သတင်းများ


တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား/ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုနေကြသည့်ကျောင်းသား၊ကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ ဆေးရုံတက်ရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့်ကျောင်းသူတစ်ဦးအား‌ သွားရောက်တွေ့ဆုံအားပေးစကားများပြောကြားခဲ့သည်။ ယင်းနောက် ပုသိမ်ပြည်သူ့ဆေးရုံကြီး၌ အပတ်စဉ် ဗုဒ္ဓဟူးနေ့များတွင် အရိုး၊ အကြောအဆစ်နှင့်ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး၊ ခွဲစိတ်နှင့် မျက်စိပြင်ပလူနာများအား အထူးကုဆရာဝန်ကြီးများက ကြည့်ရှုစစ်ဆေးကုသပေးလျက်ရှိရာ လာရောက်၍ဆေးကုသမှုခံယူလျက်ရှိကြသည့် လူနာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး ဆေးရုံအထောက်အကူပြုဆေးဆိုင်အားကြည့်ရှုစစ်ဆေးခဲ့ကာ လူနာများလိုအပ်မည့် ဆေးဝါးနှင့် ဆေးပစ္စည်းများပြည့်စုံအောင်ထားရှိဆောင်ရွက်ရန်နှင့် အမှိုက်များစနစ်တကျစွန့်ပစ်စေရေးအတွက်  အမှိုက်ပုံးများစနစ်တကျထားရှိရန်နှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေးဆောင်ရွက်ရန် မှာကြားခဲ့သည်။ ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုနေကြသည့်ကျောင်းသား၊ကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ အမှတ်(၄)စစ်မြေပြင်ဆေးတပ်ရင်းတွင် ဆေးရုံတက်ရောက်ကုသ၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားတစ်ဦးအား တွေ့ဆုံအားပေးခဲ့ပြီးအမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၈) အခြေခံပညာအထက်တန်း ကျောင်းများသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့သို့ စာစစ်ဌာနများအားလှည့်လည်ကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှကျောင်းသား၊ကျောင်းသူများစိတ်အေးချမ်းသာစွာစာမေးပွဲဖြေဆိုနိုင်ရေးကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝပေးနိုင်ရေး၊လုံခြုံရေးကိစ္စရပ် များအထူးဂရုပြုဆောင်ရွက်ရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပပြီးစီးနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား စာစစ်ဌာန (၂၀၇)ခုတွင် ဇီဝဗေဒဘာသာရပ်ဖြေဆိုသူ (၁၉၂၀)ဦးနှင့် ဘောဂဗေဒဘာသာရပ်ဖြေဆိုသူ (၁၈၁၂၈)ဦး ဝင်ရောက်ဖြေဆိုကြောင်းသိရသည်။


Read More...
15-Mar-2023
ကွန်ကရစ်လမ်းခင်းခြင်း၊ Colour Brick ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး
ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည့် ပုသိမ်တက္ကသိုလ်အဝင်မုခ်ဦးမှ ငါးအောက်ချောင်းအထိ အလျား(၆၁၀‌)ပေ၊ အကျယ် (၈)ပေအား ကွန်ကရစ်ခင်းခြင်း၊ Colour Brick ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား/ကျောင်းသူများအေးချမ်းစွာဖြေဆိုနေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ်အဝင်မုခ်ဦးမှ ငါးအောက်ချောင်းအထိ အလျား(၆၁၀‌)ပေ၊အကျယ်( ၈)ပေ အားကွန်ကရစ်ခင်းခြင်း၊ Colour Brick ခင်းခြင်းနှင့် လက်ယန်းတပ်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စနစ်တကျနှင့်အချိန်မီပြီးစီးစေရေးနှင့် ပုသိမ်တက္ကသိုလ်မုဒ်ဦးရှေ့မှ အင်ကြင်းဆောင်ရှေ့အထိ  အလျား ၁၇၀၀ပေ×အကျယ်၈ပေကွန်ကရစ်လူသွားလမ်းအား ရေရှည်ခိုင်ခံ့စေရေးနှင့် ပန်းအလှပင်များနှင့် မြက်ပင်များစိုက်ပျိုးနေမှုများ သန့်ရှင်းသပ်ရပ်စွာ စနစ်တကျစိုက်ပျိုးထားရှိရေးနှင့် စိမ်းလန်းသာယာမှုရှိစေရေးတို့အား မှာကြားခဲ့သည်။


Read More...
15-Mar-2023
ကျောင်းကုန်းမြို့ မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးပရဝဏ်အတွင်းအလှူရှင်များ၏ ကောင်းမှုဖြင့်ဆောက်လုပ်လှူဒါန်းပြီးစီးသော ဓမ္မသဟာယမဉ္ဇရီ သာသနာ့ဗိမာန်တော်ကြီးကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့ အမှတ်(၂)ရပ်ကွက်အတွင်း ကိန်းဝပ်စံပါယ်တော်မူသော မြို့၏ကျက်သရေဆောင် သမိုင်းဝင်မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးပရဝဏ်အတွင်းအလှူရှင်များ၏ ကောင်းမှုဖြင့်ဆောက်လုပ်လှူဒါန်းပြီးစီးသော ဓမ္မသဟာယမဉ္ဇရီ ဗိမာန်တော်ကြီး ကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊တိုင်း‌ဒေသကြီးဥပဒေချုပ်၊ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့်ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သမိုင်းဝင်မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးအား ပန်း၊ရေချမ်း၊ဆီမီးတို့ဖြင့် ကပ်လှူပူဇော်ခဲ့ပြီး ဘုရားကြီးအားလှည့်လည်ဖူးမြော်ကြည်ညိုခဲ့ကာ ဘုရားကြီးကိန်းဝပ်တော်မူရာ တံကဲတော်ကြီးအား ရှေးလက်ရာမပျက်ရေရှည်တည်တံ့စေရေး၊ လျှပ်စစ်မီးစနစ်တကျသုံးစွဲရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်တာဝန်ရှိသူများအား မှာကြားခဲ့သည်။ အဆိုပါ သမိုင်းဝင်မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးသည် သက္ကရာဇ်၁၂၆၇ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ကြပြီး တံကဲတော်ကြီးသည် ကျွန်းသားငါးတုံးတွင်ကနုတ်ပန်း ရုပ်လုံးရုပ်ကြွများဖြင့် အမြင့် ၂၅ပေ ၇လက်မ ထုလုပ်ခဲ့ရာ ဗုဒ္ဓဝင်ဇာတ်ဝင်ခန်း(၁၅)ခန်းထွင်းထုထားရှိပြီးမြန်မာသက္ကရာဇ် ၁၂၆၉ ခုနှစ်တွင်စတင်ထွင်းထုထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။  ယင်းနောက် စစ်ကိုင်းမြို့၊ မဟာသု‌ဗောဓာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသအား ဖူးမြော်ကြည်ညိုခဲ့ကာ သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ဝတ္ထုအစုစုတို့အားလှူဒါန်းပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ‌မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးပရဝဏ်အတွင်းတွင် ပြုလုပ်သည့် ဓမ္မသဟာယမဉ္ဇရီဗိမာန်တော်ကြီးကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအားကျင်းပရာ “နမောတဿ”မဟာပဏာမ ဘုရားရှိခိုးဖြင့် သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး စစ်ကိုင်းမြို့၊မဟာသု‌ဗောဓာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ် တပည့်ဒါယိကာ၊ဒါယိကာမများက (၅)ပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်အရှင်သူမြတ်များရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကိုဆက်လက် နာယူကြည်ညိုခဲ့ကြသည်။ ယင်းနောက်   ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာနန္ဒမာလာဘိဝံသနှင့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ အလှူရှင်များက ဓမ္မပူဇာအလှူငွေများအားလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ် တပည့်ဒါယိကာ၊ဒါယိကာမများက  အနုမောဒနာတရားနာကြား၍ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ ဆုတောင်းအမျှပေးဝေခဲ့ပြီး ဓမ္မသဟာယမဉ္ဇရီ သာသနာ့ဗိမာန်တော်ကြီးကျောင်းလွှတ်ပူဇာ ရေစက်ချအလှူတော် မင်္ဂလာအောင်ပွဲထွဋ်တင် အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်သံပြိုင်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ပြီး  နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့သည်။


Read More...
13-Mar-2023
(၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆီဆုံကုန်း-ကြို့ကုန်းကွန်ကရစ်တံတားသစ်အားတိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် (၇၈)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက၂၀၂၂  -၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံ‌ငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့ပြီး  တံတားအရှည် ၆၀ပေ၊တံတားအကျယ် ၁၄ပေရှိသောဆီဆုံကုန်း-ကြို့ကုန်းကွန်ကရစ်တံတားသစ်အား တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကွန်ကရစ်တံတားသစ်အား လှည့်လည်ကြည့်ရှုဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ အဆိုပါတံတားသည် ဆီဆုံကုန်းကျေးရွာအုပ်စုရှိ ကျေးရွာ ၃ရွာနှင့်ကြို့ကုန်းကျေးရွာအုပ်စုရှိ ကျေးရွာ၃ရွာတို့အားဆက်သွယ်ပေးထားပြီး အိမ်ခြေ ၄၁၃အိမ်နှင့် လူဦးရေ ၂၁၇၀ဦးတို့အတွက် အကျိုးပြုသောတံတားဖြစ်ကာ ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိသည့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာအထောက်အကူပြုနိုင်ဖြစ်မှာဖြစ်ကြောင်းသိရသည်။


Read More...
12-Mar-2023
ရေကြည်မြို့၏ကျက်သရေဆောင် သမိုင်းဝင် ဒီပါရုမ်နောင်တော်ကြီး စေတီတော်မြတ်၏ ထီးတော်တင်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့၏ကျက်သရေဆောင်သမိုင်းဝင်ဒီပါရုမ်နောင်တော်ကြီး စေတီတော်မြတ်၏ ထီးတော်တင်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊တိုင်းဒေသကြီးဥပဒေချုပ်၊ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ ဒီပါရုမ်နောင်တော်ကြီး စေတီတော်မြတ်၏ ထီးတော်တင်ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားအား  နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပူဇော်ခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များသည် တိုင်းသံဃနာယက ဥက္ကဋ္ဌ (မူလဒွါရ)ဒီပါရုမ် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ထံမှ (၅)ပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကိုဆက်လက် နာယူကြည်ညိုခဲ့ကြသည်။ ယင်းနောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်များကို စေတီတော်မြတ်အား လက်ယာရစ်ပူဇော်ကန်တော့၍ ပန်းရထားစင်သို့ ပင့်ဆောင်ခဲ့ပြီး  ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့အား မင်္ဂလာပန်းရထားဖြင့်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ အလှူရှင်ဧည့်ပရိသတ်အပေါင်းတို့နှင့် ထီးတော်တင်အဖွဲ့တို့မှ  တင်လှူပူဇော်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းသံဃနာယက ဥက္ကဋ္ဌ (မူလဒွါရ)ဒီပါရုမ် ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်မှ သံဃာတော်အရှင်သူမြတ်အပေါင်းတို့နှင့်အတူ ဗုဒ္ဓဘိသေကဘုရားအနေကဇာတင် မင်္ဂလာဆင်ယင်ကျင်းခဲ့ပြီးနောက် အကျိုးတော်ဆောင်အဖွဲ့ဝင်တစ်ဦးက အလှူတော်ငွေစာရင်းနှင့် ဝမ်းမြောက်ဖွယ်ရာများအား လျှောက်ထားပူဇော်ခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ဥပဒေချုပ်တို့က  ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ မင်္ဂလာရာမကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ ဆုတောင်းအမျှပေးဝေခဲ့ပြီး ရေစက်ချမင်္ဂလာအခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ပိတ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၃ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော် ( ကမ္မဋ္ဌာန်းနည်းပြတတိယအဆင့်) ရရှိတော်မူသော ရေကြည်မြို့၊ ဗထူးရပ်ကွက်၊ မြစည်မဟာ စည်သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစက္ခဏ အရှင်မြတ်အား ဖူးမြော်ကြည်ညို၍  ဘာသာရေးဆိုင်ရာများလျှောက်ထားတင်ပြခဲ့ပြီး လှူဘွယ်ပစ္စည်းနှင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့သည်။


Read More...
12-Mar-2023