သတင်းများ
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် စာစစ်မှူးချုပ်များအား တွေ့ဆုံ
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့နေ့လယ်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၂၇ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် စာစစ်မှူးချုပ်များ အား တွေ့ဆုံခဲ့ပြီး ဘာသာရပ်အလိုက် အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အဆင့်မြင့်ပညာဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အောင်ချက် အားနည်းသည့် ဘာသာရပ်များတွင် အောင်မှတ်ရရှိ စေရေးအတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်တို့မှ ကြီးကြပ်ဆောင်ရွက် ပေးစေလိုပါကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး၊ ဂုဏ်ထူးရှင်များ ပိုမိုထွက်ပေါ် လာစေရေးအတွက် တာဝန်ရှိသူများ ပူးပေါင်း၍ တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကိုလည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း” ပြောကြားသည်။
Read More...
18-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့၊ မြို့ဝင်မုခ်ဦးတည်ဆောက်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင်ပြုလုပ်သည့် ပုသိမ်မြို့၊ မြို့ဝင်မုခ်ဦးတည်ဆောက်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုတက်ရောက်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ပုသိမ်မြို့သည် ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့်အတွက် မြို့ဝင်မုခ်ဦးအား မြို့၏အမှတ်သညာ၊ မြို့၏ဂုဏ်သိက္ခာနှင့် လိုက်ဖက်ညီပြီး အများပြည်သူများနှင့် ခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုရှိစေရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပုသိမ်မြို့၌ မြို့အဝင်မုခ်ဦးအပြင် ရွှေရုပ်တုအဝိုင်းနှင့် မြို့တော်ခန်းမကိုလည်း ခေတ်စနစ်နှင့်ကိုက်ညီစေရေး အဆင့်မြှင့်တင် ဆောင်ရွက်ရန် အတွက်လည်း လျာထားလျက်ရှိပါကြောင်း၊ မြို့ဝင်မုခ်ဦးနှင့်အတူ ပတ်ဝန်းကျင် လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပရေး၊ ပန်းအလှပင်များနှင့် မြက်ခင်းများ စနစ်တကျ စိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လိုပါကြောင်း” မှာကြားခဲ့သည်။
Read More...
18-Sep-2026
သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရမှ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေကျပ် သိန်းတစ်ထောင် လှူဒါန်း
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် နိုင်ငံတော် ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိသီတဂူ ဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရနှင့် ကုသိုလ်ရှင်ဒကာ၊ ဒကာမများ၊ သီတဂူအာယုဒါန၊ သီတဂူ စက္ခုဒါန၊ သီတဂူ ဥဒကဒါနတွင် ပါဝင်လုပ်အားပေးနေကြသော သီတဂူတပည့် ဒကာ၊ ဒကာမများက အလှူငွေလှူဒါန်းခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)တွင် ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဇနီး၊ တာဝန်ရှိသူများ တက်ရောက်၍ သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ဩဝါဒ ကထာများ နာယူကြည်ညိုပြီးနောက် ဩကာသကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြရာ ဆရာတော်ကြီးက မေတ္တာပို့ဆုတောင်းပေးခဲ့သည်။
Read More...
18-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ညောင်တုန်းကျွန်းတာ မြစ်ကမ်းပါး ရေတိုက်စားမှုကြောင့် မြေအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့်နေရာများတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေများကိုကြည့်ရှုစစ်ဆေး
Read More...
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာ အုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၌ ဧရာဝတီ မြစ်ရေတိုက်စား မှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့်နေရာများတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့်တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
Read More...
18-Sep-2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ပုသိမ်မြို့၊ အမှတ်(၅) ရပ်ကွက်၊ ပန်းတင်ကုန်း ဘူတာဘောလုံးကွင်း ကွင်းဖွင့်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်
Read More...
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့၊ အမှတ်(၅) ရပ်ကွက်၊ ပန်းတင်ကုန်း ဘူတာဘောလုံးကွင်း ကွင်းဖွင့်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား သို့ တက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားသည့် CALLOUS FCအသင်းနှင့် SILENT STRICKER FC အသင်းတို့၏ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ဆုချီးမြှင့် ပွဲကို ပြုလုပ်ရာ ပြိုင်ပွဲဝင်အသင်းများ၊ အကောင်းဆုံးအားကစားသမားဆုရရှိသူများ၊ တတိယ ဆုနှင့် ဒုတိယဆုရရှိသည့်အသင်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အားကစား ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ကတစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများကို လည်းကောင်း၊ ပြိုင်ပွဲဝင်အသင်းများနှင့် ပထမဆုရရှိသည့် CALLOUS FC အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ဆုဖလားနှင့်ငွေသားဆုကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြ ကြောင်းသိရသည်။
Read More...
16-Sep-2026