သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ကျုံပျော်မြို့၊ ကုက္ကိုလ်တောကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည့် (၂၇)ကြိမ်မြောက် ပညာရေးစုံညီပွဲတော် အခမ်းအနားသို့ တက်ရောက်
ယခုအခါ နိုင်ငံတော်အတွက် အရည်အချင်း မြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ထွန်းလာစေရေးအတွက် ဒေသအလိုက် လိုအပ်သည့် လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးမြှင့်တင်မှု အစီအစဉ်နှင့် အမျိုးသားပညာရေးမြင့်မားရေး လုပ်ငန်းစဉ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် ပညာသင်နှစ်အတွင်း ကျောင်းသူ/ကျောင်းသားများ၏ ထူးချွန်စွာဆောင်ရွက်ချက်များ၊ အောင်မြင်မှုရလာဒ်များနှင့် ပြောင်းလဲတိုးတက်လာမှုများကို အခြေခံပညာကျောင်းအလိုက် မိဘပြည်သူများအား ထုတ်ဖော်ပြသနိုင်ခြင်းဖြင့် ပညာရေးလုပ်ငန်းများ၌ မိဘပြည်သူများ ပူးပေါင်းပါဝင်မှု ပိုမိုရရှိစေရန် ရည်မျှော်ပြီး ပညာရေးစုံညီပွဲတော်များကို နှစ်စဉ် ဇန်နဝါရီလတွင် အခြေခံပညာကျောင်းများ၌ ကျင်းပလျက် ရှိပါသည်။


Read More...
18-Jan-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်း အကျိုးတူလယ်ယာစနစ်နှင့် အရည်အသွေးပြည့်ဝသော စိုက်ပျိုးရေးသွင်းအားစုများအား အသုံးပြု၍ ဆန်စပါး ထုတ်လုပ်မှုတန်ဖိုး ကွင်းဆင်းမြှင့်တင်ခြင်း အခမ်းအနားသို့ တက်ရောက်
(၁၀.၁.၂၀၁၉)ရက်နေ့၊ နံနက် (၁၀၃၀)နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စွမ်းဟိုတယ်၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အကျိုးတူလယ်ယာစနစ်နှင့် အရည်အသွေးပြည့်ဝသော စိုက်ပျိုးရေးသွင်းအားစုများအား အသုံးပြု၍ ဆန်စပါး ထုတ်လုပ်မှုတန်ဖိုး ကွင်းဆင်းမြှင့်တင်ခြင်း အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပြည်ထောင်စုလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးရန်လင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မာစီကော့ (Mercy Crops) မှ (Country Diector) Mr. Leo Roozendoal ၊ အသက်မွေးဝမ်းကြောင်းနှင့်


Read More...
10-Jan-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၊ ရုံးအဆောက်အဦသစ်ဖွင့်ပွဲသို့တက်ရောက်
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ဥပဒေနှင့်အညီ အပြည့်အဝရရှိခံစားနိုင်စေရန်၊ သမိုင်းနှင့်ရှေးဟောင်း အမွေအနှစ်များကို စူးစမ်းရှာဖွေ ဖော်ထုတ်ရန်နှင့် ထိန်းသိမ်း စောင့်ရှောက်ရန်၊ တိုင်းရင်းသားလူမျိုး များ၏ လူမှုဘဝမြင့်မားရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့် လုပ်ငန်းများ ဘက်စုံဖွံဖြိုးတိုးတက်စေရန်နှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်၊ တိုင်းရင်းသားအချင်းချင်း သို့မဟုတ် တိုင်းရင်းသား လူမျိုးများအကြား ဖြစ်ပွားသည့် အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းရန်၊ လူနည်းစုဖြစ်သော၊ ကွယ်ပျောက်လု


Read More...
10-Jan-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနနှင့် ကရင်စာပေယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းကျင်းပသော (၂၇၅၈)နှစ်မြောက်ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် ကရင်ရိုးရာ ကောက်သစ်စားပွဲအခမ်းအနားသို့ တက်ရောက်
နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စုကြီးငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ အပစ်အခတ်ရပ်စဲရေး (၂၁)ရာစု ပင်လုံညီလာခံကြီးကိုလည်း တတိယအကြိမ်မြောက် အောင်မြင်စွာကျင်းပခဲ့ပြီးဖြစ်ပါသည်။ တိုင်းဒေသကြီးအတွင်းတွင်လည်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စုစည်းနေထိုင်လျက်ရှိရာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုခိုင်မြဲရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၆.၁.၂၀၁၉)ရက်နေ့၊


Read More...
10-Jan-2019
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၁၈ - ၂၀၁၉ ခုနှစ် ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် အခြေခံပညာကျောင်းပေါင်းစုံ ကာယစွမ်းရည်ဖော်ထုတ်ပွဲဖွင့်ပွဲသို့ တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၅.၁.၂၀၁၉)ရက်နေ့တွင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၁၈ - ၂၀၁၉ ခုနှစ် ပညာသင်နှစ် ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် အခြေခံပညာကျောင်းပေါင်းစုံ ကာယစွမ်းရည်ဖော်ထုတ်ပွဲဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။


Read More...
10-Jan-2019