သတင်းများ


၂၀၂၃ခုနှစ်၊ နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အားဂုဏ်ပြုကြိုဆို
၂၀၂၃ခုနှစ်၊နေပြည်တော် ကျောင်းသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အားဂုဏ်ပြုကြိုဆိုပွဲကို ယနေ့ညနေပိုင်းတွင် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊​ ကျောင်းသား​​ကျောင်းသူများက ပြိုင်ပွဲတွင်ဝင်​ရောက်ယှဥ်ပြိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့အား ဂုဏ်ပြုပန်းကုံးများ၊ ဂုဏ်ပြုပန်းစည်းများဖြင့် ရင်းရင်းနှီးနီး ကြိုဆိုခဲ့ကြသည်။ ထို့​နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင်  တိုင်းဒေသကြီး ဝန်ကြီးချုပ်က “အခြေခံပညာကျောင်းသားအားကစားပွဲ​တော်တွင် သွားရောက်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသားအားကစားအဖွဲ့အား အောင်ပွဲနှင့်အတူဂုဏ်ပြုကြိုဆိုခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ကျောင်းသားအားကစားအဖွဲ့သည် ပြိုင်ပွဲလေးခုတွင် ဖိုင်နယ်သို့တက်ရောက်နိုင်ခဲ့ပြီး ကြိုးစားယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ထိုက်ထိုက်တန်တန် ရွှေတံဆိပ်ဆုရရှိခဲ့ပါကြောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမရယူခဲ့သည့် အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အနေဖြင့် ဂုဏ်ယူပါကြောင်းနှင့် ဆုမရရှိခဲ့သည့် အားကစားသမားများကလည်း ဆုရရှိရေး ပိုမိုကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့်အခြေခံပညာအဆင့်မှစတင်ကာ တိုင်းဒေသကြီးကိုယ်စားပြု၊နိုင်ငံ့ကိုယ်စားပြု အားကစားသမားများဖြစ်​အောင် ​ကြိုးစားဆောင်ရွက်ကြရမှာဖြစ်​ကြောင်း” ပြောကြားခဲ့ပြီး  စားသောက်ဖွယ်ရာများနှင့် ကြိုဆိုဂုဏ်ပြုဧည့်ခံခဲ့ကြောင်းသိရသည်။


Read More...
28-Jan-2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲများအားတိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
(၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊အမှတ်(၁)ရပ်ကွက်၊ ငဝန်ကျွန်းသာ(၃)လမ်း ၌ ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တင်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်သည် ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းအား မြို့နယ်စည်ပင်သာယာရေး‌ကော်မတီ ဥက္ကဌက  တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီးနောက်  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဘဏ္ဍာရန်ပုံငွေနှင့် ပြည်သူများများမှ ပူးပေါင်းပါဝင်ငွေများဖြင့် ဆောင်ရွက်သော လမ်းဖြစ်ပြီး လမ်းအရှည် ၄၂‌၉ပေ၊အကျယ်၁၂ပေနှင့် ထု၆လက်မရှိကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ဝါးခယ်မမြို့နယ်၊ ပဆငလမ်းမှ အူကျွန်း- ရေလိန်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနားအား တက်ရောက်၍ “ယနေ့ဖွင့်လှစ်ပေးသည့် ကွန်ကရစ်လမ်းသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုးရေး၊မွေးမြူရေးစသည်တို့ကို ဆောင်ရွက်ပေးနိုင်မည့်လမ်းတစ်လမ်းဖြစ်ပါကြောင်း၊  သွားလာရေးလွယ်ကူအဆင်ပြေပြီဖြစ်၍  ပညာရေး၊ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းများအား အစွမ်းကုန် ဆောင်ရွက်နိုင်ကြစေရေးနှင့် လမ်းသစ်အားရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်”ပြောကြားခဲ့ပြီး ကွန်ကရစ်လမ်းအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လမ်းဖွင့်ဖွင့်ပွဲအထိမ်းအမှတ်ပစ္စည်းအား  တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီးနောက်  စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။အဆိုပါလမ်းသည် ဝါးခယ်မြို့နယ်၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး အရှည် ၅၅၄၄ ပေ၊ အကျယ် ၁၂ ပေ၊ ထုထည် ၇ လက်မ၊ ရှိကြောင်းသိရသည်။ ထို့နောက် ဝါးခယ်မမြို့နယ်၊ ရေလိန်အူကျွန်းကျေးရွာရှိ တောင်သူဒေါ်ဇင်နွယ်ထွန်း၏ ရေဆင်းစပ်မျိုး(၁)နေကြာစိုက်ခင်းအား ကြည့်ရှုအားပေးပြီး ဆီဖူလုံရေးအတွက်တိုးချဲ့စိုက်ပျိုးနိုင်ရန်၊ ပိုးမွှားများ မကျရောက်စေရေးတို့အပြင် ရေပေးခြင်းနှင့်အစာကျွေးခြင်းလုပ်ငန်းများစနစ်တကျရှိစေရေးနှင့်အောင်မြင်အောင်စိုက်ပျိုးစေရေးအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝါးခယ်မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအား အချိန်ပိုသင်ကြားပို့ချနေမှုကိုကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ဆရာမျိား၏သင်ကြားပို့ချမှုများကို လိုက်နာမှတ်သားကျက်မှတ်စေရေး၊ အားနည်းသည့်ဘာသာရပ်များကိုပိုမိုလေ့လာကြစေရေးနှင့် ရာနှုန်းပြည့်အောင်မြင်စေရေးအားပေးစကားများပြောကြားခဲ့ပြီး ကျောင်းသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်၊ဘုရားကြီးကုန်းကျေးရွာရှိ တောင်သူဦးစိန်မောင်သန်း၏ နေကြာစိုက်ဧက(၅)၌စိုက်ပျိုးထားသည့်  ရေဆင်းစပ်မျိုး(၁)နေကြာစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ရေပေးခြင်းနှင့်အစာကျွေးခြင်းလုပ်ငန်းများစနစ်တကျရှိစေရေးနှင့်အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။  ထို့နောက် ပုသိမ်မြို့နယ်၊  သဲဂရက်ကျေးရွာရှိ  ယင်မဲမွေးမြူရေးနှင့်အထွေထွေ လုပ်ငန်းသမဝါယမအသင်း" သို့သွားရောက်ခဲ့ရာ အသင်းတာဝန်ခံမှ ယင်မဲသားဥဘဝမှအကောင်ဖြစ်သည်အထိမွေးမြူမှုအခြေအနေများ၊ ယင်မဲပိုးလောင်းများမှ စွန့်ထုတ်သော waste များသည် အပင်များအတွက် သဘာဝမြေသြဇာကို ရရှိနိုင်မှုအခြေအနေများ၊ ယင်မဲပိုးလောင်းများအား ကြက်၊ ဘဲ၊ ငါး နှင့် အသားစား တိရစ္ဆာန် များအတွက် အစာအဖြစ်အသုံးပြုမှုအခြေအနေများရှင်းလင်းတင်ပြခဲ့ပြီး ယင်မဲ မွေးမြူမှုအခြေအနေများနှင့် သီးပင်စားပင်များစိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ပုသိမ်မြို့နယ်၊ လင်းဝင်းကြီးကျေးရွာ အုပ်စု၊ ကွက်ပြင်ကြီးကျေးရွာ ၊ ကျေးရွာသစ်အားမာန်ခန်းမ၌ ဒေသခံစိုက်ပျိုးမွေးမြူရေးတောင်သူများနှင့် တွေ့ဆုံခဲ့ပြီး  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးနှင့် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးတို့က စိုက်ပျိုးမွေးမြူရေးကိစ္စများနှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များအား ရှင်းလင်းပြောကြားမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံမှုရရှိစေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းနှင့်အခက်အခဲများရှိပါကလည်း ဆွေးနွေးတင်ပြပေးစေလိုကြောင်း”ပြောကြားခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တောင်သူ ဦးထွန်းသိန်း၏ ဟင်းသီးဟင်းရွက်၊ ပန်းမန်နှင့် သစ်သီးဝလံစိုက်ခင်းနှင့် ဦးစံခင်၏ နို့စားနွားမွေးမြူရေးခြံတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။


Read More...
28-Jan-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကျောင်းကန်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စေတီပုထိုးများအား ထုံးသင်္ကန်းကပ်ခြင်းများ ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၈)ခရိုင်၊ မြို့နယ် (၂၆)မြို့နယ်ရှိ ရပ်ကွက်၊ကျေး ရွာများတွင် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဦးဆောင်ကာ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများမှ မိမိတို့ခရိုင်၊ မြို့နယ်များအလိုက်ဘုရားကျောင်းကန်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စေတီပုထိုးများအား ထုံးသင်္ကန်းကပ်ခြင်းများဆောင်ရွက်လျက်ရှိရာ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီတော်မြတ်၊ တဂေါင်းမင်္ဂလာမဟာ စေတီတော်မြတ်၊ လောကနန္ဒါစေတီတော်မြတ်နှင့် ပုသိမ်မြို့ပေါ်ရှိ ဘုရားစေတီများအား ရေသပ္ပာယ် ခြင်း၊ ထုံးသင်္ကန်းကပ်ခြင်း၊  ရောင်တော်ဖွင့်ခြင်း၊ စေတီတော်ရင်ပြင်တော်များအား တံမြက်လှည်းသန့်ရှင်းရေး ကုသိုလ်ယူခြင်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း ဘုရားကျောင်းကန်များ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် စေတီပုထိုးများအား ထုံးသင်္ကန်းကပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


Read More...
26-Jan-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့နယ် နေကြာမျိုးစေ့စိုက်ပျိုးပွဲတက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီလ ၂၅ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့နယ်၊ ပေါက်ကုန်းကျေးရွာတောင်သူဦး အောင်ကျော်ခိုင်၏ လယ်မြေ(၅) ဧက၌ ပြုလုပ်သည့်  နေကြာမျိုးစေ့စိုက်ပျိုးပွဲတက်ရောက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့်အတူ (Super Sun 41) နေကြာမျိုးစေ့များအား စုပေါင်းစိုက်ပျိုးပေးခဲ့ပြီး ရေပေးခြင်း၊ အစာကျွေးခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးကြရန်မှာကြားခဲ့သည်။


Read More...
26-Jan-2023
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်ရှိ မြို့၊ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများ၊ ဗိမာန်တော်များ၌ ဆရာတော်သံဃာတော်များ၊ ဝတ်အသင်းများမှ ​ပရိတ်​တော်များ ရွတ်ဖတ်ပူ​ဇော်​
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆မြို့နယ်ရှိ မြို့၊ ဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများ၊ ဗိမာန်တော်များ၌ ဆရာတော်သံဃာတော်များ၊ဝတ်အသင်းများမှ ​ ၂၆.၁.၂၀၂၃ ရက်​နေ့ ၀၈၀၀ နာရီအချိန်  ​ပရိတ်​တရားတော်များ ရွတ်ဖတ်ပူ​ဇော်​လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  ပုသိမ်မြို့၊သာသနာ့ဗိမာန်တော်ကြီးတွင်လည်း ပရိတ်တော်များရွတ်ပွားပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပခဲ့ပါသည်။  ဦးစွာ ပရိတ်အသင်းများက စိန်ရောင်ခြည်ဂာထာဖြင့် ဘုရားရှင်အားပင့်ဆောင်တော်မူပြီးနောက် နတ်ဗြဟ္မာများအားပင့်ဆောင်ခဲ့ကြသည်။ ထို့နောက် ဝတ်ရွတ်အသင်းမှ ပရိတ်တရားတော်များ ကိုရွတ်ဖတ်ပူဇော်ခဲ့ကြပြီး နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခဲ့ကြသည်။ ထို့အတူ  တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်းဘုန်းတော်ကြီးကျောင်းများ၊ ဓမ္မာရုံများ၊ ဗိမာန်တော်များ၌ ဆရာတော်သံဃာတော်များ၊ဝတ်အသင်းများမှ ​   ​ပရိတ်​တရားတော်များအား ရွတ်ဖတ်ပူ​ဇော်​ခဲ့ကြကြောင်းသိရသည်။


Read More...
26-Jan-2023