သတင်းများ
ဧရာဝတီတိုင်းဒေသကြီး စားရေရိက္ခါဖူလုံရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပ
Read More...
စားရေရိက္ခါဖူလုံရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားဒေသခံကိုယ်စားလှယ်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များအသင်းမွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းကုမ္ပဏီများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခါဖူလုံရေးကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး၊ နွေစပါး စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ရိုးပြက်ကျန်ဧကများတွင် နွေစပါးအပါအဝင် အခြားသီးနှံများစိုက်ပျိုးလျက်ရှိပါကြောင်း၊မြေဆီ၊ မြေသြဇာများပြန်လည်ကောင်းမွန်လာစေရေးအတွက် ၂၀၂၃ခုနှစ်တွင် ရေတော်မိုးတော်မိုးစပါးစိုက်ဧက (၁)သိန်း အား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)များထည့်သွင်း စိုက်ပျိုးမည် ဖြစ်ပြီး လာမည့် ၂၀၂၄ခုနှစ်တွင် ရေတော်မိုးတော်မိုးစပါးစိုက်ဧက(၂၇)သိန်းအား အပြည့်အဝထည့်သွင်း စိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာများအသုံးပြု၍ ဓာတ်မြေသြဇာသုံးစွဲမှုလျော့ချနိုင်ရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဆီဖူလုံစေရေးအတွက်လည်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများအား တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိစေရေးအတွက် ချောင်းပိတ်၊မြောင်းပိတ်လုပ်ငန်းများ၊ မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို စိုက်ပျိုးချိန်အမီ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြစ်ရေတင်လုပ်ငန်းများ၊ ဆည်ရေသောက်လုပ်ငန်းများဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သား/ငါး ကဏ္ဍတွင် အင်းလုပ်ငန်း၊ ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းများ၊ မွေးမြူရေးကန်များဖြင့် ငါး၊ ပုဇွန်၊ ဂဏန်းစနစ်တကျမွေးမြူခြင်း၊ အသားတိုးကြက်၊ဝက်၊ နွား၊ ဆိတ်မွေးမြူခြင်း၊ ဥစား(ကြက်/ဘဲ)မွေးမြူခြင်းစသည့်လုပ်ငန်းများဖြင့် စားရေရိက္ခာဖူလုံရေးနှင့်ပြည်ပသို့တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာကြသူများမှ စားရေရိက္ခါဖူလုံရေး အပြန်အလှန်ဆွေးနွေးပေးကြရန်နှင့် ရလဒ်ကောင်းများထွက်ပေါ်လာစေရေး ဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။
ထို့နောက်လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်မှ လည်းကောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးမှလည်းကောင်း၊မွေးမြူရေးနှင့် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးမှူးများမှလည်းကောင်း၊ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှလည်းကောင်းအသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး Global Earth ကုမ္ပဏီ၊ Htoo Htet Han ကုမ္ပဏီ၊ Delta Queen ကုမ္ပဏီတို့မှမွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ဆွေးနွေးတင်ပြခဲ့ရာ ပုသိမ်တက္ကသိုလ်ဒုတိယပါမောက္ခချုပ်မှ သိရှိလိုသည်များမေးမြန်းဆွေးနွေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးသည် ရေမြေသယံဇာတများ၊ လူစွမ်းအားအရင်းအမြစ်များပေါကြွယ်ဝပြီးဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် သုတေသနပြုလုပ်ငန်းများ၊ခေတ်မီနည်းစနစ်များအသုံးပြုဆောင်ရွက်စေရေးဆွေးနွေးပွဲရလဒ်များအားအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်စေရေးနှင့် လူဦးရေပွားများလာသည်နှင့်အမျှ စားရေရိက္ခါပိုမိုဖူလုံစေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အားလုံးဝိုင်းဝန်းကြိုးစားပေးကြရန် ပြောကြားခဲ့သည်။ ထို့နောက် စားရေရိက္ခါဖူလုံရေးအလုပ်ရုံဆွေးနွေးပွဲစကားဝိုင်းအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး Stake Holder များ၏ ဆွေးနွေးချက်များအပေါ် အစုအဖွဲ့လိုက် ပြန်လည် ဖြည့်စွက်ဆွေးနွေးခဲ့ကြကာဆွေးနွေးပွဲရလဒ်အဖြစ် အတည်ပြုခဲ့ကြကြောင်းသိရသည်။
Read More...
17-Jan-2023
တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဟောပြောပွဲတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဟောပြောပွဲအားတက်ရောက်၍ “ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ရာခိုင်နှုန်း ၅၂.၁၆%ဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဒုတိယအောင်ချက်အကာင်းဆုံး ရရှိခဲ့ပါကြောင်း၊ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း ပိုမိုတိုးတက်လာအောင် နှစ်စမှစပြီး ကြပ်မတ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းတွင်းနှင့် ပြင်ပဖြေ ကျောင်းသား၊ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် အလေးထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများသည် စာသင်ကြားပေးသည့် နေရာတစ်ခုခုတွင် တက်ရောက် သင်ယူနေမှသာ အောင်မြင်စွာ ဖြေဆိုနိုင်မည်ဖြစ်ပြီးဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေး အဖွဲ့များနှင့် ကျောင်းသား မိဘများက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် အလေးထား ပံ့ပိုးပေးလျှက်ရှိပါကြောင်း၊ မိဘများကလည်း မိမိတို့၏ သား၊သမီးများ ၏ရှေ့ရေးအတွက် အင်တိုက်အားတိုက်ပံ့ပိုးပေးကြစေလိုကြောင်း၊ အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် အောင်စိတ်မွေး၍ အောင်မြင်အောင်ဖြေဆိုနိုင်စေရေးကြိုးစားကြရမှာဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲရလဒ်များအား ဆရာ၊ဆရာများ အနေဖြင့် သေချာမှတ်သား၍ မရှင်းလင်းသည်များ၊ မသဲကွဲသည်များကို အပြန်အလှန်သေချာစွာ ဆွေးနွေးမေးမြန်းပြီးမိမိတို့၏ တပည့်များအား နားလည်အောင် ဆင့်ပွား ပို့ချပေးရန်ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲ့သို့ တက်ရောက်လာကြသည့် ဆရာ၊ဆရာမများနှင့် ဆွေးနွေးပို့ချပေးသည့် ဆရာကြီး၊ဆရာမကြီးများအား ကျေးဇူးအထူးတင်ပါကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူများ ရာနှုန်းပြည့်အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းပေးစေလိုပါကြောင်း”အမှာစကားများ ပြောကြားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်း စရာများဟောပြောပွဲအတွက်ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ထံသို့ ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ယင်းနောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မာ့ရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာစာဘာသာရပ်တွင် ဆရာ၊ဆရာမ(၄၃၃)ဦး၊ အင်္ဂလိပ်စာဘာသာရပ်တွင် ဆရာ၊ဆရာမ(၄၈၈)ဦး၊ သင်္ချာဘာသာရပ်တွင် ဆရာ၊ဆရာမ (၄၈၈)ဦး၊ ဓာတုဗေဒဘာသာရပ်တွင် ဆရာ၊ဆရာမ(၂၂၀)ဦး၊ ၊ရူပဗေဒဘာသာရပ်တွင် ဆရာ၊ဆရာမ(၂၁၇)ဦး၊ ဇီဝဗေဒဘာသာရပ်တွင်ဆရာ၊ဆရာမ(၈၉)ဦး၊ ပထဝီဝင်ဘာသာရပ်တွင် ဆရာ၊ဆရာမ(၃၆၂)ဦး၊
သမိုင်းဘာသာရပ်တွင် (၃၆၉)ဦး၊ စီးပွားရေးဘာသာရပ်တွင် ဆရာ(၃၅၆)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
Read More...
15-Jan-2023
၂၀၂၃ခုနှစ်၊ နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကျောင်းသားအားကစားအဖွဲ့အား အောင်နိုင်ရေးပေးအပ်
Read More...
၂၀၂၃ခုနှစ်၊နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အားအောင်နိုင်ရေးပေးအပ်ပွဲ အခမ်းအနားကို ဧရာရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းကပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား နေပြည်တော်ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက်ကျောင်းသား အားကစားအဖွဲ့နှင့်မိတ်ဆက်ပေးပြီး ဧရာဝတီတိုင်းဒေသကြီးကျောင်းသား အားကစားအဖွဲ့ခေါင်းဆောင်က အသင်းဖွဲ့စည်းထားရှိမှုနှင့် ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအားရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ၂၀၁၉ခုနှစ်တွင် ကျင်းပခဲ့သည့်အားကစားပွဲတော်၌ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အားကစားမျိုးစုံတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသမီးဘော်လီဘောအသင်းအနေဖြင့် ပထမရရှိခဲ့ပါကြောင်း၊အမျိုးသားများနှင့်ရင်ဘောင်တန်း၍ အမျိုးသမီးများက ကြိုးစားပမ်းစား အားထုတ်ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရှိရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်းများစွာရှိပြီး ကျောင်းပေါင်းစုံမှ ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများအား ပြိုင်ပွဲအဆင့်ဆင့်ပြုလုပ် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊အားကစားသမားသစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် အားကစားကွင်းနှင့်အားကစားရုံများ ပြည့်စုံကောင်းမွန်စေရေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အားကစားနည်းစနစ်များတိုးတက်ပြောင်းလဲလာသည်နှင့်အညီ အားကစားရုံနှင့် အားကစားကွင်းများအဆင့်မြှင့်တင်ဆောင်ရွက်ပေးခြင်းဖြင့် အားကစားကဏ္ဍသည်လည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ အားကစားသာမကပညာရေးတွင်လည်းထူးချွန်ကြသူများ ဖြစ်စေရေးကြိုးစားကြရန်ကျောင်းသား၊ကျောင်းသူ အားကစားသမားများအား တိုက်တွန်းပြောကြားလိုပါကြောင်း၊ယခုနှစ်ကျောင်းသားအားကစားပွဲတော်တွင် စံချိန်ကောင်းကောင်းဖြင့် နိုင်ငံအဆင့်ရွှေတံဆိပ်ဆုများရရှိပြီး ထိုမှတစ်ဆင့်တိုင်းဒေသကြီး၊နိုင်ငံကိုယ်စားပြုအားကစားသမားဖြစ်စေရေးကြိုးပမ်းကြစေလိုကြောင်း”တိုက်တွန်းပြောကြားခဲ့ပြီး အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ကျောင်းသားကျောင်းသူအားကစားသမားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၃ခုနှစ်၊ နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဘောလုံး(ကျား၊မ)၊ ဘော်လီဘော (ကျား၊မ)၊ပိုက်ကျော်ခြင်း(ကျား)၊ ပြေး၊ ခုန်၊ ပစ်(ကျား၊မ) အားကစားနည်းများဖြင့် အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်၊ နည်းပြ၊ ဒိုင်လူကြီး၊ ဆေးအဖွဲ့ (၃၂)ဦး၊ အားကစားသမား(၉၃)ဦးတို့ဖြင့် ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရသည်။
Read More...
15-Jan-2023
ကျုံပျော်မြို့နယ်နှင့်လေးမျက်နှာမြို့နယ်သို့ဆက်သွယ်ထားသည့် ခေါင်းနီကွင်းကွန်ကရစ်တံတားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျုံပျော်မြို့နယ်နှင့် လေးမျက်နှာမြို့နယ်သို့ဆက်သွယ်ထားသည့် အရှည်၃၀၀ပေ၊ အကျယ်၂၀ပေရှိပြီး ကျေးရွာ ၁၉ ရွာမှ အိမ်ခြေ ၂၈၅၃အိမ်နှင့်လူဦးရေ၁၀၁၆၈ဦးအား အကျိုးပြုမည့် ခေါင်းနီကွင်းကွန်ကရစ်တံတားဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက အဆိုပါတံတား၌ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ဒေသခံပြည်သူများသည် ယခင်ကရထားလမ်းကိုသာအားပြုသွားလာနေရပြီး တံတားကြီးသစ်တည်ဆောက်ပြီးစီးသွားသည့်အတွက် ပညာရေး၊ကျန်းမာရေး၊ လူမှုရေးကိစ္စများအားလွယ်ကူစွာသွားလာနိုင်မည်ဖြစ်ပြီး မိမိတို့ဒေသမှထွက်ရှိသည့် စပါး၊ပဲ၊ပြောင်း အစရှိသည့် ကုန်ပစ္စည်းများအား သယ်ယူပို့ဆောင်ရာတွင်လည်း ပိုမိုအဆင်ပြေသွားမည်ဖြစ်ပါကြောင်း၊ ဤဒေသသည် ရေချိုရရှိခြင်း၊ သီးနှံများ နွေမိုးဆောင်းစိုက်ပျိုးနိုင်ခြင်း၊လမ်းပန်းဆက် သွယ်ရေးကောင်းမွန်ခြင်း၊ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးနိုင်ခြင်းနှင့် စာသင်ကျောင်းများကောင်းမွန်ပါက ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်း၊ကျေးရွာတစ်ရွာနှင့်တစ်ရွာ ကူးလူးဆက်သွယ်သွားလာနိုင်ရေးအတွက် တံတားအားဦးစားပေးတည်ဆောက်ပေးခြင်းဖြစ်ပြီး လမ်းများကောင်းမွန်ရေးအတွက်လည်း ဘဏ္ဍာနှစ်များအလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် တံတားကြီးရေရှည်တည်တံ့စေရေးအတွက်လည်း ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း”ပြောကြားသည်။
ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ကွန်ကရစ်တံတား တည်ဆောက်ခဲ့မှုအခြေအနေများအားရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် တံတားဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းများပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွန်ကရစ်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ တံတားသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လေးမျက်နှာမြို့နယ်၊ဘိသလွန်ကျေးရွာအုပ်စုရှိ တောင်သူဦးမြဦး၏ လယ်မြေ (၃) ဧက၌စိုက်ပျိုးထားသည့် ဆင်းရွှေကြာ(၂)နေကြာစိုက်ခင်းနှင့်တောင်သူ ဦးသောင်းစိန်၏ လယ်မြေ(၁.၅၀) ဧက၌ စိုက်ပျိုးထားသည့် ဆင်းရွှေကြာ(၂)နေကြာစိိုက်ခင်းအားလည်းကောင်းကြည့်ရှုအားပေးခဲ့ပြီး ရေ၊မြေသြဇာလုံလောက်ပေးစေရေး၊ အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။
ထို့နောက်ငါးသိုင်းချောင်းမြို့၊ဒေါင့်ကြီးဘက်ကျေးရွာရှိ တောင်သူဦးကျော်ညွန့်၏ လယ်မြေ(၂.၀၁)ဧက၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသည့်ပဲတီစိမ်းစိုက်ခင်းအားလည်းကောင်း၊ရေကြည်မြို့နယ်၊ကွင်းသုံးဆင့် ကျေးရွာအုပ်စုရှိ တောင်သူဦးမြင့်လွင်၏ လယ်ဧက (၁၂)ဧက၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် နွေစပါး(မြေဩဇာ)စုပေါင်းကြဲပက်ပွဲများအား ကြည့်ရှုအားပေးခဲ့ပြီး သီးနှံများတွင်ပိုးမွှားများကျရောက်မှု မရှိစေရေး၊သွင်းအားစုများ ထောက်ပံ့ပေးထားပြီး၍ စိုက်ခင်းများအတွင်းအပြည့်အဝထည့်သွင်းအသုံးပြုစေရေးနှင့် ဆိုလာရေတင်စနစ်များ ပိုမိုတွင်ကျယ်စွာ အသုံးပြုရေးနှင့် အထွက်တိုးစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။
Read More...
14-Jan-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြခရိုင်၊ မြို့နယ်များရှိဌာနဆိုင်ရာများနှင့်တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်း၊ခရိုင်များမှဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ရွှေပြည်တန်ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက အိမ်မဲမြို့နယ်အတွင်း၌ ၂၀၂၂ခုနှစ် စက်တင်ဘာလမှဒီဇင်ဘာလအထိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊နွေစပါး၊ပဲတီစိမ်းနှင့်နေကြာစိုက်ပျိုးပြီးစီးမှု၊နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သွင်းအားစုများအား တောင်သူများထံသို့ဖြန့်ဝေပြီးစီးမှုနှင့် လူဦးရေစာရင်းကောက်ယူမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ပြီးနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးတို့ မှ နွေစပါးနှင့် ပဲတီစိမ်းများ လျာထားဧကများအား ပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများ တောင်သူများထံသို့စနစ်တကျရောက်ရှိစေရေး၊ လျှပ်စစ်မီးရရှိနိုင်ရေးဆောင်ရွက်နေမှုများ ပြောကြားခဲ့ပြီးစိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးက နေကြာသီးနှံနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့်အချက်များအား ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ သဖန်းပင်ဆိပ်ကျေးရွာ၊ တောင်သူ ဒေါ်ဇင်မာဦး၏ နေကြာ(၅)ဧက သီးသန့်စိုက်ခင်းနှင့်ဝါးခယ်မမြို့နယ်၊ ရေလိန်အူးကျွန်းကျေးရွာရှိ နေကြာဧက(၃၀)သီးသန့်စိုက်ခင်းတွင် စုပေါင်းရေနှင့်အာဟာရ တိုက်ကျွေးနေမှုတို့အားကြည့်ရှုစစ်ဆေးခဲ့ပြီး အစာအာဟာရများစနစ်တကျကျွေးစေရေး၊ စိုက်ပျိုးရေလုံလောက်အောင်ဆောင်ရွက်ပေးစေရေးနှင့် ဖြစ်ထွန်းအောင်မြင်အောင်ဆောက်ရွက်စေရေးမှာကြားခဲ့သည်။
ဆက်လက်၍ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာ (ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာ)ရှိ နည်းပညာပြန့်ပွားရေးစင်တာ၊ နွေစပါးတစ်ဧက တင်း (၁၂၀) အထက်ထွက်ရှိရေး ဧက (၁၀၀)စံပြကွက်သို့သွားရောက်ခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ဘိုင်အိုစူပရင်း ဇီဝမြေသြဇာ အိတ် (၁၅၀) ထောက်ပံ့ပေးအပ်ခဲ့ပြီး နွေးစပါးစိုက်ဧကများအားဆိုလာစနစ်ဖြင့်ရေတင်စိုက်ပျိုးနေမှုကိုကြည့်ရှုအားပေးခဲ့ကာ သဘာဝစွမ်းအင်များပိုမိုအသုံးပြုစေရေး၊ သာဘာဝမြေသြဇာ၊ ဇိဝမြေသြဇာများနှင့် ဓာတ်မြေသြဇာများအချိုးကျသုံးစွဲစေရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိစေရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထို့နောက် ကြခတ်ကုန်းကျေးရွာမီးလင်းရေးအတွက်လျှပ်စစ်မီတာဘောက်များထုတ်ယူထားရှိမှုအား
ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးကြိုးများတပ်ဆင်နိုင်ရေး၊ လျှပ်စစ်မီးအမြန်ဆုံးရရှိစေရေးမှာကြားခဲ့သည်။
ဆက်လက်၍ ဝါးခယ်မမြို့၊ ရွှေခယ်သီရိအားကစားခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက ဝါးခယ်မမြို့နယ်အတွင်းရှိ ၂၀၂၂ခုနှစ် စက်တင်ဘာလမှဒီဇင်ဘာလအထိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊နွေစပါး၊ပဲတီစိမ်းနှင့်နေကြာစိုက်ပျိုးပြီးစီးမှု၊နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သွင်းအားစုများအား တောင်သူများထံသို့ဖြန့်ဝေပြီးစီးမှုနှင့် လူဦးရေစာရင်းကောက်ယူမှုအခြေအနေများအားရှင်းလင်းတင်ပြသည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးတို့ မှ နွေစပါးနှင့် ပဲတီစိမ်းများ လျာထားဧကများအား ပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများ တောင်သူများထံသို့စနစ်တကျရောက်ရှိစေရေး၊ လျှပ်စစ်မီးရရှိနိုင်ရေးဆောင်ရွက်မှုများ ပြောကြားခဲ့ပြီးစိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးက နေကြာသီးနှံနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့်အချက်များအား ရှင်းလင်းပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ စော်ကဲချောင်းကျေးရွာရှိ တောင်သူဒေါ်သင်းသင်း၏ နွေစပါးလယ်မြေ (၂)ဧကစိုက်ခင်းအား စုပေါင်းမြေသြဇာကြဲပတ်ပွဲကိုတက်ရောက်အားပေးခဲ့ပြီး တောင်သူဒေါ်သင်းသင်း၏ ဇော်စိမ်ပန်းတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားရှိမှုအားကြည့်ရှုအားပေးခဲ့ပါသည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ မဒေါ့ပင်ကျေးရွာရှိနွေစပါးတစ်ဧက တင်း(၁၂၀)အထက်ထွက်ရှိရေး ဧက (၁၀၀)စံပြကွက်သို့သွားရောက်၍ စုပေါင်းမြေသြဇာကြဲပတ်ပွဲကိုတက်ရောက်အားပေးခဲ့ပြီး နိုင်ငံတော်မှသွင်းအားစုများထောက်ပံ့ပေးသည်နှင့်အညီစနစ်တကျစိုက်ပျိုးစေရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ အထွက်နှုန်းတိုးစေရေးနှင့် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေးမှာကြားခဲ့သည်။
ထို့နောက် မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲတက်ရောက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌက မြောင်းမြခရိုင်အတွင်းရှိ ၂၀၂၂ခုနှစ် စက်တင်ဘာလမှဒီဇင်ဘာလအထိ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အလိုက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊နွေစပါး၊ပဲတီစိမ်းနှင့်နေကြာစိုက်ပျိုးပြီးစီးမှု၊နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သွင်းအားစုများအား တောင်သူများထံသို့ဖြန့်ဝေပြီးစီးမှုနှင့် လူဦးရေစာရင်းကောက်ယူမှုအခြေအနေများအားရှင်းလင်းတင်ပြသည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးတို့ မှ နွေစပါးနှင့် ပဲတီစိမ်းများ လျာထားဧကများအား ပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများ တောင်သူများထံသို့စနစ်တကျရောက်ရှိစေရေး၊ လျှပ်စစ်မီးရရှိနိုင်ရေးဆောင်ရွက်မှုများ ပြောကြားခဲ့ပြီးစိုက်ပျိုးရေးဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးက နေကြာသီးနှံနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် သတိပြုလိုက်နာရမည့်အချက်များအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့ပါသည်။
အဆိုပါ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်အောင်ဆောင်ရွက်နိုင်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေး တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ နွေစပါးနှင့်ပဲတီစိမ်းစိုက်ဧကများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်သွင်းအားစုများထောက်ပံ့ပေးလျက်ရှိရာ တောင်သူများလက်ဝယ်အချိန်မီရောက်ရှိစေရေး၊ စနစ်တကျအသုံးပြုစေရေး၊ အထွက်နှုန်းတိုးစေရေးနှင့် ဆီထွက်သိးနှံ(နေကြာ) စိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီများမှ အဆင့်ဆင့်တာဝန်ယူဆောင်ရွက်ကြရန်လိုပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်ပြီး လူ့စွမ်းအားအရင်းအမြစ်များရရှိနိုင်ရန်အတွက် ပညာရေးကဏ္ဍအားမြှင့်တင်ရမှာဖြစ်ပါကြောင်း၊ လာမည့်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အတွင်း၊အပြင် ကျောင်းသားကျောင်းသူများအား ဘာသာရပ်အလိုက် လေ့လာသင်ကြားကျက်မှတ်စေရေးနှင့် ရာနှုန်းပြည့်အောင်မြင်စေရေးအုပ်ချုပ်ရေးအဖွဲ့များ၊ ဆရာ၊ဆရာမများ၊ မိဘများကဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များတင်ပြဆောင်ရွက်စေရေး သက်ဆိုင်ရာဌာနများမှ တိုက်တွန်းဆောင်ရွက်ပေးကြရမှာဖြစ်ပြီး ထုပ်ပိုးမှုများစနစ်ကျသေသပ်မှုရှိစေရေး၊ ကျန်းမာရေးနှင့်အညီဖြစ်စေရေး၊ ပြည်တွင်းသာမကပြည်ပတင်ပို့ရောင်းချနိုင်စေရေးဆောင်ရွက်ရန်လိုပါကြောင်းနှင့် မြေပြင် လူဦးရေစာရင်းများ ကောက်ယူခြင်း၊ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျရှိစေရေးသတ်မှတ်ကာလအတွင်းပြီးစီးစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် မြို့ရွာများသန့်ရှင်းသာယာလှပစေရေး၊ Clean City၊ Green City and Smart City ဖြစ်စေရေး ဌာနဆိုင်ရာများ၊ ပြည်သူများအားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်းသိရသည်။
Read More...
13-Jan-2023