သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်၊ ကြဲခင်းစနစ် ပပျောက်ရေး/ Seeder နှင့် လက်ဆွဲ ကောက်စိုက်စက် ထုတ်လုပ်နေမှုအခြေအနေ/ ဆီထွက်သီးနှံ အထူးဇုံတွင် စိုက်ပျိုးဆောင်ရွက်မည့် အစီအစဉ်၊ ရိုးပြတ်ကျန်ဧရိယာနှင့် (၃)သီးစိုက်ဧကများတွင် ဖော်ထုတ်စိုက်ပျိုးနိုင်ရေးအတွက် တိုင်း/ခရိုင်/မြို့နယ် စိုက်တိုးမြှင့်ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ၁၃၈၆ ခုနှစ်၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲနှင့် ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁) တွင် ပြုလုပ်ခဲ့သည်။


Read More...
13-May-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ Gasifier နှင့် Gas engine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ စပါးခွံလောင်စာသုံး Gasifier engine ဖြင့် လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စက်ရုံတွင် Gasifier စနစ်ဖြင့် လျှပ်စစ် 12MW ထုတ်လုပ်ရန်အတွက် Reactor မီးဖို (၁၂) လုံးတည်ဆောက်ထားရှိမှု၊ မီးဖိုနှင့်ဆက်စပ်လည်ပတ်မည့် gas engine (၁၃) လုံး ရောက်ရှိတပ်ဆင်ထားမှု၊ Gas ပို့လွှတ် စမ်းသပ်ထုတ်လုပ်နေမှုနှင့် အဆင့်ဆင့်ထုတ်လုပ်သွားမည့်အခြေအနေများ၊ သန့်စင်ဓာတ်ငွေ့များကို ဓာတ်ငွေ့လှောင်ကန်တွင် စုဆောင်းပြီး Gasifier Engine သို့ ပို့လွှတ်ကာ လျှပ်စစ်ထုတ်လုပ်သည့်စနစ်၊ စပါးခွံများစနစ်တကျ သိုလှောင်နိုင်ရန် သိုလှောင်ရုံများ တည်ဆောက်နေမှု၊ CARBON-BASED ORGANIC NPK FERTILIZER စက်ရုံတည်ဆောက်ရေးစီမံကိန်း လျာထားဆောင်ရွက်နေမှု၊ ရေထိန်းကန်များ၊ ရေသွင်းရေထုတ် မြောင်းများ၊ ရေထိန်းတံခါးနှင့် ငါးမွေးကန်များတည်ဆောက်ပြီးစီးမှု၊ ဇီဝလောင်စာသုံး စပါးခွံလျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဇီဝလောင်စာသုံး Biomass စပါးခွံ အသုံးပြု၍ Steam Turbine စနစ်ဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်သည့်စက်ရုံတွင် Steam Turbine နှစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု၊ ခေတ်မီ circular tank (intensive culture) စနစ်ဖြင့် စမ်းသပ်ငါးမွေးမြူနေခြင်း၊ ငါးအသားလွှာပြုပြင်ထုတ်လုပ်ခြင်းနှင့် ထွက်ရှိငါးများအား အေးခဲစက်ရုံတွင် အအေးပေးသည့် စနစ်အတွက် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးနေမှုများ၊ Automatic cold storage warehouse စနစ်အတွက် racking system များ တပ်ဆင်နေမှုများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြခဲ့သည်၊၊ ထို့နောက် ကုမ္ပဏီ အစည်းအဝေးခန်းမတွင် Global Earth Agro & Aqua Industry Public ကုမ္ပဏီလိမိတက်ဥက္ကဌက စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီမှု၊ စီမံကိန်းလုပ်ငန်းအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို စပါးခွံလောင်စာသုံး(Gasifier)မှ (၁၂)မဂ္ဂါဝပ်နှင့် စပါးခွံလောင်စာသုံး ရေနွေးငွေ့လျှပ်စစ်ဓာတ်အားမှ (၃၀)မဂ္ဂါဝပ်ဖြန့်ဖြူး ထုတ်လုပ်ပေးနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စီမံကိန်းတစ်ခုလုံး ပြီးစီးပါက ငါးမွေးမြူရေးမှစ၍ တန်ဖိုးမြင့်ထုတ်ကုန်အမျိုးမျိုးကို ပြည်တွင်း၊ ပြည်ပဈေးကွက် များထံသို့ ရောင်းချနိုင်မည့်အခြေအနေများ၊ ပြည်တွင်းစားသုံးမှုဖူလုံရေး၊ သွင်းကုန်အစားထိုး စီမံချက်နှင့် နိုင်ငံခြားဝင်ငွေတိုးမြှင့်ရရှိရေးအတွက် အထောက်အကူပြုနိုင်မည့်အခြေအနေများ၊ ငါး၊ ပုဇွန်မွေးမြူရေးလုပ်ငန်းများနှင့် တိရစ္ဆာန်အစာတောင့်ထုတ်လုပ်မည့်အခြေအနေများ၊ ISO လက်မှတ်ရ ဓာတ်ခွဲခန်းလုပ်ငန်းဆောင်ရွက်မည့်အခြေအနေများနှင့် ၂၀၂၄ ခုနှစ် လူရည်ချွန် မောင်မယ်များ လာရောက်လေ့လာခြင်း မှတ်တမ်းများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ gasifier engine နှင့် Steam Turbine တို့ဖြင့် လျှပ်စစ်ထုတ်ယူနိုင်ရေးအတွက် စပါးခွံလိုအပ်ချက်နှင့် ငါးအစာတောင့်အတွက် ကုန်ကြမ်းလိုအပ်ချက်အပေါ် " ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က "နိုင်ငံတော်၏လျှပ်စစ်လိုအပ်ချက်အား တစ်ဘက်တစ်လမ်းမှဖြည်ဆည်းပေးသည့်အနေဖြင့် စပါးခွံလောင်စာအသုံးပြု gasifier engine စနစ်/Steam Turbine စနစ်တို့ဖြင့် (၄၂)မဂ္ဂါ၀ပ်ထုတ်လုပ်နိုင်ရေးစက်တပ်ဆင်လျက်ရှိရာ လျာထားသတ်မှတ်ကာလအတွင်းပြီးစီးနိုင်ရေးနှင့် ငါးအစာတောင့်ထုတ်လုပ်ရာတွင်လိုအပ်သောကုန်ကြမ်းများအား တိုင်းဒေသကြီးမှဖြည့်ဆည်း​ပေးနိုင်ရေး လုပ်ငန်းအောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ရေး" ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဧည့်သည်တော် မှတ်တမ်းလွှာတွင် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိရပါသည်။


Read More...
11-May-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် မအူပင်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၏ ကွင်းဆင်းဆေးကုသမှုများအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဒေသခံပြည်သူများအား အခမဲ့ကျန်းမားရေးစောင့်ရှောက်ပေးနေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် အထွေထွေရောဂါကုသမားတော်၊ နှာခေါင်းနှင့်လည်ချောင်းအထူးကု၊ ခွဲစိပ်ရောဂါအထူးကု၊ မျက်စိအထူးကု၊ ကလေးအထူးကု၊ သားဖွားမီးယပ်အထူးကု၊ ဓာတ်မှန်အထူးကု၊ သွားနှင့်ခံတွင်းရောဂါအထူးကု၊ စိတ်ရောဂါအထူးကု၊ ထိခိုက်ဒဏ်ရာနှင့် အရိုးအထူးကု၊ အရိုးအကြောအဆစ်ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အထူးကုဆရာဝန်ကြီးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။


Read More...
11-May-2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ပန်းတနော်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင်ပြုလုပ်သည့် “ဦးသန့်”စာကြည့်တိုက်နှင့်ပြတိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားအား တက်ရောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များသည် ပန်းတနော်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးတွင် ပြုလုပ်သည့် “ဦးသန့်” စာကြည့်တိုက်နှင့်ပြတိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားအား တက်ရောက်ခဲ့ကြသည်။


Read More...
10-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၉.၅.၂၀၂၄)ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ်အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသားလေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ မအူပင်မြို့နယ်အသင်းနှင့် ညောင်တုန်းမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


Read More...
10-May-2024