သတင်းများ
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နေ့လည်ပိုင်းတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ချောင်းသာမြို့ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့်ဆောင်ရွက်သည့် School Cum Shelter ( ၁၃၀' × ၃၀' × ၂၃' ) ဆောက်လုပ်နေမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရည်အသွေးပြည့်မီရေး သက်မှတ်ကာလအတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းဦးစီးဌာနမှ ငရုပ်ကောင်း- ငွေဆောင်- ရွှေသောင်ယံ- မကျီးစင်- ကျောက်ချွန်- ဂွ ကားလမ်းအား ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီစေရေးနှင့်သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေသောင်ယံမြို့ရှိ ပုသိမ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံ သုတေသနနှင့်လေ့ကျင့်ရေးစခန်းသို့ သွားရောက်၍ အုန်းပင် များစုပေါင်းစိုက်ပျိုးပေးခဲ့ပါသည်။ ထို့နောက် အဏ္ဏဝါသိပ္ပံဌာန ရှင်းလင်းဆောင်တွင် ပုသိတက္ကသိုလ်ပါမောက္ခချုပ်၊ အဏ္ဏဝါသိပ္ပံဌာန၊ ဓာတုဗေဒဌာန၊ ရုက္ခဗေဒဌာန၊ သတ္တဗေဒဌာနတို့မှ ပါမောက္ခဌာနမှူးများမှ ပုဇွန်သားပေါက်၊ ငါးသားပေါက်မွေးမြူနိုင်ရေး၊ ပင်လယ်မှော်၊ ပင်လယ်မြတ်၊ လမုပင်စသည်တို့မှ အဏုဇီဝ ပိုးထုတ်လုပ်၍ ပိုးမွှားအန္တရာယ်ကာကွယ်နိုင်ရေး၊ ပင်လယ်ရေမှော်များတွင် အိုင်အိုဒင်းပါဝင်မှုသိရှိနိုင်ရေးနှင့် ဂဏန်းအသားအာဟာရတန်ဖိုးမြှင့်တင်နိုင်ရေး လေ့လာသုတေသနပြုဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သုတေသနပြုလေ့လာမှုများမှ ရလဒ်ကောင်းများထွက်ပေါ်လာစေရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လက်တွေ့အသုံးပြုအကောင်အထည်ဖော်နိုင်ရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။
Read More...
11-Jul-2022
ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးစကားဝိုင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဆွေးနွေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးစကားဝိုင်းဆွေးနွေးပွဲအား ယနေ့နံနက် ၁၀ နာရီအချိန်က ချောင်းသာမြို့ AZURA HOTEL ၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဟိုတယ်လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ကမ်းခြေဒေသအားအမှီပြု၍ ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ကမ်းခြေဒေသများသည် ပြည်သူများ၏ မွန်းသိပ်မှုများအား ဖြေလျှော့ပေးနိုင်တဲ့နေရာတစ်ခုဟုပြောရမှာဖြစ်ပါကြောင်း၊ နယ်မြေ တည်ငြိမ်အေးချမ်းမှုရှိပြီးရန်ကုန်မြို့နှင့်အနီးဆုံးဖြစ်၍ပြည်တွင်းခရီးသွားများအနေဖြင့်ယခုမိုးတွင်းကာလတွင်ပင်လာရောက်လည်ပတ်နေကြသည်ကိုတွေ့ရပါကြောင်း၊ ဟိုတယ်ဇုံသန့်ရှင်းသာယာလှစေရေးဝိုင်း၀န်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ GLMSစနစ်အားဟိုတယ်အားလုံးအသုံးပြုနိုင်ရေး၊ပြည်တွင်းပြည်ပခရီးသွားများကိုဆွဲဆောင်နိုင်သည့် သဘာဝကို အခြေခံသည့် ခရီးစဥ်အသစ်များရေးဆွဲရေး ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းများမြှင့်တင်နိုင်ရေးအတွက် ရာသီပွဲတော်၊ စျေးရောင်းပွဲတော်များကျင်းပဆောင်ရွက်ရန်လိုပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအနေဖြင့်လည်း ပလတ်စတစ်အမှိုက်များအား ကမ်းခြေ၌ မရှိစေရေး ဌာနဆိုင်ရာများ၊ ဟိုတယ်များ၊ ဒေသခံပြည်သူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုကြောင်းနှင့် ဆွေးနွေးပွဲမှတစ်ဆင့် ရလဒ်ကောင်းများ ထွက်ပေါ်လာပြီး ကမ်းခြေဒေသခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေး လက်တွေ့အသုံးပြုဆောင်ရွက်ကြစေလိုကြောင်း”ပြောကြားသည်။
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့၊ ဗဟိုစာရင်းဦးစီးဌာန၊မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ချောင်းသာ)ဇုံ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနများ၏ ကိုယ်စားလှယ် တစ်ဦးစီမှ ချောင်းသာကမ်းခြေဒေသ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးခေါင်းစဉ်ဖြင့် စကားဝိုင်းအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။
Read More...
11-Jul-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်၁၉နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး အသက်၁၉နှစ်အောက် အမျိုးသားဘောလုံးလက်ရွေးစင်အသင်းခြေစမ်းပွဲကြည့်ရှုအားပေး
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းသို့သွားရောက်၍ အာရှအဆင့်၊ အရှေ့တောင်အာရှအဆင့်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲများတွင် အသင်းလိုက်ဆုဖလားများ၊ တစ်ဦးချင်းဆုတံဆိပ်များဆွတ်ခူးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင်၊ တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများကို ဂုဏ်ပြုသည့်အနေဖြင့် အာကစားပြခန်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီးလက်ရွေးစင်အားကစားသမားများကျန်ရှိမှုမရှိစေရေး၊ ခုနှစ်အလိုက် မှတ်တမ်းများစနစ်ကျထားရှိရေး မှာကြားခဲ့ပါသည်။
ဆက်လက်၍ ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်၁၉နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး အသက်၁၉နှစ်အောက် အမျိုးသားဘောလုံးလက်ရွေးစင်အသင်းနှင့် ရွှေကျွန်းကလပ် အသင်းတို့၏ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် ခြေစွမ်းပွဲယှဉ်ပြိုင်ကစားမှုများ လာရောက်ကြည့်ရှုအားပေးသည့် ပုသိမ်တက္ကသိုလ် ဘာသာရပ်အလိုက်အမျိုးသား၊ အမျိုးသမီး အသင်းအားကစားသမား၊ တိုင်းဒေသကြီး အသက်၁၉နှစ်အောက် အမျိုးသားဘောလုံးလက်ရွေးစင်အသင်းအားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စနစ်တကျသင်ယူလေ့ကျင့်ကြရန်၊ နည်းစနစ်မှန်မှန်လေ့ကျင့်ကြရန်၊ နည်းပြများ၏ လေ့ကျင့်သင်ကြားပေးမှု များကိုလိုက်နာဆောင်ရွက်ကြရန်နှင့် ကျန်းမာကြံ့ခိုင်မှုရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းအားပေးစကားများပြောကြားခဲ့ပါသည်။
Read More...
10-Jul-2022
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဝါးခယ်မမြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ဝါးခယ်မမြို့နယ်၊ သဲကုန်း/ ကြာဖြူကျေးရွာ၊ တောင်သူဦးရွှေပွား၏ လယ်မြေတွင် စိုက်ပျိုးရေးဦးစီးဌာနမှဆောက်ရွက်သည့် ပျိုးဗန်းဖြင့်ပျိုးထောင်ထားသည့်ပျိုးပင်များကို ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲတက်ရောက်ခဲ့ပြီး ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုကို ကြည့်ရှုအားပေးခဲ့ကာ တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအနေဖြင့် မိုးစပါး၊ နွေစပါးများကိုပန်းတိုင်အထွက်နှုန်းများရရှိစေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် အထွက်တိုး မျိုးကောင်းမျိုးသန့်များသုံးစွဲကြရန်၊ စနစ်တကျမြေပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ကြရန်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကိုအချိုးကျသုံးစွဲကြရန်၊ မိရိုးဖလာစိုက်ပျိုးနည်းများအပြင်ခေတ်မီစိုက်ပျိုးနည်းစနစ်များ၊ ခေတ်မီစက်ကိရိယာများအသုံးပြုဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး တစ်ဧက တင်း၁၀၀ထွက်ရှိရေး ဧက၁၀၀ စံပြကွက် တောင်သူများသို့ ဓာတ်မြေသြဇာအိတ် ၁၀၀ ပေးအပ်ခဲ့သည်။
ထို့နောက် ပျိုးဗန်းဖြင့်ပျိုးထောင်ထားသည့်ပျိုးပင်များကို ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ လာရောက်လေ့လာကြသည့် အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းအုပ်ကြီးနှင့် သင်တန်းသူသင်တန်းများနှင့်တွေ့ဆုံ၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုလယ်ယာသို့ပြောင်းလဲဆောင်ရွက်လျက်ရှိရာ စက်ပစ္စည်းကိရိယာများပြုပြင်ဆောင်ရွက်ခြင်း၊ ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုခြင်းသည်လွန်စွာအရေးပါပါကြောင်း၊ ဆရာ၊ဆရာမများ၏ သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာမှတ်သားပြီး လက်တွေ့လုပ်ငန်းခွင်တွင်ပြန်လည်အသုံးချနိုင်ရေး၊ အဆင််မြင့်ပညာများဆက်လက်သင်ကြားနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီးနှင့် နိုင်ငံတော်အတွက် အားထားရသည့် စက်မှုလက်မှုပညာရှင်များဖြစ်ကြစေရေးကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
Read More...
10-Jul-2022
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အိမ်မဲမြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Read More...
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇူလိုင်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် အိမ်မဲမြို့နယ်၊ အမှတ်(၈)လမ်း၊ ချောင်းဝရပ်ကွက်တွင် ကျင်းပပြုလုပ်သည့် အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားရေးရာ စာပေနှင့်ယဉ်ကျေးမှုအသင်းရုံး (၁၈ပေ×၄၅ပေ)RC နှစ်ထပ် ဆိုင်းဘုတ်တင် ရုံးသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အသင်းရုံးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ ရွှေပြည်တန်ခန်းမတွင် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အိမ်မဲမြို့နယ်တွင်လူဦးရေ ထက်ဝက်ကျော်မှာ ကရင်တိုင်းရင်းသားများဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် တည်ငြိမ်အေးချမ်းပြီး ရေခံမြေခံကောင်းမွန်သည့်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးနှင့် ရင်းနှီးမြှုပ်နှံရမှာဖြစ်၍ ကျောင်းနေအရွယ်ကလေးများအားလုံးကျောင်းတက်ရောက်စေရေး မိဘများက ဝိုင်းဝန်းဆောက်ရွက်ပေးကြရန်ဖြစ်ပါကြောင်း၊ ယခုကာလတွင် သွေးလွန်တုပ်ကွေးရောဂါများ ဖြစ်ပွားမှုအနည်းငယ်ရှိလာ၍ သွေးလွန်တုပ်ကွေးအပါအဝင် ကူးစက်ရောဂါများဖြစ်ပွားမှုမရှိစေရေးကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် ဖုံး၊သွန်၊ လဲ၊ စစ်စသည့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကိုလည်းစနစ်တကျဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရန်၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံ တိုင်းရင်းသားအားလုံးက ချစ်ကြည်ရင်းနှီးစွာ အတူတကွ ပူးပေါင်းဆောင််ရွက်ပေးကြရန်ပြောကြားခဲ့သည်။ ထို့နောက် အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားရေးရာ စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ မှ ကျေးဇူးတင်ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဒေသခံ ကရင်တိုင်းရင်းသားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
Read More...
10-Jul-2022