သတင်းများ


နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား ကျုံပျော်ခရိုင်ပတွင်းရှိ မြို့နယ်(၃)မြို့နယ်သို့ လွှဲပြောင်းပေးအပ်ပွဲ၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများသို့ မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားကျင်းပ
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများအား ကျုံပျော်ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်သို့ လွှဲပြောင်းပေးအပ်ပွဲ၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေပေးအပ်ပွဲနှင့် တောင်သူများသို့ မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ပွဲအခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက ကျုံပျော်မြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်း​ရောက်ရှိ​ရေးအတွက် ကြိုးစား​ဆောင်ရွက်လျှက်ရှိပြီး ယခုနှစ်တွင် မိုးစပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုထွက်ရှိရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ဆန်စပါးဖူလုံပိုလျှံမှုရှိသော်လည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုအပ်နေပါသေးကြောင်း၊ တစ်ဧကအထွက်နှုန်းပိုမိုထွက်ရှိရေးအတွက်  မျိုးကောင်းမျိုးသန့်စပါးများဖြင့် အစားထိုးစိုက်ပျိုးခြင်း၊ စိုက်ပျိုးနည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းများ လုပ်ဆောင်ရမည်ဖြစ်ပြီး သို့မှသာ ပန်းတိုင်အထွက်နှုန်းသို့ ရောက်ရှိမှာဖြစ်ပါကြောင်း၊ ​မြေဆီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် ပိုက်ဆံ​လျှော် (သစ်စိမ်း​​မြေသြဇာ)ထည့်သွင်းစိုက်ပျိုးခြင်း၊ ထုံးထည့်သွင်းစိုက်ပျိုးခြင်း၊ သဘာ​မြေသြဇာနှင့်ဓါတ်​မြေသြဇာများ အချိုးကျ သုံးစွဲကြရန်လို​ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြတိုင်းဖြစ်ရန်အတွက် စိုက်ပျိုးရေးပညာရှင်များ၊ တောင်သူများကလည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ တောင်သူများအနေဖြင့် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးအထိ ပိုမိုစိုက်ပျိုးပြီး စိုက်ပျိုးရေးစံပြတိုင်းဖြစ်​​‌အောင်  ဝိုင်း၀န်းကြိုးပမ်း​ ပေးကြစေလိုကြောင်း”အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍  တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များမှ တောင်သူများအား ဓာတ်မြေဩဇာနှင့် မျိုးစပါးများအားထောက်ပံ့ပေးအပ်ခဲ့ပြီး ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျုံပျော်၊ရေကြည်၊ကျောင်းကုန်းမြို့နယ်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများထံသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေများနှင့် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၊မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကွင်းအတွင်းမှ သဘာဝမြေဩဇာသုံး၍ ဓာတုကင်းလွတ်စပါးများ သုတေသနပြု စိုက်ပျိုးထုတ်လုပ်မှုများနှင့်ပတ်သက်၍ သုတေသသနအရာရှိ ဒေါ်ဖြူပြာလွင်ကလည်းကောင်း၊ဆာဖိုးသာမျိုးစေ့ ထုတ်လုပ်နေမှုအား မုန်းသီတာကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမင်းဇော်ကလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။ ဆက်လက်၍ ကျုံပျော်မြို့နယ်အတွင်းရှိ ပျဉ်ချဆိပ်ကျေးရွာ၊သောင်ရွာကျေးရွာ၊ ရေကြည်မြို့နယ်အတွင်းရှိ နွားရေတိုက်ကျေးရွာ၊ဆီဆုံကုန်းကျေးရွာ၊ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကောက်ကြီးကုန်းကျေးရွာ၊မကျည်းပင်ကွင်းကျေးရွာတို့မှ တောင်သူများက တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ပြီးနောက် ရေကြည်မြို့နယ်၊ကွင်းသုံးဆင့်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပါသည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်က​ ​ဒေသခံ​တောင်သူများ၏ ဆွေး​နွေးတင်ပြချက်များအ​ပေါ် ​ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့​ပြီး ခင်းကျင်းပြသထားသည့် မျိုးစပါးများနှင့် ဆန်အရည်အ​သွေးများကို ကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံ​​ပျော်ခရိုင်၊ စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူးရုံးသို့ သွားရောက်၍ ရိတ်သိမ်း​ခြွေ​လှေ့စက်​မောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုအ​ခြေခံသင်တန်းဖွင့်လှစ်ပို့ချရန်ပြင်ဆင်​ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့​နောက် တိုင်း​ဒေသကြီးစက်မှုလယ်ယာဦးစီးမှူးမှ သင်တန်းဖွင့်လှစ်​ဆောင်ရွက်မည့်အ​ခြေအ​နေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က ​ကျေးလက်​နေ​တောင်သူလယ်သမားများအား လယ်ယာသုံးစက်ကရိယာများ၊ ရိတ်သိမ်း​ခြွေ​လှေ့စက်များ စနစ်တကျကိုင်တွယ်​မောင်းနှင်ရိတ်သိမ်းနိုင်​ရေး သင်ကြားပြ​​သ​ပေးရန်၊ သင်တန်းကာလအတွင်း သင်တန်းသားများ ​တည်းခို​နေထိုင်စား​သောက်မှု​များ အဆင်​ပြေ​အောင်​ ဆောင်ရွက်​ထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး သင်တန်းခန်းမ​ဆောင်ပြင်ဆင်ထားရှိမှုနှင့် သင်​ထောက်ကူ စက်ပစ္စည်းများအား လိုက်လံကြည့်ရှုစစ်​ဆေးခဲ့ပါသည်။ အဆိုပါ ရိတ်သိမ်း​ခြွေ​လှေ့စက်​မောင်းနှင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုအ​ခြေခံသင်တန်းအား ၁၉.၆.၂၀၂၃ ရက်​နေ့မှ ၁၄.၇.၂၀၂၃ ရက်​နေ့ထိ သင်တန်းကာလ ၄ ပတ်ကြာ သင်တန်းသား​တောင်သူ ၅၀ ဦးအား သင်ကြားပို့ချ​ပေးသွားမည်ဖြစ်ပါသည်။


Read More...
03-Jun-2023
ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်
၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဘောလုံးအသင်း အား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူ များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အသင်းအုပ်ချုပ်သူ၊ နည်းပြများ နှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ပြီး အသင်းအုပ်ချုပ်သူမှ  ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။  ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ တိုင်းဒေသကြီးအနေဖြင့် ဘောလုံးအားကစားနည်းတွင် ယခုနှစ်ပိုင်းများ၌  အောင်မြင်မှုများ ရရှိလာပြီဖြစ်ကြောင်း၊ ခရိုင်အလိုက်ပြိုင်ပွဲများကျင်းပ၍ ရွေးချယ်ထားသူများ ဖြစ်ပြီး တိုင်းဒေသကြီးကိုယ်စားပြုအနေဖြင့်  အောင်မြင်မှုများရရှိမည်ဟု ယုံကြည်ပါကြောင်း၊ အသင်းအုပ်ချုပ်သူ၊ နည်းပြများ၏ သွန်သင်ဆုံးမမှုများကို လေးစားလိုက်နာပြီး ကြိုးစား ဆောင်ရွက်ရန်လိုပါကြောင်း၊ ဘောလုံးအားကစားသည် အမျိုးသားရေးစိတ်ဓာတ် တက်ကြွ စေသည့် အားကစားနည်းဖြစ်ပါကြောင်း၊ အားကစားသမားပီသစွာ အနိုင်မခံအရှုံးမပေး စိတ်ဓာတ်ဖြင့် ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊ ကျန်းမာရေးအား ဂရုစိုက်နေထိုင် ကြရန်လည်းလိုပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဘောလုံးအသင်း အား မိမိအနေဖြင့်လွန်စွာ အားထားပါကြောင်းနှင့် အောင်မြင်မှုသရဖူများ ရရှိပါစေကြောင်း”ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံး အသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။


Read More...
02-Jun-2023
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံ မှုကော်မတီမှ အတည်ပြုမိန့်ပေးအပ်ပြီး ဖြစ်သော လုပ်ငန်းများမှ ပြင်ဆင်ဆောင်ရွက်လိုသောကိစ္စများ၊ ထပ်မံသက်တမ်းတိုးလိုသော လုပ်ငန်းကိစ္စများအား  ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအနေဖြင့် လုပ်ငန်းများတိုးတက်မှုရှိရန်လိုပါကြောင်း၊ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီအနေဖြင့် တိုင်းဒေသကြီးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမှန်တကယ် လုပ်ဆောင်သည့် လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း”ပြောကြား သည်။ ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက တိုင်းဒေသကြီး အတွင်းရှိ ရင်းနှီးမြုပ်နှံရေးလုပ်ငန်းများ၏ လုပ်ငန်းပြင်ဆင်ဆောင်ရွက်လိုသည့်ကိစ္စရပ်များ၊ လုပ်ငန်းအမျိုးအစားပြောင်းလဲခွင့်ကိစ္စရပ်များနှင့် ထပ်မံသက်တမ်းတိုးလိုသည့်ကိစ္စရပ်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၏ အထွေထွေ ဆွေးနွေးတင်ပြချက်များနှင့် ကုမ္ပဏီများ၏ လျှောက်ထားတင်ပြမှုများအပေါ်  တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်မတီအဖွဲ့ဝင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


Read More...
02-Jun-2023
ပုသိမ်မြို့၏ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၌ နယုန်လပြည့်မဟာသမယ အခါတော်နေ့ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ် ကြီး၌  နယုန်လပြည့်မဟာသမယအခါတော်နေ့ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားအား ယနေ့နံနက် ပိုင်းက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းအတွင်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား တက်ရောက်လာသည့် ဧည့်ပရိသတ်များက“နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် မရမ်းချိုကျောင်းတိုက်မှ ဘဒ္ဒန္တဝဏ္ဏ သာရာဘိဝံသနှင့် ဘဒ္ဒန္တပညိန္ဒကတို့က ဘုရားပင့်ခြင်း၊ နတ်ဗြဟ္မာများအား ပင့်ဖိတ်ခဲ့ကြသည်။ ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကကိုးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မရမ်းချိုကျောင်းတိုက်၏ ပဓာနနာယကဆရာတော်  (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာ တရားများ နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များနှင့်အတူ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ ရွှေမြကွင်း အခြေခံပညာအလယ်တန်းကျောင်း၊ ဖြန်ရေကျော်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲများသို့သွားရောက်ရှိ၍  ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နေမှု များကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးနှင့် သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေး၊ အတန်းစဉ် ကူးပြောင်းရေးနှင့် ကျောင်းအပ်နှံတက်ရောက်ရန် မကျန်ရှိစေရေး သက်ဆိုင်ရာ ပညာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်မှ ကွင်းဆင်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများမှ လိုအပ်ချက်များ တင်ပြမှုအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
02-Jun-2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တိုင်းဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ရုံးအဝင်ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် ပုသိမ်မြို့ပေါ်ရှိကျောင်းများတွင် ကျောင်းတက်ရောက်နေမှုများအား ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ရုံးအဝင်ကွန်ကရစ်လမ်း ဖွင့်ပွဲအား ယနေ့နံနက်ပိုင်းက အဆိုပါရုံးအဝင်လမ်းမုခ်ဦး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းရုံးအဝင် ကွန်ကရစ်လမ်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို အခမ်းအနားမှူးက ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သယံဇာတရေးရာ ဝန်ကြီးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံတို့က ကွန်ကရစ်လမ်း အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကွန်ကရစ်လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကွန်ကရစ်လမ်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၁၅၃၀) ပေ၊ အကျယ် (၁၄) ပေ၊ ထု (၉) လက်မနှင့် တစ်ဖက်လျှင်(၃)ပေအကျယ်ရှိ လမ်းပုခုံး(၂)ခုနှင့် Box Culvert (၂)ခု ပါဝင်ကြောင်း သိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာ၊ အမှတ်(၂၂၇) အခြေခံပညာမူလတန်းကျောင်း၊ ပုသိမ်မြို့ပေါ်ရှိ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၂) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၉)အခြေခံပညာမူလတန်းကျောင်းများသို့ များသို့သွားရောက်၍  ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်တက်ရောက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် စာသင်ခုံများလုံလောက်စွာရရှိရေး၊  ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် သန့်ရှင်းရေး လုပ်ငန်းများ စနစ်တကျဆောင်ရွက်ရေး၊ အမှိုက်ခြင်း၊ အမှိုက်တောင်းများ စနစ်တကျထားရှိရေး၊ လျှပ်စစ်မီးကြိုးများ စနစ်တကျသွယ်တန်းထားရှိရေး လမ်းညွှန်မှာကြားခဲ့ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများမှ လိုအပ်ချက်များတင်ပြမှုအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
01-Jun-2023