သတင်းများ


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း မအူပင်ခရိုင်အတွင်းပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက မအူပင်မြို့နယ်အတွင်းသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ပဲတီစိမ်း စိုက်ဧက(၁၅၀၀)အား ဝယ်ယူကြိတ်ခွဲသူအစု အဖွဲ့သို့  ပဲတီစိမ်းစိုက်တောင်သူများမှ ပြန်လည်ပေးသွင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မအူပင်မြို့နယ်၊ဝါးတောကျေးရွာအုပ်စုရှိ တောင်သူဦးစန်းမြင့်၏ စိုက်ဧက(၈.၅၀) ဧက၍ GW.11 စပါးမျိုးနွေစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ လယ်ဧက၌နွေစပါးတစ်ဧကလျှင်ထွက်နှုန်းမှာ စပါးအခြောက် (၁၃၈.၇၅)တင်း နှုန်းထွက်ရှိခဲ့ကြောင်းသိရသည်။ ယင်းနောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနလှိုင် ငါးမွေးမြူရေးနှင့် ငါးမြစ်ချင်းသားပေါက်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ငါး​သား​​ဖောက်လုပ်ငန်းများ​ဆောင်ရွက်​နေမှု၊ ငါးများမွေးမြူထားရှိမှု၊ဈေးကွက်အတွင်း ရောင်းချရသည့်ဈေးနှုန်းများနှင့် ပြည်တွင်းဈေးကွက်သို့ တင်ပို့ရန်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးကာ သိရှိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေး၊ပြည်တွင်းဈေးကွက် တင်ပို့ရောင်းချမှုအား စနစ်တကျမှတ်တမ်းရေးသွင်းထားရှိရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


Read More...
11-Mar-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း e-IDစနစ်ဖြင့်အိမ်‌ထောင်စုလူဦးရေစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများအား ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မှတ်(၁၅)၊ မြက်တိုရပ်ကွက်စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ e-ID စနစ်ဖြင့် Data Based ရေးသွင်းထားသည့် အိမ်ထောင်စု လူဦးရေစာရင်း များအားမြေပြင်အိမ်ထောင်စုလူဦးရေစာရင်း နှင့်တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အချက်အလက်များ တိုက်ဆိုင်စစ်ဆေးခြင်းအားတိကျမှန်ကန်စွာဖြည့်သွင်းရေး၊ အချက်အလက်များမြန်ဆန် မှန်ကန်စွာ စနစ်တကျစိစစ် ဆောင်ရွက်ဖြည့်သွင်းစေရေးနှင့်သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးမှာကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် Pilot Projectဖြင့်ဆောင်ရွက်လျက်ရှိသည့် Biometric data များကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကာ အချက်အလက်များ မှန်ကန်မြန်ဆန်စွာဖြည့်သွင်းစေရေးနှင့်စနစ်တကျမှတ်တမ်းထားဆောင်ရွက်စေရေး မှာကြားခဲ့သည်။


Read More...
10-Mar-2023
၁၃၈၄ခုနှစ်၊ ဧရာဝတီတိုင်း‌ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
၁၃၈၄ခုနှစ်၊ဧရာဝတီတိုင်း‌ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ ၁၃၈၄ခုနှစ်၊မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက၊တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် မဟာသင်္ကြန်ပွဲ‌တော် ကျင်းပရေးဦးစီးကော်မတီ များနှင့် လုပ်ငန်းကော်မတီများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးမြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးနာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက“၁၃၈၄ခုနှစ်၊ ဧရာဝတီတိုင်း‌ဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများအလိုက် တာဝန်ယူဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ယခင်နှစ်က ကျင်းပခဲ့သည့် အားသာချက်များအားနမူနာယူ၍ အားနည်းချက်များကိုလည်း ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ပြည်သူများ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ကမ်းနားလမ်းတလျှောက်ကျင်းပနိုင်ရေးပြင်ဆင်ဆောင်ရွက်ရန်လည်းလိုပါကြောင်း၊ ပြည်သူများအန္တရာယ်ကင်းစွာ ရေကစားနိုင်ရေး ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် လုံခြုံရေးကိစ္စရပ်များကိုလည်း အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ယိမ်းအဖွဲ့များ၊‌ဖျော်ဖြေရေးအဖွဲ့များအား ပြင်ဆင်မှုကောင်းကောင်းဖြင့်   ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေနိုင်ရေး အစီအမံများချမှတ်ဆောင်ရွက်ရန်လိုပါကြောင်း၊ အသံပိုင်းဆိုင်ရာနှင့် မဏ္ဍပ်တည်ဆောက်မှုတွင်လည်း ယခင်နှစ်အားနည်းချက်များအား ပြုပြင်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ပြည်သူများ‌အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေးအတွက် ရေစုဆောင်းမှု၊သိုလှောင်မှု၊ သုံးစွဲမှုများအား အစီအမံများချမှတ်ဆောင်ရွက်ရန်လိုပါကြောင်း၊မဟာသင်္ကြန်ပွဲ‌တော် ကျင်းပနေစဉ်ကာလအတွင်း ရိုက်ကူးရေးကိစ္စများကိုလည်း ကြိုတင်ပြင်ဆင် အချိန်မီဆောင်ရွက်ရန်လိုပါကြောင်း၊ယိမ်းပြိုင်ပွဲဝင်များအနေဖြင့်လည်း မိမိတို့၏ ကိုယ်ပိုင်ရေး/ဆိုတေးသီချင်းများဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ရန်လည်းလိုပါကြောင်း၊မဟာင်္ကြန်ပွဲတော်အား သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် မှတ်တမ်းမှတ်ရာများ ကျန်ရှိစေရေးအတွက် ယခင်နှစ်အတွေ့အကြုံများနှင့် အကြံပြုချက်များအား ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း”အဖွင့်အမှာစကားများပြောကြားသည်။ ထို့နောက် မဟာသင်္ကြန်ပွဲ‌တော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးက ဦးစီးကော်မတီလုပ်ငန်းကော်မတီများဖွဲ့စည်းထားရှိမှုများနှင့် ယခင်နှစ်တွင် ကျင်းပခဲ့သည့် မဟာသင်္ကြန်ပွဲတော်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ဗဟိုမဏ္ဍပ်တည်ဆောက်ရေးလုပ်ငန်းကော်မတီ၊လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ၊ယိမ်းပြိုင်ပွဲနှင့်ဖျော်ဖြေရေးလုပ်ငန်းကော်မတီ၊ ပရိတ်တရားနာနှင့် ဘေးမဲ့ငါးလွှတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊သက်ကြီးပူဇော်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ၊ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းကော်မတီ၊စာရင်းစစ်ဆေးရေးကော်မတီ၊သတင်း၊ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီ၊ပို့ဆောင်ရေးလုပ်ငန်းကော်မတီများက ကော်မတီအလိုက် ဆောင်ရွက်မည့် အစီအမံများနှင့်အထွေ‌ထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


Read More...
10-Mar-2023
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများအားလှည့်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်း၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ မတ်လ ၈ ရက်နေ့ညနေပိုင်းတွင် ပုသိမ်မြို့၊ အမှတ်(၆)ရပ်ကွက်ရှိ၊ ငွေကျား  ဆီကြိတ်စက်လုပ်ငန်းသို့ နေကြာဆီ ကြိတ်ခွဲထုတ်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဆီကြိတ်စက်ပိုင်ရှင်မှ နေကြာကုန်ကြမ်းရရှိမှု၊ ကြိတ်ခွဲထုတ်လုပ်မှုနှင့် နေကြာဆီဒေသတွင်းဖြန့်ဖြူးမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် နေကြာသီးနှံအားတိုးချဲ့စိုက်ပျိုးထားရှိကြောင်း၊ နေကြာရိတ်သိမ်းနေချိန်ဖြစ်၍ ကုန်ကြမ်းများပိုမိုထွက်ရှိလာမှာဖြစ်ကြောင်း၊ သန့်ရှင်းလတ့ဆက်ပြီးကျန်းမာရေးနှင့်ညီညွတ်သည့် နေကြာဆီများထုတ်လုပ်နိုင်ရေးနှင့် အဆင့်မီဆီကြိတ်စက်များနှင့် နေကြာဆီများပိုမိုထုတ်လုပ်နိုင်ရေးမှာကြားခဲ့သည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပြည်သူ့အကျိုးပြုဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုဖြေဆိုနေမှုများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ညောင်တုန်းမြို့ နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါးစိုက်ဧက( ၁၂၄၀၀)အား ဝယ်ယူကြိတ်ခွဲသူအစု အဖွဲ့အနေဖြင့် ဆောင်ရွက်သည့်ညောင်တုန်းမြို့၊ ခွန်အားဆန်စက်သို့ သွားရောက်၍ တောင်သူများမှ ဆန်စက်သို့ နွေးစပါးများပြန်လည်ပေးသွင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး နွေးစပါးအထွက်တိုးမှုအခြေအနေများ၊ သွင်းအားစုထောက်ပံ့ငွေများပြန်လည်ပေးသွင်းမှုအခြေအနေများမေးမြန်းဆွေးနွေးခဲ့ပြီး တစ်သီးစိုက်မှနှစ်သီးစိုက်၊ နှစ်သီးစိုက်မှသုံးသီးစိုက်သို့ တိုးမြှင့်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးကြိုးစားဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဆန်စပါးကြိတ်ခွဲနေမှုများလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ အရည်အသွေးမြင့် ဆန်များကြိတ်ခွဲထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်များသို့ပါ တင်ပို့ရောင်းချနိုင်ရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ဒေသ(၂)မှ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ညောင်တုန်းမြို့၊အမှတ်(၃)ရပ်ကွက်၊  (၁၄)လမ်းနှင့်(၁၆)လမ်းကြား မြစ်ကမ်းပါးနိမ့်ကျရေးကာကွယ်ရေးလုပ်ငန်း အလျား (၈၀၀)ပေ တည်ဆောက်ရေးလုပ်ငန်းခွင်အားကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် မိုးမကျမီအချိန်မီပြီးစေရေး၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးနှင့် ရေရှည်တည်တံ့စေရေး အလေးထားလိုက်နာဆောင်ရွက်ရန် မှာကြားခဲ့သည်။  ထို့နောက် ညောင်တုန်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအား စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်းကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊လုံခြုံရေးကိစ္စရပ် များအထူးဂရုပြုဆောင်ရွက်ရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။


Read More...
09-Mar-2023
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတက်ရောက်
အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားအား ပုသိမ်မြို့၊ဧရာရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“၁၉၇၅ခုနှစ်မှစတင်၍  မတ်လ(၈)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အဖြစ်သတ်မှတ်ပြီး အမျိုးသမီးများ၏ အခွင့်အရေးရရှိစေရန်အတွက် အဓိကလှုံ့ဆော် ဆောင်ရွက်ခဲ့သည်မှာ ယနေ့အထိဖြစ်ပါကြောင်း၊အမျိုးသမီးများသည်  ဉာဏအား၊ စိတ်ဓာတ်စွမ်းအား၊ ဇွဲ၊ လုံ့လ စွမ်းရည် ရှိကြသူများအဖြစ် တွေ့မြင်နေရပါကြောင်း၊ နှလုံးရည် ပြည့်ဝသူ၊ စိတ်ဓါတ် ကြံ့ခိုင်သူများဖြစ်အောင် ကြိုးစားအားထုတ်ကြရင်းဖြင့်  ခေတ်မီနည်းပညာများလေ့လာကာ  အမျိုးသမီးများ၏ စွမ်းဆောင်ရည် ပိုမိုတိုးတက် မြင့်မားလာအောင်ကြိုးစားကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊အမျိုးသမီးများ၏ အခန်းကဏ္ဍကိုမြှင့်တင်ဖို့ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကျင်းပရာမှာ နှစ်စဉ်ဆောင်ပုဒ် တစ်ခုသတ်မှတ်ထုတ်ပြန်လေ့ရှိပြီး ယခုနှစ်အတွက်ဆောင်ပုဒ်မှာ “ကျား ၊ မတန်းတူ ညီမျှဖို့နည်းပညာနဲ့ဆန်းသစ်စို့ " ဖြစ်ပါကြောင်း၊ ကျား၊ မ တန်းတူ ညီမျှမှု ဖြစ်ပေါ်စေရေးအတွက် အမျိုးသမီးများ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုပေါင်းသင်းဆက်ဆံရေးများ၌  အပြည့်အဝ ပါဝင်ခွင့်ရရှိဖို့ နည်းပညာ ဆန်းသစ်တီထွင်မှုများကို လက်လှမ်းမီရရှိဖို့ လိုအပ်ပြီး အမျိုးသမီး သက်ကြီး၊ သက်လတ်၊ သက်ငယ် အားလုံးမည်သူ့မျှနောက်ချန်မကျန်ရစ်ခဲ့ရန်ဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်း၊ ကျား၊မတန်းတူးတူ ညီမျှမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုပါကြောင်း၊ မြန်မာနိုင်ငံ၌ အမျိုးသမီးအခန်းကဏ္ဍကို အလေးထားလုပ် ဆောင်လျက်ရှိပြီး အမျိုးသားနည်းတူ တန်းတူအခွင့်အရေးပေးထားပါကြောင်း၊ အမျိုးသမီးများ၏ စွမ်းရည်မြှင့်တင်ပေးခြင်းသည် နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ကုန်ထုတ်စွမ်းအားများ တိုးတက်မြင့်မားလာမှာဖြစ်ပါ‌ကြောင်း၊ မြန်မာ့သမိုင်းစဉ်တစ်လျှောက်အမျိုးသမီးများသည်အမျိုးသားများနှင့်  ရင်ပေါင်တန်းပြီး ခေတ်၊ စနစ်တွေကို တုန့်ပြန်ရင်ဆိုင်ခဲ့ကြသူတွေဖြစ်ပါကြောင်း၊ အ မျိုးသမီးများမှာ ဉာဏ်ပညာပြည့်စုံမှု၊ ခေါင်းဆောင်မှု အရည်အသွေး စွမ်းအားကြီးမှု၊ နူးညံ့သိမ်မွေ့မှု၊ လှပယဉ်ကျေးမှု၊လိမ္မာပါးနပ်မှု၊ တရားမျှတမှု၊ ဆင်ခြင်တုံတရား ရှိမှုစတဲ့ ဝိသေသလက္ခဏာတွေ ကိုယ်စီရှိကြပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့သည် ကမ္ဘာတဝန်းရှိ အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ အောင်မြင်မှုများကို ဂုဏ်ပြုသည့်နေ့တစ်နေ့ဖြစ်သည့်အတွက် နယ်ပယ်စုံ၊ ကဏ္ဍစုံမှာ သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းဆောင်ရည်ကို အတတ်နိုင်ဆုံး မြှင့်တင်ပေးပြီး ကျား၊မ တန်းတူညီမျှမှုရရှိဖို့ ဆောင်ရွက် ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း”အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား လူမှုရေးရာဝန်ကြီးက ဖတ်ကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အပြည်ပြည်ဆိုင် ရာအမျိုးသမီးများနေ့ အသိပညာပေး Video Clip ပြသမှုအား ကြည့်ရှုအားပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခန်းမအတွင်းခင်းကျင်းထားရှိသည့် အမျိုးသမီးများ၏လက်မှုထုတ်ကုန်ပစ္စည်းများနှင့် ဒေသထွက်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


Read More...
08-Mar-2023