သတင်းများ
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)တွင် စက်ရုံ၊ အလုပ်ရုံများ၏ဝန်ထမ်းရေးရာကိစ္စရပ်များ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ မေလ၊ (၅)ရက်နေ့ ၊ (၁၀၀၀)နာရီအချိန် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်သည် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးမှ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးအလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှူး၊ တိုင်းဒေသကြီးအလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှူး၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှဦးစီးမှူး၊ ဧရာဝတီတိုင်းဒေသကြီးစက်မှုဇုန်စီမံ ခန့်ခွဲရေးကော်မတီ၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်းရှိ အထည်ချုပ်စက်ရုံ (၁)ရုံနှင့် မြောင်းမြမြို့နယ်အတွင်းရှိ MAPCO စက်ရုံတို့မှတာဝန်ခံများနှင့် တွေ့ဆုံ၍ စက်ရုံ၊ အလုပ်ရုံများ၏ လုပ်သားအင်အားလျှော့ချခြင်း၊ ဝန်ထမ်းလစာရာနှုန်းလျှော့ချခြင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
05-May-2021
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၆)ခရိုင်၊ အသက်(၂၁)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂၈)ရက်နေ့ ၊ (၁၅၃၀)အချိန်တွင် ပုသိမ်မြို့၊ ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဖလား (၆)ခရိုင်၊ အသက်(၂၁)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အရာရှိကြီးများ၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်ကိုယ်စား ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ပြီး ဘောလုံးပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
28-Apr-2021
ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် တာဝန်ကျလက်ထောက် ဆရာဝန်များ အလုပ်တာဝန်အမြန်ဆုံးပြန်လည်ထမ်းဆောင်နိုင်ရေး တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပခြင်း
Read More...
၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂၇)ရက်နေ့ ၊ (၁၀၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင် များ၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်း၊ ပုသိမ်မြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးတို့နှင့်အတူ တာဝန်ကျလက်ထောက်ဆရာဝန်များ၏ မိဘများနှင့် တွေ့ဆုံ၍ ဆရာဝန်များ အလုပ်တာဝန်အမြန်ဆုံးပြန်လည်ထမ်းဆောင်နိုင်ရေး စည်းရုံးဆောင်ရွက် ပေးရန်အတွက် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
28-Apr-2021
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း
Read More...
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်(၂) ဦးတင်အေး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်များလိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂၇)ရက်နေ့ ၊ (၀၈၀၀)နာရီအချိန်တွင်၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ဖျာပုံခရိုင်အတွင်းရှိ အင်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ငါးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ တိုးတက်မြင့်မားရေး အခြေအနေများနှင့်ပတ်သက်၍ တင်ပြလာမှုအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၀၉၃၀) အချိန်တွင် ဒေးဒရဲမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ စစ်ဆေးရေးဂိတ်သို့ သွားရောက်၍ ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်လာသူ များအား COVID-19 ရောဂါ စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ် ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၀၉၄၅) အချိန်တွင် ဒေးဒရဲမြို့နယ်၊ ချောင်းဖျား ကျေးရွာနေ တောင်သူဦးထွန်းမြင့်အောင်၏ လယ်(၁၀)ဧကအား ထုံးထည့်သွင်းမြေပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ဘိုကလေးမြို့နယ်၊ ပကံဝကျေးရွာနေ တောင်သူ ဦးတင်စိုး၏ လယ်မြေ(၂၁)ဧကအား ထုံးနှင့်ပိုက်ဆံလျှော်သစ်ဆေးမြေသြဇာထည့်သွင်း ဆောင်ရွက်နေမှုအခြေအနေများ၊ မော်လမြိုင်ကျွန်းမြို့နယ်၊ နွားရေကျော်ချောင်းကျေးရွာနေ တောင်သူ ဦးတင်သိန်း၏ လယ်မြေ(၇)ဧကအား ထုံးထည့်သွင်းမြေပြုခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးဌာနမှူးမှ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
27-May-2021
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း
Read More...
ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်(၂) ဦးတင်အေး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်များလိုက်ပါလျက် ၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂၆)ရက်နေ့ ၊ (၀၈၀၀)နာရီအချိန်တွင်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ Global Earth Agro and Aqua Industry Public Co.Ltd မှ ဆောင်ရွက်နေသည့် ငါးမွေးမြူရေးလုပ်ငန်းများ၊ ငါးသားပေါက်စခန်းများ၊ ခေတ်မီငါးအစာတောင့်စက်ရုံ၊ ငါးအသားလွှာပြုပြင်ထုတ်လုပ် အေးခဲသည့်စက်ရုံလုပ်ငန်းများနှင့် ဝန်ထမ်းအိမ်ယာ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ကုမ္ပဏီတာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုအပေါ် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၂၄၀) အချိန်တွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မအူပင်ခရိုင်အတွင်းရှိ အင်းသားကြီးများနှင့်တွေ့ဆုံ၍ အင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ငါးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ တိုးတက်မြင့်မားရေးအခြေအနေများနှင့်ပတ်သက်၍ တင်ပြလာမှု အပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၃၁၀) အချိန်တွင် ညောင်တုန်းမြို့နယ်၊ ဧရာဝတီမြစ်ဖြတ် မဟာဓါတ်အားလိုင်း သွယ်တန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် (၁၅၀၀) အချိန်တွင် ဝါဝါဝင်းကုမ္ပဏီလိမိတက်မှ နွားမွေးမြူရေး၊ နွားနို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်ရောင်းဝယ်ရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းနှင့် ထုတ်လုပ်ဆောင်ရွက်နေမှုအပေါ် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများ နှင့်စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၈၀၀) အချိန်တွင် ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်သို့သွားရောက်၍ ရွှေဇာခြည်(တန်တစ်ရာဆန်စက်)မှ စပါးအခြောက်ခံထုတ်လုပ်နေမှု အခြေအနေများ၊ စပါးကြိတ်ခွဲနေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Read More...
26-Apr-2021