မောင်မယ်တို့အနေဖြင့် ပညာသင်စဉ်ကာလတစ်လျှောက် ကျောင်းတော်ကြီးမှချမှတ်ထားသော စည်းကမ်းများကို တိကျစွာလေးစားလိုက်နာကြပြီး ပညာထူးချွန်၍ နိုင်ငံတော်အတွက် အားထားရသော စိုက်ပျိုးရေးပညာရှင်များ ဖြစ်လာစေရေးကြိုးစားကြရန်မှာကြားခဲ့ပါသည်။ ထို့နောက်  စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ဆရာမကြီးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပထမနှစ်သင်တန်းတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်) ကျောင်းသားကျောင်းသူများအတွက်ဂုဏ်ပြုထောက်ပံ့ငွေများ ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများကိုကြည့်ရှုအားပေးခဲ့ပြီး စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)ရှိကျောင်းအုပ်ဆရာမကြီးနှင့်၊ ဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်အတူ နေ့လည်စာ သုံးဆောင်ခဲ့ပါသည်။ စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် စိုက်ပျိုးရေးဒီပလိုမာ (ပထမနှစ်)၊ ကျောင်းသားကျောင်းသူ (၁၇၆)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည်။ ထို့နောက် တိုင်းဒေသကြီးလမ်းဦးစီးဌာနမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်သည့် (လပွတ္တာ-မြောင်းမြ- အိမ်မဲ- ကျောင်းကုန်းလမ်း) မိုင်တိုင် (၄၄/၃)နှင့် (၄၅/၃)အတွင်း ကတ္တရာကွန်ကရစ်ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအားကြည့်ရှစစ်ဆေးခဲ့ပြီး တိုင်းဦးစီးမှု လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လမ်းပုခုံများစနစ်တကျဆောင်ရွက်စေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ကြောင်းသိရသည်။


Read More...
19-Jan-2023
မြောင်းမြမြို့နယ် ရှိကျေးရွာလျှပ်စစ်မီးဖွင့်ပွဲအခမ်းအနား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ငှက်ပျောတောကျေးရွာတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက  ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြောင်းမြမြို့နယ်၊ ငှက်ပျောတောကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး (ဒုတိယအဆင့်)( NEP Phase II)ဖြင့်ဆောင်ရွက်သော ကျေးရွာလျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လျှပ်စစ်မီးအား မီးခလုပ်နှိပ်ဖွင့်လှစ်ကာ ကမ္ဗည်းမော်ကွန်းအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက်  လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ကျေးရွာအတွင်း မီတာတပ်ဆင် ထားမှုများနှင့် လျှပ်စစ်မီးသုံးစွဲ မှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ကျေးရွာ၌ လျှပ်စစ်မီး ဖွင့်လှစ်ပေးခြင်းကြောင့် အိမ်ခြေ(၃၀) အိမ်ထောင်စု(၃၀)စုတို့လျှပ်စစ်မီးများစတင်သုံးစွဲနိုင်မည်ဖြစ်ကြောင်းသိရသည်။  ဆက်လက်၍ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် မြောင်းမြမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှဆောင်ရွက်သည့် ပေသလပ်ကုန်း-ပြင်ရွာလမ်း (၁မိုင်၊ ၁.၁ဖာလုံ) ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး  လမ်းပုခုံများစနစ်တကျဆောင်ရွက်စေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ မြောင်းမြမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးရိတ်သိမ်းပြီးမှုအပေါ် နွေစပါး၊ဆောင်းသီးနှံနှင့်ဆီထွက်သီးနှံစိုက်ပျိုးပြီးစီးမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အထွက် နှုန်းတိုးစေရေး၊ သဘာဝ မြေသြဇာနှင့်ဓာတ်မြေသြဇာအချိုးကျသုံးစွဲစေရေး၊ တောင်သူများအသိပညာပေးလုပ်ငန်းများဆောင်ရွက်စေရေးမှာကြားခဲ့သည်။


Read More...
19-Jan-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် သာပေါင်းမြို့နယ်၊ ရေကြည်မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များလိုက်ပါလျက် သာပေါင်းမြို့နယ်၊ ရုံးပင်ကျေးရွာအုပ်စု၊ ပတော်ကုန်းကျေးရွာရှိ တောင်သူဦးမြင့်အောင်၏ (ရေဆင်း-၂)စပ်မျိုး နေကြာ(၅)ဧက အား ရေသွင်းအစာကျွေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး စနစ်တကျဆောင်ရွက်စေရေးနှင့် အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက်ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ကျင်းပပြုလုပ်သည့်  စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန(မြောင်းမြ)၏ကြီးကြပ်မှုဖြင့် သဘာဝမြေသြဇာကိုအသုံးပြု၍  စိုက်ပျိုးထားသည့် ပေါ်ဆန်းကြီးစပါး စံကွက်ရိတ်သိမ်းပွဲ တက်ရောက်ခဲ့ပြီး ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် စံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးခဲ့ကာ ပေါ်ဆန်းစပါးအရည်အသွေးကောင်းမွန်စေရေး၊ စျေးကွက်ထိုးဖောက်နိုင်ရေးနှင့် အထွက်နှုန်းတိုးစေရေးကြိုးစားဆောင်ရန်မှာကြားခဲ့သည်။ အဆိုပါ ပေါ်ဆန်းကြီးစပါး စံကွက်ရိတ်သိမ်းရိတ်သိမ်းခဲ့ရာ တစ်ဧက တင်း (၁၀၀)ထွက်ရှိခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)မှ ဆောင်ရွက်သည့် နွားရေတိုက်လျှပ်စစ်မြစ်ရေတင်စီမံကိန်းလုပ်ငန်းရှိ မြောင်း Alinment တိုင်းတာခြင်းနှင့် မြောင်းပုံစံကျပန္နက်ရိုက်ခြင်းလုပ်ငန်း၊ ရေငြိမ်ကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ပင်မမြာင်းမြေကြီးလုပ်ငန်း၊ ရှင်းလင်းဆောင်နှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဦးစီးမှူးမှရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ-၂၊ ဧရာဝတီတိုင်းဒေသကြီးရုံးမှ ဆောင်ရွက်သည့် ကညင်ငူကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ (အလျား ၃၀၀ပေ) ဘိုးပိုင်အခြေပြုကျောက်စီမြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းရှင်းလင်းဆောင်သို့ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိုးမကျမီပြီးစီးစေရေး၊ ရေရှည်ခိုင်ခံ့စေရေးမှာကြားခဲ့ပြီး မြထိန်းနံရံတည်ဆောက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ကွင်းသုံးဆင့် ကျေးရွာအုပ်စုရှိ တောင်သူဦးလှအေး၏ လယ်ဧက (၅)ဧက၌ ဆိုလာစနစ်ဖြင့်ရေသွင်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါးမြေဩဇာကြဲပက်နေမှုနှင့် ညောင်ပင်သာကျေးရွာရှိ တောင်သူ ဦးရဲကျော်သူ၏ လယ်ဧက (၄၀) အား ဆိုလာစနစ်ဖြင့်ရေသွင်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါမြေဩဇာကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး သီးနှံများတွင်ပိုးမွှားများကျရောက်မှု မရှိစေရေး၊ သွင်းအားစုများ ထောက်ပံ့ပေးထားပြီး၍ စိုက်ခင်းများအတွင်းအပြည့်အဝထည့်သွင်းအသုံးပြုစေရေးနှင့် ဆိုလာရေတင်စနစ်များ ပိုမိုတွင်ကျယ်စွာ အသုံးပြုရေးနှင့် အထွက်တိုးစေရေးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်းသိရသည်။


Read More...
18-Jan-2023