သတင်းများ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော် ပုသိမ်မြို့၊ ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သို့ သွားရောက် ကြည့်ရှုလေ့လာ
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ ရှေးဟောင်းသုတေသနနှင့် ယဉ်ကျေးမှုပြတိုက်ဦးစီးဌာန၊ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက်သို့ သွားရောက်၍ ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ထူးချွန်ထင်ရှားသော ဧရာဝတီတိုင်းဒေသကြီးသားများ၏ ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းဓာတ်ပုံများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ ရှေးဟောင်းလက်ရာများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများနှင့် သမိုင်းဝင်အထောက်အထားများကို မပျောက်ပျက်အောင် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဧရာဝတီတိုင်းဒေသကြီး၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို မျိုးဆက်သစ်လူငယ်များ ပိုမိုသိရှိလေ့လာ နိုင်စေရေးအတွက် ပြတိုက်အတွင်း ခင်းကျင်းပြသမှုများကို စနစ်တကျနှင့် စိတ်ဝင်စားဖွယ် ကောင်းအောင် ဆောင်ရွက်ရန်၊ စာကြည့်တိုက်ရှိ စာအုပ်စာတမ်းများကိုလည်း စနစ်တကျ ထိန်းသိမ်းထားရှိပြီး အများပြည်သူများ လေ့လာဖတ်ရှုနိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
Read More...
09-Nov-2026
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော် ဒီပါဝလီဆီမီးတစ်ထောင်မီးထွန်းပွဲတော်နှင့် မဟာလက်(ခ်ျ)မီး မယ်တော်ပူဇော်ပွဲ အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၃)နယ်မြေ၊ ကင်မလင်းကျွန်းရပ်ကွက် သျှရီဒူ(ရ်)ဂါ ဟိန္ဒူဘုရားကျောင်း၌ ဒီပါဝလီဆီမီးတစ်ထောင်မီးထွန်းပွဲတော်နှင့် မဟာလက်(ခ်ျ)မီး မယ်တော်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒီပါဝလီမီးထွန်းပွဲတော်အထိမ်းအမှတ် ဆီမီးထွန်းညှိ ပူဇော်ခဲ့သည်။
Read More...
09-Nov-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ ဆီထွက်သီးနှံပဲပုတ်စိုက်ပျိုးပွဲနှင့် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီနှင့် ဧရာပုသိမ် ဆန်စပါးရောင်းဝယ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ ဆီထွက်သီးနှံပဲပုတ် စိုက်ပျိုးပွဲနှင့် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တွန်ပလွန်ကျေးရွာအုပ်စု၊ တွန်ပလွန်ကျေးရွာတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူ များနှင့်အတူ အောင်နိုင်တိုးစပါးမျိုးရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးပြီး ဆီထွက်သီးနှံ ပဲပုတ်စိုက်ပျိုးမည့် တောင်သူများထံသို့ ရေဆင်း-၁၅ ပဲပုတ်မျိုးစေ့များ ပေးအပ်ခဲ့သည်။
Read More...
08-Nov-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အခမ်းအနားတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
Read More...
07-Nov-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြန်မာ့ရိုးရာပုသိမ်ထီးနှင့် သဘာဝလက်မှုအနုပညာပွဲတော် (ကန်သုံးဆင့်)အတွက် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြသည့် အစည်းအဝေးတက်ရောက်
Read More...
မြန်မာ့ရိုးရာပုသိမ်ထီးနှင့် သဘာဝလက်မှုအနုပညာပွဲတော် (ကန်သုံးဆင့်)အတွက် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
Read More...
07-Nov-2026