သတင်းများ
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ဂုဏ်ပြုယာဉ်ပထမဆု၊တူယှဉ်နွှဲပျော်ဂီတပွဲတော်(Season-2)ပြိုင်ပွဲပထမဆုနှင့် တိုင်းဒေသကြီး ပြပွဲ၊ပြိုင်ပွဲများတွင်ဆုရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်
Read More...
၂၀၂၃ခုနှစ်၊(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ဂုဏ်ပြုယာဉ်ပထမဆု၊တူယှဉ်နွှဲပျော်ဂီတပွဲတော်(Season-2)ပြိုင်ပွဲပထမဆုနှင့် တိုင်းဒေသကြီး ပြပွဲ၊ပြိုင်ပွဲများတွင်ဆုရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့ညပိုင်းက ပုသိမ်မြို့၊မြို့တော်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ပြီးခဲ့သည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့တွင် မိမိတို့တိုင်းဒေသကြီးမှ “တူယှဉ်နွှဲပျော် ဂီတပွဲတော်” Season-1သီချင်းဆိုပြိုင်ပွဲတွင် ပထမဆုနှင့်ဒုတိယဆုများရရှိခဲ့ပြီးဂုဏ်ပြုယာဉ်တတိယဆုရရှိခဲ့ပါကြောင်း၊ ယခင်ပြိုင်ပွဲဝင်များ၏ အားနည်းချက်အားသာချက်များ၊ ဂုဏ်ပြုယာဉ်အားနည်းချက်အားသားချက်များအား ကြိုတင်ပြင်ဆင်ခဲ့ပြီး အကောင်းဆုံးဖြစ်စေရေးကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် Season-2တွင်လည်းပထမဆုရရှိခဲ့ပါကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနား ဂုဏ်ပြုယာဉ်ပထမဆုရရှိခဲ့ခြင်းမှာလည်း အားလုံးတက်ညီလက်ညီပူးပေါင်းဆောင်ရွက်မှု၊ တီထွင်ဆန်းသစ်မှု၊ဇွဲ၊လုံ့လတို့ဖြင့် ပိုကောင်းမွန်အောင်ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပါကြောင်း၊ ပြပွဲ၊ပြိုင်ပွဲများတွင်လည်း မိမိတို့တိုင်းဒေသကြီးမှထွက်ရှိသည့် ဒေသထွက်ကုန်များအား တစ်ပြည်လုံးသိရှိအောင်ပြသခွင့်ရရှိခဲ့သည့်အတွက် ဂုဏ်ယူရမှာဖြစ်ပါကြောင်း၊ယခုကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုရရှိခဲ့ခြင်း၊ ယှဉ်နွှဲပျော်ဂီတပွဲတော်(Season-2)ပြိုင်ပွဲပထမဆု ရရှိခဲ့သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အားလုံး၏ ကြိုးစားအားထုတ်မှုရလဒ်များပင်ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်အောင်ကြိုးစားဆောင်ရွက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါကြောင်း”ပြောကြားသည်။
ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသကြီးကိုယ်စားပြု ပထမဆုရရှိခဲ့သည့် ဂုဏ်ပြုယာဉ်ဆောင်ရွက်ခဲ့မှုအခြေအနေများအား စီးပွားရေးရာဝန်ကြီးက ရှင်းလင်းတင်ပြခဲ့ပြီးနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသကြီးကိုယ်စားပြု ပထမဆုရရှိခဲ့သည့် ဂုဏ်ပြုယာဉ်၏ ပါဝင်ယှဉ်ပြိုင်ဖျော်ဖြေမှု Videoမှတ်တမ်းအားကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် “တူယှဉ်နွှဲပျော်ဂီတပွဲတော်”(Season-2)သီချင်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင် စိုးထက်အောင်၏ သီဆိုယှဉ်ပြိုင်မှုအား ဆရာကြီးဦးကျော်ကျော်က ပြန်လည်သုံးသပ်တင်ပြခဲ့ပြီး ယှဉ်ပြိုင်မှုမှတ်တမ်း Videoအားပြသခဲ့သည်။
ဆက်လက်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားနှင့် ပြပွဲ၊ပြိုင်ပွဲများတွင် တိုင်းဒေသကြီးကိုယ်စားပြု ပထမဆုရရှိခဲ့သူများနှင့် ပါဝင်ဆောင်ရွက်ခဲ့သူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးကလည်းကောင်း၊တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်ပြခန်းနှင့် ခရိုင်အလိုက်သစ်သီးဝလံပြပွဲ၊ပြိုင်ပွဲတွင် ဆုရရှိသည့်ပြခန်းများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖျော်ဖြေ ကပြခဲ့သော အကအဖွဲ့များ၏ နည်းပြများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ ဇနီးကလည်းကောင်း၊တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်ပြခန်းနှင့် ခရိုင်အလိုက်သစ်သီးဝလံပြပွဲ၊ပြိုင်ပွဲတွင် ဆုရရှိသည့်ခရိုင်များအား ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်ပြခန်းတွင် အထူးဆုနှင့်နှစ်သိမ့်ဆုများရရှိခဲ့သည့် ပြခန်းများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံကာ တေးသီများဖြင့်သီဆို၊ ကပြဖျော်ဖြေမှုများအားကြည့်ရှုအားပေးခဲ့ပြီးအခမ်းအနားတက်ရောက်လာကြသူများနှင့်အတူညစာသုံးဆောင်ခဲ့ကြောင်းသိရသည်။
Read More...
11-Jan-2023
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ပမ္မဝတီတံတား(မြင်းကဆိပ်) အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပုသိမ်မြို့၊ ကမ်းနားလမ်းတိုးချဲ့ သည့်ဆိပ်ခံတံတား(Jetty)တည်ဆောင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းအချိန်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များလိုက်ပါလျက် တံတားဦးစီးဌာန တံတားအဖွဲ့(၁၅)မှ ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား(မြင်းကဆိပ်) တံတားအရှည် (၁၂၆၀)ပေအား ( Steel Box Girder) သံကူကွန်ကရစ်ကြမ်းခင်းအဖြစ် အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်း ရှင်းလင်းဆောင်သို့ရောက်ရှိခဲ့ရာ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ချဉ်းကပ်လမ်း ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများ အားတာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေးနှင့်စံချိန်စံညွှန်းပြည့်မီရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး (Deck Slab) လုပ်ငန်းဆောင်ရွက်ရန်ပြင်ဆင်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အဆိုပါ ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား(မြင်းကဆိပ်)သည် ယနေ့အထိ လုပ်ငန်းဆောင်ရွက်မှု၏ ၈၀%ပြီးစီးပြီဖြစ်ပြီး ၂၀၂၃ခုနှစ်၊ မတ်လ တတိယပတ်တွင် လုပ်ငန်းအားလုံးပြီးစီးမည်ဖြစ်ကြောင်းသိရှိရသည်။
ထို့နောက် တကုန်းကြီးကျေးရွာတွင် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ တစ်အိမ်တက်ဆင်းမြေပြင် လူဦးရေစာရင်းများ ကောက်ယူခြင်းလုပ်ငန်းဆောင် ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပြင်လူဦးရေစာရင်းများတိကျမှန်ကန်မှုရှိစေရေး၊ စာရင်းဇယားကွဲလွဲမှုများစနစ်တကျရေးသွင်းမှတ်သားစေရေးနှင့်သတ်မှတိကာလအတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကမ်းနားလမ်းတိုးချဲ့ သည့်ဆိပ်ခံတံတား(Jetty) တည်ဆောင်ခြင်းလုပ်ငန်းရှင်းလင်းဆောင်သို့သွားရောက်ခဲ့ရာ တိုင်းဒသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးဌာန၊ တိုင်းဦးစီးမှူးမှ ပုသိမ်မြို့၊ မြေနုဆိပ်ခံတံတားနှင့်ဥမ္မာဒန္တီဆိပ်ခံတံတားအကြား တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် အလျား ၅၃၀ပေ ကမ်းနားလမ်းတိုးချဲ့ဆိပ်ခံတံတား (Jetty)တည်ဆောက်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးဝန်ကြီးချုပ်မှ လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် ရေရှည်ကြံ့ခိုင်မှုရှိစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကာ လုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
Read More...
11-Jan-2023
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ကန်ကြီးထောင့်မြို့နယ်အတွင်းပဲတီစိမ်းစိုက်ခင်း၊ နွေစပါးစိုက်ခင်းများကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းအချိန်တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များလိုက်ပါလျက် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာရှိ တောင်သူ ဦးဝင်းဦး၏ လယ်မြေ (၈)ဧက တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပဲတီစိမ်းစိုက်ခင်းအား ရွက်ဖြန်းဆေး၊ မှိုသတ်ဆေး၊ နှင့်ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး သွင်းအားစုများစိုက်ခင်းများတွင်စနစ်တကျအသုံးပြုစေရေး၊ အောင်မြင်အောင်စိုက်ပျိုးစေရေး၊ အထွက်နှုန်းတိုးစေရေးမှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာဖြူစုကျေးရွာရှိ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူ (၅)ဦးအတွက် ဓာတ်မြေသြဇာသွင်းအားစုများထောက်ပံ့ပေးခဲ့ပြီး တောင်သူဦးပါလတ်ကြည်၏ နွေစပါး ၃၀ ဧက တွင် မြေသြဇာစုပေါင်းကြဲပတ်နေမှုအားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်မှသွင်းအားစုများထောက်ပံ့ပေးသည်နှင့်အညီ စနစ်တကျစိုက်ပျိုးစေရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ အထွက်နှုန်းတိုးစေရေးနှင့် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေးမှာကြားခဲ့ပါသည်။ ထို့နောက် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် လယ်မြေဧက ၇၀၀၀အတွက် ဓာတ်မြေသြဇာသွင်းအားစုများ ရောက်ရှိဖြန့်ဝေနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများလက်ဝယ်အရောက်အမြန်ဆုံးဖြန့်ဝေပေးနိုင်ရေးမှာကြားခဲ့သည်။
Read More...
11-Jan-2023
နည်းပညာတက္ကသိုလ်(ပုသိမ်)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်(၂၀၂၂-အောင်)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်
Read More...
နည်းပညာတက္ကသိုလ်(ပုသိမ်)၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပထမနှစ်(၂၀၂၂-အောင်)မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအား နည်းပညာတက္ကသိုလ်(ပုသိမ်) စက်မှုအင်ဂျင်နီယာဌာန၊ ကျောင်းသား၊ ကျောင်းသူများက“ မြကျွန်းညိုညို” သီချင်းဖြင့်အခမ်းအနားအား သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် အီလက်ထရောနစ်အင်ဂျင်နီယာဌာနမှ ကျောင်းသား၊ကျောင်းသူများက“ ဗုဒ္ဓပူဇနိယ”သီချင်းဖြင့်ဆက်လက်ဖျော်ဖြေခဲ့ကြသည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ မောင်တို့မယ်တို့သည်ပြီးခဲ့သည့်ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး ဒုတိယအောင်ချက်အကောင်းဆုံးနှင့် ဂုဏ်ထူးရှင်များစွာလည်း ထွက်ပေါ်ခဲ့အောင် ကြိုးစားခဲ့ ကြသူများဖြစ်ပါကြောင်း၊ယခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင်လည်း ညီငယ်၊ညီမငယ်များ ရာနှုန်းပြည့်အောင်မြင်စေရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းပံ့ပိုးကြစေလိုကြောင်း၊ယနေ့ခေတ်တွင် နည်းပညာကဏ္ဍသည် လွန်စွာအရေးပါလာပြီဖြစ်၍ ကမ္ဘာ့အဆင့်မီ နည်းပညာရပ်များအား ကျောင်တော်ကြီးမှသင်ကြားပို့ချလျက်ရှိပြီး မောင်မယ်တို့၏ သင်ယူနိုင်မှု၊ လေ့လာနိုင်မှု ၊တီထွင်ဆန်းသစ်နိုင်မှု၊ အတွေးအခေါ် အယူအဆများနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် အားဖြည့် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီး ဖြစ်၍ လက်မှုလယ်ယာမှသည် စက်မှုလယ်ယာသို့ကူးပြောင်းဆောင်ရွက်လျက်ရှိပြီး စက်မှုကဏ္ဍ၊နည်းပညာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မောင်တို့မယ်တို့၏ အခန်းကဏ္ဍသည်လွန်စွာအရေးပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ကိုယ်ပိုင်းအတွေးအခေါ် ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် စဉ်းစားတွေးခေါ်၍ ခေတ်မီနည်းပညာရပ်များအားကြိုးစားလေ့လာသင်ယူဆောင်ရွက်ကြပြှး တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက်အားကိုးအားထားပြုနိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးမွန်များဖြစ်ကြပါစေကြောင်း” နှုတ်ခွန်းဆက်အမှာစကားများပြောကြားပြီး နည်းပညာတက္ကသိုလ်(ပုသိမ်)ဒုတိယပါမောက္ခချုပ်ထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထို့နောက် နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ဆက်လက်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကျောင်းသား၊ကျောင်းသူများ၏ တေးသရုပ်ဖော်အကများနှင့် သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။ နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် (၂၀၂၂ -၂၀၂၃) ပညာသင်နှစ်တွင် ဘာသာရပ်အလိုက် ပထမနှစ်မှ ဆဋ္ဌမနှစ်အထိ ကျောင်းသားကျောင်းသူသုစုပေါင်း (၉၁၉)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းသိရသည်။
Read More...
10-Jan-2023
၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ် အားကြီးကြပ်တည်ဆောက်ခဲ့ကြသူများ၊ သရုပ်ဖော်သည့်အဖွဲ့၊ ယာဉ်နှင့်အတူ ကပြသည့်အဖွဲ့၊ ဖျော်ဖြေသည့်အဖွဲ့နှင့် တိုင်းဒေသကြီးပြခန်းနှင့်ဒေသထွက်ပစ္စည်းနှင့်ရိုးရာအစားအစာ အရောင်းပြခန်းဆောက်လုပ်ရာတွင် ကြီးကြပ်ခဲ့ကြသူများအား ကြိုဆိုနှုတ်ဆက်
Read More...
၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုရရှိခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးဂုဏ်ပြုယာဉ်အား ကြီးကြပ်တည်ဆောက်ခဲ့ကြသူများ၊ သရုပ်ဖော်သည့်အဖွဲ့၊ ယာဉ်နှင့်အတူ ကပြသည့်အဖွဲ့၊ဖျော်ဖြေသည့်အဖွဲ့နှင့် တိုင်းဒေသကြီးပြခန်းနှင့်ဒေသထွက်ပစ္စည်းနှင့်ရိုးရာအစားအစာ အရောင်းပြခန်းဆောက်လုပ်ရာတွင် ကြီးကြပ်ခဲ့ကြသူများသည်ပုသိမ်မြို့သို့ပြန်လည်ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ကျောင်းသားကျောင်းသူများမှ ဂုဏ်ပြုကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့မှ (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဂုဏ်ပြုယာဉ် အားကြီးကြပ်တည်ဆောက်ခဲ့ကြသူများ၊ သရုပ်ဖော်သည့်အဖွဲ့၊ ယာဉ်နှင့်အတူ ကပြသည့်အဖွဲ့၊ ဖျော်ဖြေသည့်အဖွဲ့နှင့် တိုင်းဒေသကြီးပြခန်းနှင့်ဒေသထွက်ပစ္စည်းနှင့်ရိုးရာအစားအစာ အရောင်းပြခန်းဆောက်လုပ်ရာတွင် ကြီးကြပ်ခဲ့ကြသူများအားအား ဂုဏ်ပြုပန်းကုံးများ၊ ပန်းစည်းများဖြင့်ကြိုဆိုနှုတ်ဆက်ခဲ့ကြပါသည်။
ထို့နောက် ပုသိမ်တက္ကသိုလ်ဧည့်ခန်းမ၌ တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ် အားကြီးကြပ်တည်ဆောက်ခဲ့ကြသူများ၊ သရုပ်ဖော်သည့်အဖွဲ့၊ ယာဉ်နှင့်အတူ ကပြသည့်အဖွဲ့၊ ဖျော်ဖြေသည့်အဖွဲ့နှင့် တိုင်းဒေသကြီးပြခန်းနှင့်ဒေသထွက်ပစ္စည်းနှင့်ရိုးရာအစားအစာ အရောင်းပြခန်းဆောက်လုပ်ရာတွင် ကြီးကြပ်ခဲ့ကြသူများအား စားသောက်ဖွယ်ရာများဖြင့် ဂုဏ်ပြုဧည့်ခံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ယခုကဲ့သို့ တိုင်းဒေသကြီး/ပြည်နယ် ဂုဏ်ပြုယာဉ်ပထမဆုရရှိခဲ့သည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အားလုံး၏ ကြိုးစားအားထုတ်မှုရလဒ်များပင်ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်အောင်ကြိုးစားဆောင်ရွက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါကြောင်း ဂုဏ်ပြုဝမ်းမြောက်စကားများပြောကြားခဲ့ကြောင်းသိရသည်။
Read More...
09-Jan-2023